အပျက်မ

ဒါကတော့


သားကြီး

တို့အဖွဲ့

Black Hole

တို့ဆိုထားတဲ့သီချင်းပါ

ခံစားချက်ပါတဲ့လေသံမျိုးနဲ့ဆိုထားတာ

ရသ

ရဲ့

နေ့မအိပ်ညမအိပ်

သီချင်းလေးကို တောင်သတိရစေတယ်ဗျာ




'မ'မျက်နှာအေးအေးလေးက အပြုံးတွေနွေးထွေးခဲ့
'မ' နဲ့ကျွန်တော် တစ်ဖြည်းဖြည်းနဲ့ ဝေးကွာ
ကျွန်တော့်စိတ်ထဲ ဆွေးမြေ့ခဲ့အတွေးမှာ
'မ'ကအချိန်တိုင်းကို စိုးမိုးလို့
အိပ်မက်ထဲမှာတောင် ထွေးပွေ့ခဲ့သေးတာ
စွဲလမ်းလို့ 'မ'ကိုမတွေ့တွေ့အောင်ရှာ
'မ'တို့ ရပ်ကွက်လမ်းထိပ်နားမှာ စောင့်ရင်း
တဖြည်းဖြည်းမှောင်လာ ဇွဲမလျော့ပါ
ကျွန်တော်က အတွေးကလေးကြောင်ကာ
သခင်ပြန်လာရာမျှော်နေတဲ့ ခွေးကလေးတစ်ကောင်ပမာ
ဝေးဝေးရှောင်ကာ ကျွန်တော့်ကိုမြင်ရင်
ခေါင်းငုံ့ပြီးမျက်လွှာချ အသက်ကွာဟလို့လား
ကျွန်တော့်အချစ်က တစ်သက်ထာဝရပါ 'မ'ရယ်
အကြင်နာတွေ လက်ခါပြမလို့လား
လက်ခါပြမလို့လား

ဇိမ်ခံကားတစ်စီးပေါ် ကြွကြွလေးတက်သွားတဲ့ 'မ'
'မ'တို့ရပ်ကွက်ထဲမှာ 'မ'အကြောင်းတွေမှတ်သားခဲ့ရ
ရင်ဘတ်ထဲက မျှော်လင့်ချက်တွေ ပျက်သွားတဲ့ည
ဆက်ကြားခဲ့ရတာ ကျွန်တော်သိပ်ချစ်တဲ့ 'မမ' က

(ပျက်နေတဲ့ မိန်းမ အဲဒါပျက်နေတဲ့ မိန်းမ
အဲဒီ့လို 'မ'အကြောင်းကြားရင် မျက်ရည်လဲထိန်းမရ
ပျက်နေတဲ့ မိန်းမ အဲဒါပျက်နေတဲ့ မိန်းမ
လောကဓံ မုန်တိုင်းကြားမှာ ရှက်မနေဘဲ ယိမ်းက) ၂

ကြားရတာ နားဝမှာ ခါးလှတာ အဲဒီ့ပါးစပ်တွေ ခဏပိတ်
ညညအခါ အများကလာ ငှားကြတာ အဲဒီ့ရက်တွေ ညမအိပ်
ကြွရွကာ မလှပါ ဘ၀ကနာ ကြာတော့ မျက်ရည်ကတိတ်
ခယကာ ရသမျှရှာ ငွေနဲ့ပေါက်ပြီးတော့ လက်တွေခဏချိတ်
ဘ၀စိတ် အချိန်တွေအကုန် ဒီအမှောင်တွေထဲမှာ နစ်မွန်း
ဒီအလုပ်နဲ့ ပိုက်ဆံရှာရင်း အခုချိန်ထိ ဘာမှလဲမဖြစ်ထွန်း
'မ'ဘ၀ကို ဒီလိုဘဲ ညစ်တွန်းတွန်းဖို့ ဆုံးဖြတ်တာလား
ချစ်လွန်းလို့ပြောတယ် ဒီစကားတွေပြန်ပြီးသုံးသပ်ပါဗျာ
တွေမိတိုင်းငိုရလွန်းလို့ မျက်ရည်တွေလဲ မကျဖြစ်ပါ
ငွေကြေးနဲ့ ပျော်ရွှင်ခဲ့ အဲဒီ့လူတွေရဲ့ ခဏအချစ်မှာ
မိုးလင်းလို့အိမ်ပြန်ရင် မျက်တွင်းကျနေတဲ့ 'မ'မျက်နှာ
့ဖြစ်နိုင်ရင် ဒီအလုပ်တွေကို စွန့်ခွာပြီးတော့ ဘ၀အသစ်ရှာ

(ပျက်နေတဲ့ မိန်းမ အဲဒါပျက်နေတဲ့ မိန်းမ
အဲဒီ့လို 'မ'အကြောင်းကြားရင် မျက်ရည်လဲထိန်းမရ
ပျက်နေတဲ့ မိန်းမ အဲဒါပျက်နေတဲ့ မိန်းမ
လောကဓံ မုန်တိုင်းကြားမှာ ရှက်မနေဘဲ ယိမ်းက) ၂

ကဲပြော ဘယ်သူကမှန်ပြီး ဘယ်သူက မှားသလဲပေါ့
လူတွေက လက်ညှိုးထိုးသလို ဦးနှောက်ထဲက အယူအဆများနဲ့ပေါ့
'မ'နဲ့ ပတ်သက်လာရင် ပတ်သက်လာရင် ပတ်ဝန်းကျင်က
လူတကာ ဟားခဲ့တော့ သူငယ်ချင်းတွေကြားထဲ
မျက်နှာငယ်ခဲ့ ဗျူဟာ နွားပဲပေါ့
မူယာမများနဲ့တော့ 'မ'ကျွန်တော့်ကို မချစ်ရက်တာသိတယ်
'မ'က ကိုယ့်ဘ၀ရဲ့ အားနည်းချက်ကို အပြစ်ဖွဲ့ကာကြည့်မယ်
မျက်ဝန်းတွေကြားမှာ သံယောဇဉ်တွေ ရစ်ပတ်ကာငြိတွယ်
အချိန်ရှိတိုင်း ကျွန်တော့်ရင်ဘတ်ထဲ မလစ်မလပ် 'မ' ရှိတယ်
ညတွေမှာ ကြွားဝါ ဘ၀တွေကွာခြားတာ တစ်ချို့တွေအားနေရာယားကာ
ကျွန်တော့်ကို တားနေကြလားဗျာ စကားတွေကများစွာ ကြားနေရာနားမှာ
လူတွေဟားနေကြလားဗျာ ကျွန်တော် မှားနေလား 'မ'ရာ
အချစ်ကို ခံစားပါ 'မ'ရဲ့အပြစ်ကို ချန်ထားပါ
အပေါင်းအသင်းတွေ ပြက်ရယ်ပြုပြီး မနှစ်မြို့ဟန့်တားလာ
ရင်မှာ တစ်စို့အမှန်တရားသာ အကြင်နာစစ်ဖို့ ရန်များတာ
'မ' နှုတ်ခမ်းလေး နမ်းပရစေ ကျွန်တော်ချစ်ဖို့ချန်ထားပါ

(ပျက်နေတဲ့ မိန်းမ အဲဒါပျက်နေတဲ့ မိန်းမ
အဲဒီ့လို 'မ'အကြောင်းကြားရင် မျက်ရည်လဲထိန်းမရ
ပျက်နေတဲ့ မိန်းမ အဲဒါပျက်နေတဲ့ မိန်းမ
လောကဓံ မုန်တိုင်းကြားမှာ ရှက်မနေဘဲ ယိမ်းက) ၎

"တစ်ယောက်ထဲအားနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရလို့ လူတွေအမြင်မှာ
အမှားဖြစ်နေလား'မ' ရင်ဆိုင်ဖို့အားသစ်တွေမွေးပါ 'မ'အတွက်ဒီရင်ဘတ်က
အမြဲတမ်း သနားအချစ်တွေပေးမှာ






MEDIAFIRE LINK

SHAREBEE LINK

FILEDEN LINK

IFILE LINK

Comments