ဘယ်သူ့ အမှား လဲ


Once upon a time there was a Queen
I love is been in my heart အဲ့အတွက် သီချင်းထိုင်စပ်
ရှိခဲ့တာ ခဏဖျောက်ခဲ့ စိတ်ထဲမှာငြိခဲ့တာ ဘာကြောင့်လဲ
အားလုံးအတိတ်ကရှိခဲ့တာတာကျ ပျောက်ခဲ့
အခုတော့ သိက္ခာမရှိတဲ့ငါ အလကားကောင်တဲ့ မင်းငါ့ကိုထားသွား
နောက် တစ်ခြားတစ်ယောက်နဲ့ ပျော် အောင်မြင်မှုအရှိန်တက်
စိန်နားကပ်နဲ့ ပါးပြောင်လဲ ခဏလောက်ပဲနားထောင်
ငါ့အသံကို မကြားချင်လဲ နင်နားဆင်လှည့် ရင်ထဲရှိတာပြောပြမလို့
မင်းအမပြောသလို ငါက လူကောင်းမဟုတ်ဘူး
ဒါပေမယ့် ကြိုးစားနေဆဲ အချစ်အတွက်ဆို နောက်မဆုတ်ဘူး
အတိတ်က အကျင့်ဆိုး သွေးဆိုးတွေကို ဖောက်ထုတ်ယူ
အချစ်အတွက် အရာရာ စတေးခဲ့သူငါ
ဟို သီချင်းလို မင်းလိုချစ်တဲ့ အချစ်မျိုး မတွေ့ခဲ့ဖူးပါ

(ဟိုတစ်ချိန်အခါက ရည်ရွယ်ခဲ့ဖူးတယ် မျှော်လင့်ချက်များ
လွင့်ထွက်သွားတဲ့ နေ့ရက်တွေထဲ ကျန်တာအားလုံးပုံ အောပြီးချစ်ခဲ့တာဘဲ
ဆုံစည်းခဲ့တာလဲ ဘယ်သူ့အပြစ်တွေလဲပြော)၂

ဘာကြောင့်ပြောထွက်ခဲ့တာလဲ ငါကနင့်ဘ၀ပါလို့
နင်ဘဲ အစကတစ်မျိုး အခုတော့ ငါ့ဘ၀ထဲက နင်ထွက်ခွာသွားတာကို
မြင်လျှက်နဲ့ မတားခဲ့တာ စိတ်ဆင်းရဲသွားမှာစိုးလို့
သိခဲ့တာပဲ တစ်နေ့နေ့ကျရင် နင်ဖြတ်သွားမှာကို
ငါ့မှာဆို သူဖုန်းဆက်ရင် မအားတာမျိုး ဖြစ်ရင်စိတ်ဆိုးသွားမှာလို့
တွေးလို့ပူပြီး မရမကကို ဖုန်းတွေချခိုင်း အိမ်နဲ့ရန်ဖြစ်ရတာမျိုး
တစ်ခေါက်မဟုတ်ဘူး အခါခါမို့
ဖုန်းမလာလို့ ဆက်ကြည့်တော့လဲ သူ့ဖုန်းလုံးဝမအားတာကို
အားနာဖို့လဲ ထားပါလို့ ငါ့အချစ်ကို ငါအားနာလို့
အရာရာပုံအပ်ချစ်ခဲ့အမျှလဲ ဒီတစ်ခါထဲနဲ့ သွားတာမို့
ဒီရင်ဝမှာဆို့တဲ့ မွန်းကြပ်မှုကို ရီချင်ကြတာမို့
ငါ့ကို မဖြတ်ခင် ရန်ကုန်ကနေအပြီး ထွက်သွားတာကိုး

(ဟိုတစ်ချိန်အခါက ရည်ရွယ်ခဲ့ဖူးတယ် မျှော်လင့်ချက်များ
လွင့်ထွက်သွားတဲ့ နေ့ရက်တွေထဲ ကျန်တာအားလုံးပုံ အောပြီးချစ်ခဲ့တာဘဲ
ဆုံစည်းခဲ့တာလဲ ဘယ်သူ့အပြစ်တွေလဲပြော)၂

မင်း ရန်ကုန်မှာလာ မနေနိုင်သလို
ငါလဲ တာချီလိတ်မလာပေးနိုင်ဘူး
ဘ၀နဲ့ ဂီတ ဒါလေးပဲပိုင်သူ
မင်းကိုလဲ ဘာကြောင့်မှ အထာတွေမကိုင်ဘူး
သိတဲ့အတိုင်းဘဲ hip hop ဆိုတာက ဒါငါ့ရဲ့ဘဝ
ငါ့နေထိုင်မှု မအားတဲ့ကြားက မင်းအတွက်သီချင်းစပ်
ဒီအခွေနဲ့ဘဲ စာရေးလိုက်သူ မင်းအရင် သတင်းကြားရင်
ငါ့မှာ မငြင်းခင်တင်နေတာ
မခံမရပ်နိုင် ဘယ်သူနဲ့ ဘာတွေဘဲဖြစ်ဖြစ် မဟုတ်လောက်ပါဘူးလို့
ခုခံငြင်းရင် မင်းသတင်းအတင်းအဖျင်း နားထဲမှာ မကြားရဲ
စိတ်ထဲမှာ တထင့်ထင့် ကင်းကင်းရှင်ရှင်း ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့
အတိတ်ကသတင်းစစ်ရင်လဲ မကောင်းဘူး
တစ်နေ့နေ့ မသိချင်ယောင် ငါဆောင်ပါသေးတယ်
ရှောင်ကာပြေးတဲ့ကြားက တစ်ဖ၀ါးမှမခွာဘဲ
အနားနား ဒီသတင်းစကားများ မကြားတကြားရောက်လာသေးတယ်
ပတ်သက်ခဲ့သမျှ နာစရာကြီးဘဲ ဂရုမစိုက်ခဲ့တာ ဒါငါသိတယ်
မင်းကလွဲပြီး ဘာညာမရှိခဲ့ မင်းဘက်ကို ငါအခါခါကြည့်တယ်
ငါ့ဘက်က နားကြည့်ခဲ့တာ ငါသာသိတယ် အထင်မသေးရက်ဘူး
အကြောင်းကြောင်းကြောင့် ဖုန်းတစ်ချက်မအားတောင်
ဆုံးဖြတ်မှားလောက်အောင် ရင်လေးတတ်ခဲ့သူ
ဘေးက အမြဲဖေးမပေးခဲ့တယ် ဒါတောင်အကောင်းတစ်ချက်မမြင်ပေးရက်ခဲ့ဘူး
လူတစ်ယောက်ကိုလဲ အောက်ကျနောက်ကျ
ချစ်တတ်အောင်လဲ နင်သင်ပေးရက်ခဲ့သူ

(ဟိုတစ်ချိန်အခါက ရည်ရွယ်ခဲ့ဖူးတယ် မျှော်လင့်ချက်များ
လွင့်ထွက်သွားတဲ့ နေ့ရက်တွေထဲ.... ဆုံစည်းခဲ့တာလဲ ဘယ်သူ့အပြစ်တွေလဲပြော)၂




MEDIAFIRE LINK
MULTIUPLOAD LINK

Comments