ရှိပီးသားဆိုပေမဲ့စာသားလေးနဲ့ဆိုတော့ပိုကောင်းတာပေါ့ဗျာ
အိုး .... အို. .
ကဲ ဒီမှာကြည့် အသည်းနာပြီး ဒါနဲ့ငါတို့လဲ လွဲပါပြီ
အရင်က နင်က ဘုရင်မ ထင်တာခဲ့တာလဲ အကုန်လွဲပါပြီ
မျက်နှာလွှဲစရာ မရှိ ငါ့မှာ အရှက်ရခဲ့တာကြည့်
တစ်သက်စာလွဲပါပြီ မှတ်ပါလက်ပြခဲ့ပါသည်
နင်နဲ့ပြဿနာ တတ်တဲ့နေက နင်ညအိမ်ပြန်မအိပ်တာသိတယ်
နင်သွားအိပ်တဲ့ အိမ်ရဲ့ကပ်ရပ် ငါ့သူငယ်ချင်းအိမ်ရှိတယ်
နင်ဘယ်သူနဲ့ ဘာတွေလုပ်ခဲ့သေးလဲ Video Record ရှိတယ်
ငြင်းလဲ ဘယ်အချိန်ကျမှ ဘယ်လိုအိမ်ပြန်လဲ မျက်မြင်ကိုယ်တွေ့ရှိတယ်
ပြောမထွက်ခဲ့ပါဘူး စိတ်တွေရှုပ် ရောယှက်ခဲ့ရသူ
နင့်ကြောင့် မိန်းမအကြောကို တတ်ခဲ့သူလို့လဲ မပြောရက်ခဲ့ပါဘူး
အထက်စီးကရှိတယ် သူနဲ့ ပါးစပ်စီးသွားပြီပဲ
နင့်ကြောင့်ငါတို့နှစ်ယောက်အိမ်မက်တစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွားပြီတဲ့
ဒါကိုငါလဲသိတယ် နင်လဲသိတယ်
လုံးဝနားမလည်နိုင်စရာပဲ
ဘာကြောင့် နီးရက်နဲ့ ဘာကြောင့်ဝေးနေလဲ
ဒါကို ဘုရားပဲသိမှာပဲ
ဒါကိုငါလဲသိတယ် နင်လဲသိတယ်
လုံးဝနားမလည်နိုင်စရာပဲ
ဘာကြောင့် နီးရက်နဲ့ ဘာကြောင့်ဝေးနေလဲ
ဒါကို ဘုရားပဲသိမှာပဲ
ငါလွမ်းတတ်မှန်းသိရက်နဲ့ မင်းထားခဲ့ တခြားတစ်ကောင်ရဲ့ လက်ကိုတွဲလို့မင်းလဲငါ့ကိုထားခဲ့တာပဲ
ပြောမနေပါနဲ့ အိမ်မက်များက မီးလိုလောင်ကျွမ်းဆဲ
ရင်ခွင်တံခါးမှာ အစဉ်သာမင်းပါ ရှင်သန်ခြင်းက မင်း
ဒီတော့ တရေးနိုးတဲ့ညတွေမှာ ပြန်အိပ်လို့မရပါ
ဒီလိုပဲ မှောင်ရိပ်ထဲမှာ အလင်းရောင်ရှာရင်း အချိန်တွေကြာ
ပျားရည်ထက်ကို ချိုသော မင်းရဲ့နှုတ်ခမ်းကပေးခဲ့ အနမ်း
ကြယ်ရောင်များထက် လင်းလက်နေသော မင်းရဲ့အကြည့်ကြောင့် လွမ်း
အရမ်းခမ်းနားလဲ အချစ်အသက်ကြူးကာ မဆန်းပြားခဲ့ အသစ်
အရင်ကလျှောက်ခဲ့ လမ်းများတိုက်စားခဲ့ ကမ်းနားလိုကြမ်းသွားခဲ့ရင်
အနားမှာလေ စကားမှာခြွေ နင်ထွက်သွားလဲ မတားပါဟေ
ရေရှည် နင်ကြောင့်ဘယ်တော့မမျက်ရည်တွေ ထပ်မကြပါစေနဲ့
ဒါကိုငါလဲသိတယ် နင်လဲသိတယ်
လုံးဝနားမလည်နိုင်စရာပဲ
ဘာကြောင့် နီးရက်နဲ့ ဘာကြောင့်ဝေးနေလဲ
ဒါကို ဘုရားပဲသိမှာပဲ
ဒါကိုငါလဲသိတယ် နင်လဲသိတယ်
လုံးဝနားမလည်နိုင်စရာပဲ
ရီ ရေ ..
ဒါကို ဘုရားပဲသိမှာပဲ
မျက်စိနှစ်ဖက်ကို မှိတ်လို့ လောကကြီးကို မေ့ပြီး ချစ်နေဦးမယ်
အရင်က တစ်ယောက်နဲ့ နင်အခုထိ သူက ဖြစ်နေတုန်းပဲ (ဟာ)
ဘာလုပ်လုပ် ခွင့်လွှတ်ပြီးသား လက်ပိုက် ကြည့်နေရုံပဲ
ဘာဖြစ်ဖြစ် စွန့်လွှတ်ပြီး ငါမင်းကို ဆက်တိုက်ချစ်နေဦးမယ်
လည်ပင်းမှာကြိုးလေးတပ်ကာဆွဲတဲ့ နောက်ကို တကောက်ကောက်လိုက်တဲ့ခွေးလို
သူ့မျက်နှာတစ်ချက်ပျက်မှာ ကြောက်တဲ့ အတွေးမျိုးတွေးလို့
အဲ့လို ရက်နဲ့ နေ့တို့မှာ အရှုံးတွေကို ပဲ ဖက်၍
အပြုံးတွေကိုပဲ မက်နေ
ဘယ်နှစ်ယောက်လောက်ရှိနေမှာလဲ ငါ့လို ကတက်တွေ
မတွေ့ဖြစ်တဲ့ရက်တွေမှာ ကြိတ် ကဲ ကဲ လို့ရတယ်
သူ့ အတွက် ကျော်ထွဍ်ဆွေ လောက်ကတော့ ရှစ်ခေါက်ချိုးပြီး အိပ်ထဲ ထည့်လို့ရတယ်
မချစ်တော့ရင်ထားခဲ့
မင်းထားသွားရနေသားပဲ ဘ၀တွေခြားတဲ့ ငါ့အနေအထားနဲ့
ဒါကိုငါလဲသိတယ် နင်လဲသိတယ်
လုံးဝနားမလည်နိုင်စရာပဲ
ဘာကြောင့် နီးရက်နဲ့ ဘာကြောင့်ဝေးနေလဲ
ဒါကို ဘုရားပဲသိမှာပဲ
ဒါကိုငါလဲသိတယ် နင်လဲသိတယ်
လုံးဝနားမလည်နိုင်စရာပဲ
ဘာကြောင့် နီးရက်နဲ့ ဘာကြောင့်ဝေးနေလဲ
ဒါကို ဘုရားပဲသိမှာပဲ
ဘုရားပဲသိမှာပဲ မပြောနဲ့ ခင်ဗျားလဲသိပါတယ်
လူဆိုတာ ဘ၀မှာ တစ်ခေါက်လောက်တော့ မှားခဲ့မိမှာပဲ
ဒါတွေထားလိုက် မင်းနဲ့အတူရှိခဲ့တဲ့ အချိန်တိုင်းေ-ာက်တလွဲ တွေပြန်ကြားမိလားကဲ ဖြေ
တကယ်တမ်း စိတ်ညစ်တိုင်း ခင်ဗျားလို တရားစခန်းမှာ အားထုတ်ဖို့
တရားလဲမရှိပါကွယ်
ဂရုစိုက်မှုကို မလိုချင်ဘူးလို့ တစ်ခါမှ မငြိုငြင်ခဲ့ဘူး
အချိန်ပြည့်မတွေ့ နိုင် ခဲ့တာတော့ ကျုပ်ဘက်က ယိုယွင်းခဲ့မှုတစ်ခု
လုံးဝမလိုချင်ခဲ့ဘူး အနုပညာ အလုပ်ဆိုတာကို အပိုထင်ခဲ့သူ
လမ်းခွဲဖို့ ပြောတဲ့အချိန် အရူးဖြစ်သွားအောင် ငိုချင်ခဲ့
အခုစေ့စပ်တော့မယ်ဆို
သွေးပျက်သွားခဲ့လို့ ဖြစ်နိုင်ရင် ငါတောင်းဆိုချင်တယ် အဝေးထွက်မသွားခဲ့ဖို့
သူ့ထက်ပေးဆပ်တော့မယ်လို့ တွေးမှတ်ပြီးသားဆို
ပြန်ပြီးသတိရပေးပါ တွေ့ ခဲ့တဲ့အချိန်တိုင်း သားစိတ်မယားစိတ်မမွေးခဲ့ဘူးတာကို
ဒါကိုငါလဲသိတယ် နင်လဲသိတယ်
လုံးဝနားမလည်နိုင်စရာပဲ
ဘာကြောင့် နီးရက်နဲ့ ဘာကြောင့်ဝေးနေလဲ
ဒါကို ဘုရားပဲသိမှာပဲ
ဒါကိုငါလဲသိတယ် နင်လဲသိတယ်
လုံးဝနားမလည်နိုင်စရာပဲ
ဘာကြောင့် နီးရက်နဲ့ ဘာကြောင့်ဝေးနေလဲ
ဒါကို ဘုရားပဲသိမှာပဲ
ဂျောက်ဂျက်နဲ့ ကြိုးကြာ၊ Ah Boy နဲ့ စင်ဒီ၊ ကျော်ထွဍ်ဆွေနဲ့ အိမ့်ချစ်၊ ထိန်ဝင်းနဲ့ သိရီဆွေ
ဒီသီချင်းကြောင့် ****** ရင်ထဲထိ ငြိနေ
စောင့်ကြည့်လိုက်ဦး ဒီဇာတ်လမ်းဆက်ရန်ရှိမပြီးသေး
Download Link Here
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...