Q: ဒီခွေထဲမှာ ညီမတစ်ယောက်တည်းအနေနဲ့ ဘယ်နှစ်ပုဒ် ဆိုထားလဲ။
D Beez
A: သမီးတစ်ယောက်တည်းက လေးပုဒ်။ D-Beez အနေနဲ့ လုပ် တာက လေးပုဒ်။ အားလုံးပေါင်း ရှစ်ပုဒ်ပေါ့။
Q: ဒီခွေမှာပါတဲ့ တေးရေးတွေနဲ့ featuring ဝင်ဆိုပေးထားတဲ့ သူတွေကိုပြောပြပါ။ ပြီးတော့ သွင်းယူခဲ့တဲ့ studio ။
A: တေးရေးတွေက အနဂ္ဂ၊ J-Me၊ ရသ၊ ရဲလင်းအောင်၊ ချစ်စိုး၊ ကျော်ထွဋ် ဆွေ၊ ထက်အောင်ကိုနဲ့ ဇာနည်။ Featuring အနေနဲ့ ကိုဖြိုးကြီး၊ J-Me ၊ ရသ နဲ့ ရဲလင်း အောင်တို့က ဝင်ဆို ပေး ထားတယ်။ Studio တွေက Mix၊ Pro နဲ့ 65 တို့မှာ လုပ် တာပါ။ Mixing ကတော့ ကိုကျော်ဇေယျ (Pro) ပေါ့။
Q: ဒီခွေကို ဘယ်ကနေ ဖြန့်မှာလဲ။
A: Excellent Creation ကနေ ဖြန့်မှာ။ Produced ကတော့ သမီးတို့ကိုယ်တိုင်ပဲ။
Q: D-Beez ဆိုလည်း D-Beez ၊ ပြည့်ဖူးခိုင် ဆိုလည်း ပြည့်ဖူးခိုင် မဟုတ်ဘဲ ပြည့်ဖူးခိုင်+D-Beez လို့လုပ်ရတဲ့ အကြောင်း ရင်း။
A: D-Beez အနေနဲ့ကျ နှစ်ယောက်ဆို တော့ လူနှစ်ကိုယ်နဲ့ စိတ်နှစ်စိတ် ဖြစ် နေတာပေါ့နော်။ Stage Show ဆိုလို့ ရှိရင်လည်း သူမအားတာ ရှိသလို၊ ကိုယ် မအားတဲ့ အချိန်တွေကလည်း ရှိတော့ တစ်ယောက်နဲ့တစ်ယောက်က ညှိနေရ တယ်။ အဲဒီအခါကျတော့ ဒီလိုတစ် ယောက်တည်းသီချင်းလေးတွေထည့်လိုက် တာက တခြားဘာရည်ရွယ်ချက်မှ မဟုတ် ပါဘူး။ Show တွေဆိုဖို့ ကမ်းလှမ်းတဲ့ မိတ်ဆွေတွေရှိတယ်လေ။ အဲဒီအခါ သမီး မှာ ဒီလို တစ်ယောက်တည်း သီ ချင်းလေးတွေလုပ်ထားတဲ့ အခါကျ ဘာပဲပြောပြော အဆင်ပြေတာပေါ့။ ပြီးတော့ D-Beez အနေ နဲ့ သီ ချင်းက လည်း ၈ ပုဒ်တည်းဆို တော့ အရမ်း နည်းတယ်လေ။ အဲဒီအတွက် သမီး သီချင်း အသစ်ကလေး တွေနဲ့ထပ်ပြီး အားဖြည့် လိုက်တဲ့ သဘောပါပဲ။
D Beez
Q: နောက်လုပ်မယ့် အခွေတွေ မှာ D-Beez အနေနဲ့ပဲ ဖြစ် မလား၊ တစ်ယောက် တည်း သက်သက်တွေ လုပ်ဖြစ်မလား။
A: D-Beez အနေနဲ့ အလျဉ်းသင့် ရင်သင့်သလိုတော့ လုပ်သွားမယ်။ ဒါပေ မယ့်လို့ နောက်ပိုင်းခွေတွေ မှာ တစ်ယောက်တည်းကိုပိုပြီး ဦး စားပေးဖြစ်မှာ။
Q: ပြီးခဲ့တဲ့ 3 in 1 Hip-Hop show မှာ ညီမ တက်ဆိုတယ်နော်။
A: ဟုတ်ကဲ့။ အရင်က Show တွေမှာ နှစ်ယောက်တွဲ ဆိုဖြစ်ရင်ဆိုဖြစ်၊ မဟုတ် ရင် မဆိုဖြစ်တာ များတယ်။ 3 in 1 show ကတော့ ပထမဆုံး အကြိမ် သမီး တစ်ယောက် တည်း စဆိုတာ။
Q: အခွေထဲက ညီမဆိုထားတဲ့ သီချင်း လေး ပုဒ်ထဲမှာဆိုရင် ဘယ်အပုဒ်ကို ကျေနပ် သလဲ။
A: သီချင်းရေးတဲ့လူပဲဖြစ်ဖြစ်၊ ဆိုတဲ့တီးတဲ့ လူပဲဖြစ်ဖြစ်ပါ၊ သူတို့ ဖန်တီးတဲ့ အကုန် လုံးကို သူတို့ကိုယ်တိုင် သဘောကျတာ ချည်းပဲ။ အဲလိုပဲ သမီးလည်း (ရယ်လျက်)။ ကိုယ် အကောင်းဆုံး လုပ်ထားတာဆိုတော့ လေးပုဒ်လုံးကိုကြိုက်တယ်။ကျေနပ်တယ်။
Q: ဒီ 'မသိလို့ မေးပါရစေ' က ပရိသတ် တွေမျှော် နေတာထက်၊ ဘာလို့ အများကြီး နောက်ကျပြီးမှ ထွက်လာရတာလဲ။
A: အဲဒါကတော့ အခက်အခဲအမျိုးမျိုး ပေါ့ နော်။ အစ်ကို့မှာလည်း အခွေတစ်ခွေ ထွက် ဖို့ဆိုတာ အစ်ကိုလည်းဒီလို အခွေမထုတ်ဖူး ရင် ဒီလိုအခက်အခဲတွေကို သိချင်မှသိ မယ်။ သမီးလည်း အရင်က မသိခဲ့ဘူးပေါ့ နော်။ သမီးဆိုဒီခွေထွက်ဖို့အတွက် ၃ လ လောက်ကို လူရောစိတ်ရောနှစ်ပြီး လုပ်ခဲ့ ရတာ။ ဒါပြောရင် ယုံမှာမဟုတ်ဘူး။ အောက်ခြေကနေ အစအဆုံးကိုယ်ပဲ လုပ်ရ တာ။ ကိုယ်တိုင် producer ဖြစ်သွား တော့ပိုဆိုးတာပေါ့။ ရှေ့တုန်းကကျ မအား တာနဲ့ဘာနဲ့လေ။ အခုကျတော့ ကိုယ်လုပ် ထားတဲ့ အလုပ်တစ်ခုက ကိုယ့်လက်ထဲမှာ ပဲရှိနေတယ်။ ပရိသတ်ကိုမပြနိုင်ဘူး ဖြစ် နေတဲ့အတွက် ခုလိုလုပ်ဖြစ်သွားတာပေါ့။
D Beez
Q: ဒီခွေ လုပ်နေတုန်းမှာ ဒီဒီကရော ညီမကို ကူညီခဲ့လား။
A: သူ့ဘက်က ကူညီတယ်ဆိုလို့ရှိရင်တော့ (ကိုယ်က producer လည်းဖြစ် သွား တဲ့ အတွက်) သမီးကပိုပြီး တော့တောင် ကျေး ဇူးတင်ရမှာပေါ့။ ဒါပေမယ့် သူ မကူညီ လည်းကိုယ့်ဟာ နဲ့ကိုယ် အားလုံးက လုပ်လို့ အဆင်ပြေနေ တဲ့အခါ ကျ သိပ်ပြီး ပြဿနာ မရှိပါဘူး။
Q: ဒီဒီနဲ့ ညီမကြားမှာ ဘယ်လို နားလည် မှုတွေ လုပ်ထားလဲ။
A: သူသည် သဘောတူ ညီချက်တစ်ခုနဲ့ စာချုပ် ပေါ်မှာ လက်မှတ် ထိုးထား တာ။ အဲဒီအ တွက် ကိုယ်ဘယ်အချိန် ထုတ်ထုတ် ထုတ်လို့ရတယ် သဘောပဲ။ သမီး အပေါ်မှာ မူတည်တာပေါ့။ ဒီထုတ်မယ်၊ မထုတ် ဘူးဆိုတဲ့ကိစ္စက သမီး အပိုင်း ဖြစ်သွားပြီ။
Q: အခု Tape CD ဖြန့်ရမှာနဲ့ ပတ်သက်ပြီး serious တစ်ခုခု ညီမမှာရှိနေလား။
A: သိပ်ပြီး serious မဖြစ်ပါဘူး။ ခေတ် ကာလအခြေအနေအရ ခွေတစ်ခွေ ထုတ်မယ်ဆိုရင် ဘယ်သူမှ အရင်း ပြန်မရဘူး။ ဒါက သူသူကိုယ်ကိုယ် စီးပွား ရေးလုပ်တဲ့လူတိုင်းက နား လည် လက်ခံထားတယ်။ ခွေ ထုတ်ရင်လူတွေကသိပ်မိုက် တာပဲလို့ ပြောကြတာပဲပေါ့။ ဒါပေမယ့် သမီးက ပရိသတ် ကို တင်ပြချင်ရုံ သက်သက် ပါ။ ပြန်ရမယ့် amount က ကိုယ်ကုန်ထားသ လောက်ဖြစ်ချင်မှဖြစ်မယ်။ သိပ်ပြီးတော့ ငွေရေး ကြေး ရေးအနေနဲ့ မမျှော်လင့် ထားပါဘူး။ တစ်ခုပဲ ရှိ တာ။ ကိုယ့်ရဲ့ လုပ်ဆောင် ချက်လေးကို ပရိသတ် က မေတ္တာနဲ့ အသိအမှတ်ပြု တယ်၊ လက်ခံတယ် ဆို ရင်ပဲ သမီးမှာ ဒါတွေ အကုန်လုံးက ပျောက်သွားပါပြီ။
Q: ခွေအတွက် နယ် promotion တွေ ဘာ တွေ လုပ်ဖို့ရှိ လား။
A: မန္တလေးသွား ဖို့တော့ အစီအ စဉ်ရှိပါတယ်။
D Beez
Q: VCD ရော ရိုက် မှာလား။
A: အစီအစဉ်တော့ ရှိ တယ်။ ဒီ စက်တင် ဘာလဆန်းပိုင်းလောက်မှာ VCD စ မလားလို့။ ဒါက ကိုယ်ပထမဦးဆုံး လုပ် ဖူးတဲ့အခွေဆိုတော့ ကိုယ့်မှာ မကျွမ်းကျင် တဲ့အပိုင်းက အများကြီးရှိတဲ့အခါကျ တစ် ခုပြီးမှ တစ်ခုလုပ်တာ ပိုကောင်းမှာ ပေါ့နော်။ အမြဲတမ်း လုပ်နေကျလူကျတော့ လုပ်ငန်း သဘော သဘာဝကို သိ နေတဲ့အတွက် သိပ်ပြဿနာ မရှိဘူး။ သမီးတို့ကျ တချို့ နေရာ တွေ မှာ အခက်အခဲ လေးတွေရှိတယ်။ လစ်ဟင်း သွားတာတွေ ရှိတယ်။
Q: ကျေးဇူးပဲ ညီမ၊ အလင်္ကာ ကနေ ပရိသတ်ကို ဘာ များပြောချင် သေးလဲ။
A: ဒီခွေအတွက် သူများအ နေနဲ့တော့ မသိဘူးပေါ့ နော်။ သမီးအနေနဲ့ ကတော့ ပထမဦးဆုံး သမီးဆီမှာရှိသမျှ လုပ် နိုင်သမျှဟာကို အစွမ်း ကုန်ကြိုးစားပြီး လုပ် ထားပါတယ်။ အဲဒီအပေါ် မှာ ကိုယ်လည်း အပြည့် အဝကြိုးစားထားသလို ပရိသတ်ဘက်ကလည်း အပြည့်အဝအားပေးတာမျိုး ကိုယ့်အနေနဲ့ မျှော်လင့်ချင် တာပေါ့နော်။ ဒါပေမယ့်လို့ လည်း မျှော်လင့်ချက်တိုင်းက ဖြစ်ချင်မှဖြစ် တာဆိုတော့လေ (ရယ်လျက်)ပရိသတ်ကို တစ်ခု မေတ္တာရပ်ခံချင်တာ ကတော့ မူရင်းလေးကိုပဲ အားပေးပါလို့။

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...