Platforn princess


တဖြည်းဖြည်းနဲ့ studio မှာတစ်နေကုန် ခြေကုန်လက်ပန်းကျ
ဒိုင်ယာရီထဲက မဖတ်ဖြစ်တော့တဲ့ ပလက်ဖောင်းမင်းသမီးတွေရဲ့ ဇာတ်လမ်းများ
p-l-a-t-f-o-r-m အခုဇွဲ chorus ကို မင်းဆက်ဆိုပါရန်

(အဝေးကိုလဲသွားပြီ တွေးလို့လဲတစ်ခြားစီ
ဒဏ်ရာတွေသာ ငါလေပိုင်ဆိုင်ခဲ့
ကလေးလိုဘဲ ကစားသည် ခွေးလိုဘဲ ထား၏
အမှောင်ကမ္ဘာအလယ်မှာ ငါလေထိုင်မှိုင်ခဲ့) ၂

အခု အမှောင်ကမ္ဘာထဲကလူ ရှောင်ကာဖယ်သွားသူ
လှောင်လာတဲ့အခါ အခုပြောတော့ မောင်က၀ဲစားဆိုလဲ မမှုဘဲ
သူ့ဘဲ အဆင်ပြေတယ်လို့ကြားတော့ ငါပဲရူးတယ်
မင်းအကြောင်းတွေခေါင်းမှာ အမြစ်တွယ် အချိန်တွေကြာခဲ့ဖူးတယ်
ငါ့ကို ချောင်မှာဘဲထားလို့ နင်တို့နှစ်ယောက်ဇာတ်လမ်းရှင်းသွားပြီး
အရင်က အပြန်အလှန်မင်းအနားရှိ မဟုတ်ပါဇာတ်ကြမ်းမင်းသားကြီး
အခုတော့ အလုပ်လဲမရှိ အကိုင်လဲမရှိ နှင်းဆီပန်းလဲယိုင်ခဲ့ပြီ
အရုပ်ပဲကြည့် မှိုင်ခဲ့သည်ရှိ အခုကျမဆိုင်တဲ့စီ
စားလဲမကြည့်ရင် လစ်လျူရှု သတိဝင် miss you do
နင့်သူငယ်ချင်းတွေ စစ်ကူယူ ဒါလဲ အပြစ်မယူဘူး
မင်းကြောင့်ဖြစ်တဲ့ အပြစ်စုဗူး
သို့သော် miss you အခု ကျေးဇူးဘဲ
မဖြစ်ချင် အမင်းလူအခု
မင်းက ချစ်သူအတု

ဒါဆိုရင်အချစ်ဆိုတာက ပေးဆပ်ခြင်းလား ပိုင်ဆိုင်ခြင်းလား
နားမလည်လို့ ထိုင်မှိုင်စဉ်းစား ဒီလိုနဲ့ဘဲ
ချယ်ရီတွေတောင် နေရာတိုင်းမှာ အလှိုင်လှိုင်ပွင့်လာ
အခုတော့လဲ မင်းဘေးနားမှာ ငါလိုလူတွေ အများကြီးပေါ့
အပြိုင်အဆိုင်ဖြစ်လာ အား အနားမှာကပ်ပြီး
ယောကျာ်းတိုင်း အလှအပမက်သည်
ဒါတောင် ဒီနွားက အမှတ်မရှိလို့
သူ့အနားမှာ ခယတတ်သည်
အချစ်တစ်ခုဘဲ သွားကာတွက်မိလို့ အခု
မုန်တိုင်းလာမှ စားစရာပြတ်သည်
ငါ့အတွက် နင်က အားမနာတတ်သည့်
မာယာနတ်သမီး
သြော် ငါ့နှလုံးသားကို အခါခါသတ်ပြီး
အဆုံးကျ လုံးဝသုံးမရတော့ပေ
နင်ငါ့ကိုမုန်းသွားတော့လေ
ငါ့ဘက်ကအရှုံးသမားပေါ့ဟေ့
အချစ်တစ်ပုဒ်ရှာရင်း ရလဒ်ကနောက်ဆုံး
ငါ့ဘက်လာပြီး အနှုတ်ပြပေါ့ဟေ့
ခံနိုင်ရည်ရှိအောင် ကြိုးစားထားလိုက်
ငါပြန်ယူမယ် နှလုံးသားလျော်ကြေး

(အဝေးကိုလဲသွားပြီ တွေးလို့လဲတစ်ခြားစီ
ဒဏ်ရာတွေသာ ငါလေပိုင်ဆိုင်ခဲ့
ကလေးလိုဘဲ ကစားသည် ခွေးလိုဘဲ ထား၏
အမှောင်ကမ္ဘာအလယ်မှာ ငါလေထိုင်မှိုင်ခဲ့) ၂

နေ့နဲ့ည သွေးပျက်ကာ အတွေးမလဲ မင်းနဲ့သီချင်းဘဲ
အနုပညာကို စာရင်းလဲမသွင်းခဲ့ ဟိုအရင်တစ်ချိန်က
မင်းအတွက်ဘုရင်ဘဲ ငါ့အပေါ်ကိုဖြတ်နေခဲ့ချင်တယ်
ထားခဲ့လိုက်ပါတော့ ဂရုမစိုက်နဲ့ လူတစ်ယောက်ကိုအတင်းဘဲပြစ်ပယ်
အဝေးကဘဲ ကျိတ်မျှော်နေရင်နဲ့ ချစ်မယ်ဆိုတဲ့စကား
ဘယ်လိုလဲဟ အိပ်ယာပေါ်မှာ လူးလိမ့်ငိုခဲ့အမျှ
အချစ်ဆိုတာက မချိုဘဲ ခါးမှန်းသိတဲ့အချိန်မှာ ပြိုလဲသွား
နဂိုထဲကမှ သိနေခဲ့ရင် ဒါမျိုးတွေ မပတ်သက်ဘဲ ရပ်
မင်းထက် hip hop ကိုအရေးပေးလဲ
rap အထပ်ထပ်ဘဲ စပ်လျှက်
ငါ့မှာတွေးရင်း တဖြည်းဖြည်းနဲ့ ရူးပြီမို့
hip hop ကြောင့်တစ်ပတ် တစ်ခါတောင် မရောက်နိုင်ပါ သူ့ဆီကို
တစ်ချက်လောက်တော့ ဒီသီချင်းကို မင်းနားထောင် အခုကြည့်လို့
စင်အောက်ကနေ မတက်နိုင်သေးတဲ့
အလကားကောင် ဗူးသီးကို

အပျိုကြီး.... ယောကျာ်းသည် ကစားစရာမဟုတ်ပါ
မင်းရဲ့အနားမှာ ထားကာချုပ်ကာ
နွားလာလုပ်ကာ များလာ
ရှုပ်တာတစ်ခါမှ မလုပ်ခဲ့ပေမယ့်
ရုန်းနွားကောင်းလို့ မင်းဘဲ ပြောရက်တယ်
လူတွေယုံလာအောင်လဲ မင်းဘဲပြောတတ်တယ်
မဟုတ်တာကို ဟုတ်တာလို ငါကြေကွဲအောင်
ငါ့နှလုံးသားကို တုတ်ပါထိုး ငါ့ကို ဂတုံးပါတုံးပြီး
မင်းနာမည်ကို စုတ်ပါထိုး
စုတ်ပါထိုး သွေးတိုးလာရင် ဂုတ်ကချိုး
မင်းကိုယ်ပိုင်ပစ္စည်းလိုမျိုး ငါ့ကိုသတ်မှတ်ထားပါ
ချစ်လို့လက်လွှတ်မိတဲ့ ဥစ္စာကို
အခုတော့ ငါ့ဘ၀က မင်းလက်ထဲမှာဘဲ
ငါလဲ နှံ့စပ်တယ်လို့ သတ်မှတ်ပေမဲ့
မင်းက ငါ့ရင်ဘတ်ထဲ စက်သေနတ်ထည့်ကာဆွဲ
ငါ့ဘက်က ၀တ္တရားမှန်သမျှ ပျက်ကွက်ခဲ့တာလဲ ရှိရင်
တောင်းပန်ပါတယ် ကွဲအက်ဖူးတဲ့ ငါ့အချစ်ကိုတော့
မရက်စက်လိုက်ပါနဲ့

(အဝေးကိုလဲသွားပြီ တွေးလို့လဲတစ်ခြားစီ
ဒဏ်ရာတွေသာ ငါလေပိုင်ဆိုင်ခဲ့
ကလေးလိုဘဲ ကစားသည် ခွေးလိုဘဲ ထား၏
အမှောင်ကမ္ဘာအလယ်မှာ ငါလေထိုင်မှိုင်ခဲ့) ၂





MEDIAFIRE LINK

Comments