rap ဆိုတာမကောင်း ဒီ rap ဆိုတာကြောင့်
ရန်ကုန်မြို့ ကလူငယ်တွေအကုန် rap ဆိုတာခေါင်းထဲရောက်
လွန်လာရင်တော့ အားလုံးဝိုင်းပြီးနှိပ်ကွပ်ကြမှာဘဲ
ဒါမျိုးတွေနဲနဲတော့ရှိမယ် rapper မှန်ရင်မကြောက်နဲ့ ဟေ့ရောင်
မနေ့တနေ့ကမှ အဆိုတော်ဖြစ်တဲ့ချာတိတ်တွေ
တွေ့တွေ့နေကြပါ ထုတ်လုပ်သူတွေမကြာခဏလာရိတ်နေ
တကယ်တမ်းတော့ လူငယ်တွေဘ၀ ခိုလှုံစရာဒါဘဲရှိ
ပျော်စရာကောင်းလားမမေးနဲ့ ဒါတော့ငါလဲမသိ
အခြေအနေကြီးထွားလာရင် စီနီယာတွေက fight မှာဘဲ
အဲလောက်ထိ နှိမ်နေတဲ့ကြားက hip hop ကမိုက်လာခဲ့
၅ နှစ်လောက်အတွင်းမှာ ခေတ်နဲ့မှီအောင်သူတို့လိုက်လာတယ်
ရုပ်ရည်တွေကြည့်လိုက်ဦး မိန်းကလေးတွေကြိုက်မှာ ခိုက်မှာဘဲ
နားထဲထပ်ပြီးဝင်လာတော့ သက်ပြင်းသံကြား
လူငယ်တွေကတော့ အောင်မြင်မှုကို လက်ငင်းခံစား
ဒီလိုနဲ့ ငါ့နားထဲမှာ rap သီချင်းသံကြား
ငါ့အမေရဲ့ rap သီချင်းသံလား
(အသက်လဲ ကြီးနေပြီ ကိုယ့်အခြေအနေလဲကိုယ်သိ
နားနားပြီးပြောမယ် နားထောင်ပါအကိုကြီး
အသက်လဲ ကြီးနေပြီ ကိုယ့်အခြေအနေလဲကိုယ်သိ
သိပ်ပြီးသိနေရင်လဲ rap တစ်ပိုဒ်လောက်ဆိုကြည့်) ၂
ကဲ ငါနားနားပြောမယ် မင်းကြားလားပြော
စကားတော့မကြောနဲ့ မင်းမှားမှာပေါ့
hip hop ရဲ့ပရိသတ်ကိုမြင် အားကလျော့
ရသ၊ ထိန်ဝင်း၊ Bigg Y မိုက်ခရိုဖုန်းတစ်လုံးစီနဲ့ပြောမယ် နားထောင်
စကားပြောရင် အမှားရှောင်
လူကြီးက ကလေးကို battle လုပ်တယ်ဆိုတာကြားမကောင်း
အခုမှ အိပ်မက်ကထယောင် မင်းအပေါ်မှာရှိနေခဲ့တဲ့ respect လဲပျောက်
လူငယ်တွေ မင်းခေါင်းပေါ်နင်းလျှောက်
သတိထား စကားလုံးကြီးတွေနဲ့ စပစ်နေပြီ ကြည့်သာရှောင်
ငါတို့က အရိုင်းအစိုင်း
လူတိုင်းကို လိုက်ပြီး battle မလုပ်
နိမ့်ကျတဲ့ အဆင့်နဲ့ခိုင်းနှိုင်း မင်းလိုတော့ စကားမရှုပ်
လှိုင်ဘက်ကိုရောက်ရင် အမြီးလေးကုတ်
လူမမြင်အောင် ထီးလေးထုတ်ကာလျှောက်သွား
အခွင့်ကြုံရင်တော့ မင်းဦးနှောက်ကို ငါဖေါက်စားမှာ...
တစ်ကယ်တမ်းနားထောင်ကြည့်လိုက်တော့
သီချင်းက တစ်ပိုဒ်ထဲကိုဘဲ ပြန်ကျော့ခေါင်းစဉ်တပ်တယ်လဲမပြော
မိန်းမတို့ရှေ့ မိုက်ပစ်ခဲ့သောအခါ
ရှေ့ဆက်မတွေ့က အလင်းရောင်
ဖြေရှင်းဖို့ အတင်းငြင်းကာရှောင်နေ
ပြောချင်တာ တစ်ခုက အရှုပ်ထဲမှာ ရှင်းအောင်နေ
(အသက်လဲ ကြီးနေပြီ ကိုယ့်အခြေအနေလဲကိုယ်သိ
နားနားပြီးပြောမယ် နားထောင်ပါအကိုကြီး
အသက်လဲ ကြီးနေပြီ ကိုယ့်အခြေအနေလဲကိုယ်သိ
သိပ်ပြီးသိနေရင်လဲ rap တစ်ပိုဒ်လောက်ဆိုကြည့်) ၂
မနာလိုတဲ့ စိတ်ပျက်ကာသွား နားနှစ်ဖက်ကိုပိတ်ကာမရဘဲ
ကြားလိမ့်မှာက hip hop beat နဲ့ rock ရဲ့အနိစ္စတရား
အားလုံးအတိတ်မှာထား ရှေးဟောင်းပြတိုက်သဘောနဲ့
လူငယ်တိုင်းမကြိုက်တော့တဲ့ ကိုယ့်အသက်လဲကိုယ်ကြည့်
ဂိမ်းမောစိုက်တော့မယ်
ဟောဒီ့ကောင်က နောက်ထပ် ၁၀နှစ်ကြာတောင် ၃၄
အဲဒီ့အချိန် ဂီတလောကထဲကနေ အဝေးမင်းက ရုန်းထွက်ပြေး
အရှုံးအမြတ်ကို သုံးသပ်ဆုံးဖြတ်လေ
ငါလဲဘဲ မင်းရဲ့တစ်ချိန်တုန်းက ပရိသတ်
copy သီချင်းလုပ်ကွက်တွေ အဟုတ်မှတ်နေခဲ့တာ အခုကျမှ စိတ်ပျက်
ဟောင်းနေတဲ့ ဦးနှောက်ကြီး ဖြုတ်ပစ်လိုက်ပါ
မင်းရဲ့ အကျင့်ကရုပ်နဲ့လိုက်တယ်
လက်ရှိ အခြေအနဘေးကရပ်ကြည့် အပျက်အစီးတွေရှိရင်ဘဲ
ထစ် ထစ် ထစ်ငေါ့မနေဘဲ ကျော်ဖြတ်ခဲ့ပြီးလေပြီ
ရှေ့ဆက်မဲ့ မီးတွေစည်းတားပစေ အမြဲ
မျက်မှန်ကလဲ လက်ထဲရှိနေပြီ
(အသက်လဲ ကြီးနေပြီ ကိုယ့်အခြေအနေလဲကိုယ်သိ
နားနားပြီးပြောမယ် နားထောင်ပါအကိုကြီး
အသက်လဲ ကြီးနေပြီ ကိုယ့်အခြေအနေလဲကိုယ်သိ
သိပ်ပြီးသိနေရင်လဲ rap တစ်ပိုဒ်လောက်ဆိုကြည့်) ၂
ဟားဟား... လွယ်တယ်ထင်ရင် လိုက်ပြီးရေးကြည့်လိုက်
H-I-P H-O-P hip hop ဂုဏ်ဆောင်
MEDIAFIRE LINK
IFILE LINK
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...