GHETTO SUPERSTAR

Everybody call me gangster Rapper
But they don't know me I'm ghetto superstar

မင်းကိုယ်မင်း Third generation မှာ first သဏ္ဍန်တွေးခြင်းဟာ
ရှက်သင့်တဲ့ ပါးစပ်အံထွေးခြင်းက
အကောင်းဆုံးပဲ မင်းချစ်တဲ့ အသက်ပြန်တွေးရင်းသာ
စင်ပေါ်မှာကျွံထားတဲ့ စကား လက်ကျန်လေးရှင်းသွား
မနက်ဖြန်တွေးစဉ်းစား
နောက်ဆိုရင် စင်ပေါ်တက် စင်အောက်က သေနတ်သံလေး မင်းလာမင်းကြားကြည့်
မင်းဦးနှောက်က တစ်ဆယ်မပြည့်တဲ့ ကျပ်တန်လေးစဉ်းစား
ရန်ကုန်က Rapper တွေနဲ့ မင်းထက်ရှေ့လျှောက် ဆက်ဆံရေးကင်းမလား
မင်းအခုထိ ရွတ်ဖတ်နေတဲ့ အောက်တန်းစား flow
နေရာ တကာမှာ နဂါးမှန်းသိအောင် အမောက်လှန်ပြလို့
ကြောက်ခမန်းအလားမို့
မင်းဂုဏ်ပုဒ် MC အတုအယောင် ဘယ်လောက်ခမ်းနားလို့
မကြာလိုက်ဘူး ဒီကောင်တွေအကုန် လျှောက်လှမ်းသွားလို့
ချောက်ကမ်းပါးသို့
Rapper ချင်းလေးစားကြည်ညိုရန်
အတွေးအစားဒီလိုအသံ
စင်ပေါ်မှာ fight ကြပြီိဆို အရေးအသားအပီကိုထန်
ဘေးစကားအမှီခို မခံတာ
ကလေးကလားဒီလိုအသံဟာ
စင်ပေါ်ကဂုတ်ကို ဆွဲပြီး ခွေးသားဒီလိုကန်မှာ

Everybody call me gangster Rapper
We back in the (_______) life.
East side ကိုလာကြ
Street life ဆိုတာက
မိန်းမ နဲ့အရက် ဘာလိုချင်သလဲ ကြည့်လိုက်လိုတာရ
But they don't know me I'm ghetto superstar
Who is the real?
Flow သူခိုးက အမျိုးမျိုး လာဟစ်မပြနဲ့
မင်းတို့အလှည့် မိုးတွေရွာထား ငါ့အလှည့်ကြ မိုးကြိုးပါပစ်ချမယ်

Hold your f***ing weed
မိုးပေါ်ပျံ ကြည့်အသင့်
Eastside ရဲ့ Street life Rapper လမ်းပေါ်ကဘုရင်
ဆေးရောင်းဝယ် သေနတ်ကိုင်မှုနဲ့ ဖမ်းခေါ်သွားရင်
စဉ်းစားကြည့် သံတိုင်တွေကြား ဒုက္ခဒဏ်ပေ ခံနိုင်လေမလား
မိန်းမတွေနဲ့ အပူအပင်မဲ့ ဆက်ဆံနေလိုသူ
တကယ်တမ်းကြတော့ အပြင်ကဘ၀ ခက်ထန်နေလို့အခု
ကြိုက်ကုန်းမ တွေဆီက ပိုက်ဆံ တွေကိုခြူ
မနက်ဖြန်တွေဆို သူ
တကယ်တမ်းကြတော့ လူတွေအမြင်မှာ ပါးစပ်နံနေလို့ အခု
တစ်ယောက်တည်းမင်းဘ၀ ပုတ်ခတ်စကားက စိတ်ကြွသွားတာများ
ဒါကို မခံဘဲ ပြန်ဆဲ နေမလား လိမ့်ကျသွားမှာကွာ
ပျော့တဲ့ စိတ်နဲ့ အနွအရွတွေကို နှိမ့်ချမထားတာက
Rapper ကြီးတကယ် အလှကြိုက်နေလဲ အငြိမ့် က စားပါလား
အ၀တ်အစား နဲ့ စကားသိပ်ကြွယ်
အတွေးမချော် နဲ့ မှားလိမ့်မယ်
မင်းစီးတဲ့ ဖိနပ်က ဖြူနေတော့လဲ လူတွေက ဈေးကြီးတယ် အထင်နဲ့ ကြည့်မယ်
ဂုဏ်ယူမနေနဲ့ မင်းဖိနပ်က ငါ့အိမ်က ခွေးစီးတဲ့ အဆင့်ပဲရှိတယ်

Everybody call me gangster Rapper
We back in the (_______) life.
East side ကိုလာကြ
Street life ဆိုတာက
မိန်းမ နဲ့အရက် ဘာလိုချင်သလဲ ကြည့်လိုက်လိုတာရ
But they don't know me I'm ghetto superstar
Who is the real?
Flow သူခိုးက အမျိုးမျိုး လာဟစ်မပြနဲ့
မင်းတို့အလှည့် မိုးတွေရွာထား ငါ့အလှည့်ကြ မိုးကြိုးပါပစ်ချမယ်

အချင်းချင်း ပြန်အားပေးနေ တဲ့ လက်ခုပ်အတုများကို
စင်အောက်က ငါတို့ ရွံရှာ စက်ဆုပ်ဖူးတာလို့
ဘော်ဒါချင်း အားပေးမှုမလို အမြတ်မထုတ် ဖူးတာမို့
ပါးစပ် မရှုပ်ဖူးတာကို
ဒါတွေကို တစ်ချို့က အထင်လွဲ စကားရှုပ်တယ်ပြော ငါကိုနှိမ်ရင် အဖက်မလုပ်ဖူးတာမို့
East coast West coast ကနဦး အစမှာ ဘယ်သူက ဘုရင်လဲကြည့်
မသိလို့ မနပ်လို့ ခံရရင်လဲ မင်းအရည်အချင်းမင်း လှန်ပြမနေနဲ့
အမှန်တရားတွေလဲ ပြန်ကြားမနေနဲ့ ဘယ်သူက ဘုရင်လဲကြည့်
Hiphop မျိုးဆက် လက်ဆင့်ကမ်းဖို့ အချိန်မပြောင်းခင်ယူ
နောက်ဆုံး အဖတ်တင်ကျန်ရစ်သူက စိန်ကောင်းတစ်ပွင့်ဘယ်သူ
အချိန်မနှောင်းခင်အတူ
ကိုယ့်အရည်အချင်းကို သိသင့်လောက်ပြီ ပရိတ်သတ်လက်ခုပ် မျက်နှာပြောင်တိုက်ပြီး လိမ်မတောင်းသင့်ဘူး
အောက်က ပရိတ်သတ် မကျေနပ်တဲ့ အခါ ပွဲပျက်သွားမလားမသိ
မိုက်ကိုင် ဆဲတတ်မှ Rapper စစ်တယ်ဆို ကဲ ပါးစပ်ယားမလားကြည့်
လေးစားသမှုနဲ့ စကားလုံးအကြမ်းကို အလဲအထပ်သွားတာ မသိ မရှိလို့
အတု တစ်ယောက်က စင်ပေါ်ရောက်မှ ဆဲတတ်သွားတာ မရှိ

Everybody call me gangster Rapper
We back in the (________) life.
East side ကိုလာကြ
Street life ဆိုတာက
မိန်းမ နဲ့အရက် ဘာလိုချင်သလဲ ကြည့်လိုက်လိုတာရ
But they don't know me I'm ghetto superstar
Who is the real?
Flow သူခိုးက အမျိုးမျိုး လာဟစ်မပြနဲ့
မင်းတို့အလှည့် မိုးတွေရွာထား ငါ့အလှည့်ကြ မိုးကြိုးပါပစ်ချမယ်

MEDIAFIRE LINK

Comments