(ပြန်မလာတော့ဘူးပေါ့ သေချာ ဆုံးဖြတ်ပြီးခဲ့ရင်
ငါမကျေနပ်ဘူးပေါ့ ပြန်လည်မုန်းလဲ မမုန်းရက်ပါ
နင်မရှိတဲ့ ဘဝမှာရှင်သန်စရာ မရှိတော့ဘူး
ကြေကွဲပြီးနေ့စဉ်လူတကာ အလည်အသက်မရှင်ဘူး
ပျော်ပါစေချစ်သူ ငါဟာလမ်းပျောက်ခဲ့သူပါ
သံသရာမှာနောက်တစ်ခေါက် မကြုံခင်ရှုံးနိမ့်ခဲ့သူပါ)
Rap(လေယာဉ်ပျံတီထွင်ခဲ့တဲ့ သူတွေကိုလဲမုန်းတယ်
တစ်ချိန်ချိန်မှာ အမေခေါ်ရမယ့် အန်တီကိုလဲမုန်းတယ်
မင်္ဂလာဒုံလေဆိပ်က ခုံတွေကိုလဲမုန်းတယ်
ပြန်လာမယ်ပုံပြောခဲ့တဲ့ ကြင်နာသူလဲမုန်းတယ်
လေယာဉ်ပျံကိုမုန်းရတာ လေယာဉ်ပျံကခေါ်ဆောင်သွား
ဟိုအန်တီကိုမုန်းရတာ သူစီစဉ်တဲ့ရေမြေခြား
လေဆိပ်ကခုံတွေကတော့ ငါ့မျက်ရည်တွက်သက်သေ
ကြင်နာသူလေးမင်းဘဝအတွက် ဆုံးဖြတ်ချက်ကဖျက်နေ
ရက်တွေထပ်နေပြီး တစ်ညနေပြီးတစ်ညနေ
လက်တွေချိုးရေပြီး အလွမ်းတွေနဲ့မနက်တွေ
ငါ့ဘဝအတွက် မင်းမရှိရင် အချစ်မရှိတာမင်းမသိ
တခြားတစ်ရက် တခြားတစ်ယောက်သံသယတွေပွားမိ
ဗုဒ္ဓအဆုံးအမက ကိလေသာကဒုက္ခ
အခုမှတရားမှတ်လဲ ပါရမီကနည်းပါး
လွဲမှားတဲ့ငါ့ပုစ္ဆာအတွက် မသိကိန်းကမင်းလေး
ပြောင်းပြန်အချိုးကျတော့ ညီမျှခြင်းက အလှမ်းဝေး
အမှတ်တရလိုချင်ခဲ့သူ ပညာနဲ့ဥစ္စာ
တခြားမှာ ရှာဖွေရမှ ပြန်လာမယ်ဟုတ်လား)Rap
( )
Rap(ချစ်သူ တစ်ချက်အသိ အနေဝေးတော့သွေးအေးသတဲ့
မင်းအသက်ကအခုမှ နှစ်ဆယ်ပတ်လည် ကလေးလေးပဲ
ငါ့ကိုလွမ်းတာနောက်ဘယ်လောက်ကြာ မင်းရင်ထဲမှာရှိမလဲ
ဝေးနေခြားမှ နီးစပ်သွား ဖြစ်လာခဲ့ရင်ဘယ်လိုလဲ
တည်ငြိမ်မှုဆိုတာက ငါ့တို့အရွယ်အတွက်လက္ခဏာ
ရင်ခုန်မှုဆိုတာက မင်းတို့အရွယ်တွက်ပြသာနာ
တစ်ယောက်တည်း အဖော်မဲ့ပြီး အထီးကျန်နေမယ်မင်းအတွက်
အကြင်နာအပြည့် ကူညီမယ့် ငါ့လိုလူများရှိမယ်
ဒီလိုအရေး ဒီလိုတွေးလို့ ငါရိုင်းသွားရင်ခွင့်လွှတ်
သဝန်တိုဆဲ အရင်လိုပဲဒါလဲမင်းကိုချစ်လို့)Rap
( )
ပြန်လာပါချစ်သူ ငါဟာမင်းမရှိမဖြစ်သူပါ
အရင်အချိန်လို တို့တွေအကြင်နာနွေးထွေးရအောင်ပါ
ifile link
SHAREBEE
MEDIAFIRE
FILEDEN
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...