ငါတို့ နှစ်ယောက် နေ၀င်ချိန်ကို မင်း စောင့်မျှော်မနေပါနဲ့
ရင်ထဲက နင့်နာမည်ကို အရင် လျှောက်အော်နေတာပဲ
ငါမရှိတဲ့ နေ့ရက်တွေဆို မင်း ဘယ်လောက်ပျော်နေမှာလဲ
ညဆိုရင် မင်းနဲ့ မခွဲရဲ (ဟား) အကြောက်တော့သေမှာပဲ
မင်းအရင်က ချစ်တယ်ဆိုတဲ့ ကိုကို ဂျောက်ဂျက် ဟာ
အဲ့ဒီ အချိန်က နင်ကလွဲလို့ အပိုလို မကြိုက်တတ်တာ
ဖုန်းချတိုင်း စကားရင့်သီးတော့ ငိုယိုရှိုက်တတ်လာ
နင်ပြောသလို ငါကနွားပေါ့ နင့်အကောင်လိုတော့ ဟိုလို မနှိုက်တတ်တာ
မနေ့ ကတောင်တွေ့လိုက်သေးတယ် ဘားလမ်းထဲက Tokyo fried ဘက်မှာ
ငါ့မြင်တော့ သူ့ကို နင်က ကျူရှင်ထိကို ကိုကို လိုက်တက်ပါ
ရွဲ့ စောင်းပြီးပြောနေတာများ
ဟုတ်ပါတယ် ဂျောက်ဂျက်ဆိုတာ နင့်အတွက်တော့ မကြိုဆိုထိုက်တဲ့ငါ
နင့်အတွက်ပဲ ငါနွားဖြစ်ဖို့ "ချို "ကိုစိုက်ခဲ့တာ
နောက်ဆုံးတော့ ငါရခဲ့တဲ့ ဂုဏ်ပုဒ်တစ်ခုက ဟိုလိုစိုက်တဲ့လား
ချစ်တာကို "အ" တယ်ထင်လဲ အလွယ်တကူပဲ ပစ်ခွာလို့ရမယ် မထင်နဲ့
နှစ်ကြာလို့ ငါနဲ့ မမြင်လဲ
အချစ်ကမ္ဘာကို စစ်တစ်ရာနဲ့ အနှစ်မပါဘဲ
ဘာနဲ့ ယှဉ်မလဲ ဘာနဲ့ ယှဉ်မလဲ ?
မင်းနဲ့ တို့ရင်မှာဝှက်ကာ ချည်နှောင်ရစ်တွယ်
အနိုင်ယူသွားတော့
မင်းအနမ်းများ
မှိန်ကာ ဖျောက်လိုက်
ဘယ်ဆီလွင့်စင် ငါဝေဆာခဲ့သလား
ငါ့အဖြစ်က ကြမ်းကျွံတာ မြေမျိုတယ်ထင်
ငရဲမီးတံခါးဝ လမ်းစွန်မှာ သေလိုတယ်အရင်
လိုက်ရှာရင်း ရင်မှာဟိုက်နေပြီ ခြေတိုတယ်
အကုန်ပြောတယ် သွားလောက်ပြီ မလွယ်တဲ့မိန်းမလို
ပုံပြောတဲ့ ခါးထောက်ပြီး တကယ်ပဲထိန်းမရလို့
ကုန်တော့မယ်အခြားတစ်ယောက်စီ ဖလှယ်တကယ်ယိမ်းသွားလို့
ဒါတွေက နင့်အတွက်ငါ့ရဲ့ ရူးသွပ်ခဲ့တဲ့ အချစ်သဘောတွေ
အပေါင်းအသင်းတွေ အမြင်ကပ်တဲ့ ရှုံးခဲ့သမျှ အပြစ်ပြောပစေ
ထပ်ပြီးလဲ မမြင်ချင်တော့ဘူး နင်ဆက်တဲ့ Phone ထဲက Missed call တွေ
ဟိုအရင်က လက်တွဲလို့တစ်လှမ်းချင်း လှမ်းလာတဲ့
ငါတို့နှစ်ယောက် ပန်းခင်းလမ်းမှာလဲ
ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ နှုတ်ခမ်းခြင်းနမ်းတာ အမြဲ
ငါ့အတွေးတွေ နင့်ဆီကိုပဲ လွမ်းရင်း အလှမ်းကွာခဲ့
ဘ၀တွေက အရမ်းမကွာပဲ
ပိုက်ဆံကြောင့် နှုတ်ခမ်းတစ်ထွာနဲ့
ဘာကြောင့်များ ဟိုအကောင်ကို ကြွေနေရတာလဲ
နောင်ဆိုရင်နင်တို့ နှစ်ယောက် ငါနေတဲ့ ဗိုလ်တစ်ထောင်ကို ခြေချမလာနဲ့
နင်မက်တာ ပိုက်ဆံဒါပဲသိတယ် Hey!
စကားတွေလဲ အဖတ်မတန်စွာနဲ့ ဆက်ဆံမှာလဲ သိတယ်
မာန်မတက်နဲ့ နင့်အကောင်က ငါစီးတဲ့ ဖိနပ်တစ်ရံစာပဲ ရှိတယ်
မင်းနဲ့ တို့ရင်မှာဝှက်ကာ ချည်နှောင်ရစ်တွယ်
အနိုင်ယူသွားတော့
မင်းအနမ်းများ
မှိန်ကာ ဖျောက်လိုက်
ဘယ်ဆီလွင့်စင် ငါဝေဆာခဲ့သလား
Monday to friday တဲ့
တစ်ရက်လောက်များ တွေ့ခွင့်တောင်းရင် နှုတ်ခမ်းလေးဆူ childplay တဲ့
သူ့အကြိုက်ကို အရင်ကောင်တွေလောက် မကျွမ်းသေးဘူး နှိုင်းသေးတယ်
Sunday ကျ ဖုန်းဆက်တော့ အပြင်မထွက်ဘူး အဖေ နေမကောင်းလို့ တဲ့
နေ့ခင်းကျ တစ်နေကုန်ပျောက် ညနေကျ နေတွေစောင်းတော့
့ဖုန်းပြောတာ ခြေတွေညောင်းလို့တဲ့
အဖေနေမကောင်းတာနဲ့ ခြေတွေညောင်းတာနဲ့ မသက်ဆိုင်ဘူးထင်တာပါပဲ
အမှန်အတိုင်းကို ၀န်ခံတော့ အသေအကျေ ခေါင်းမမာနဲ့
ကျောင်းကအပြန် အိမ်လိုက်ပို့တယ်
ငါထင်တာ ပြန်အဆင်ပြေပြီပေါ့ ငါတကိုယ်လုံး တိမ်တိုက်လိုပဲ ပေါ့ပါးခဲ့ဖူးတယ်
ဒါပေမယ့် ကားပေါ်ကအဆင်း စကားတွေရင့်သီး နှိမ်လိုက်သလိုနဲ့ လျှော်သွားခဲ့ဖူးတယ်
ငါ့ဘ၀မှာ နင့်အပြင်နောက်ထပ်ဘယ်တုန်းကများ အပျော်ထားခဲ့ဖူးသလဲ
ငါ့ရှေ့မှာ နောက်တစ်ယောက်တွဲပြီး ငါ့အချစ်ကို နင်စော်ကားခဲ့ဖူးတယ်
နင့်စကားတွေ ငါ့ရင်ဘက်ထဲမှာ စိုက်နှစ်စူးရင်းသာ
မစဉ်းစားဘဲ မိုက်ပစ်ဖူးနဲ့ ဒီသေတွင်းကို ဒိုက်ပစ်ကူးရင်းငါ
နင့်မှငါ့တကယ် အနိုင်ယူသွားတဲ့ တိုက်စစ်မှုးအစစ်ပါ
မင်းနဲ့ တို့ရင်မှာဝှက်ကာ ချည်နှောင်ရစ်တွယ်
အနိုင်ယူသွားတော့
မင်းအနမ်းများ
မှိန်ကာ ဖျောက်လိုက်
ဘယ်ဆီလွင့်စင် ငါဝေဆာခဲ့သလား
MEDIAFIRE LINK
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...