လူငယ်များစွာ၏ ဦးနှောက်ထဲတွင် ဘဝတိုးတက်ရာ တိုးတက်ကြောင်း အကြံဥာဏ် ကောင်းများ ရှိတတ်သည်။ လူငယ်များသည် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရာတွင် ဆုံးဖြတ်ချက် ပြတ်သား ခိုင်မာကြသည်။ လူငယ်များသည် အဟောင်းကိုရိုက်ချိုး အသစ်ကို ပြန်လည် မွေးဖွား ရှင်သန်နိုင်သူများ ဖြစ်သည်။ စနစ်သစ်ကို လိုလားသော လူငယ်များထဲမှ လူငယ်လေးများ ဖြစ်ကြသော Hip Hop လူငယ် Rock Star အဖွဲ့သားများမှာ The Street မဂ္ဂဇင်း စာအုပ်ကို ဦးဆောင် ထုတ်ဝေနိုင်စွမ်း ရှိသူများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး Hip Hop ဂီတမဂ္ဂဇင်း စာအုပ်ဖြစ်သော '' The Street '' ကို ဦးဆောင် နေကြသည့် လူငယ်လုပ်ငန်းရှင် များ၏ ပဲ့တင်သံများမှာ ... စင်ဒီ The Street မဂ္ဂဇင်းက အခုမှစတာဆိုတော့ အခုမှကြိုးစားတုန်းပဲရှိပါသေးတယ်။ သမီးတို့နောက်ထပ်လုပ်စရာတွေအများကြီးရှိပါသေးတယ်။ R ဘွိုင်းက ရုံးကို အမြဲမလာနိုင်တော့ သမီးတို့သုံးယောက်(ကျော်ထွဋ်ဆွေ၊ ထိန်ဝင်း)ပဲ ပေါင်းပြီးလုပ်ရတယ်။ လစဉ်ထုတ်မဂ္ဂဇင်းပါ။ Fashion ကဏ္ဍလည်းပါတယ်။ အဓိကက Hip Hop ကို ဦးစားပေး ပြီးလုပ်ထားတာ။ နိုင်ငံခြားကစာအုပ်တွေထဲက Hip Hop, Rapper တွေကို ဘာသာ ပြန်ပြီးတော့ ရေးထားတယ်။ Hip Hop တွေ Rapper တွေနဲ့ဆိုင်တာတွေ၊ Pop တွေ ပါမယ်၊ Rapper တွေပါမယ်၊ အဲလိုမျိုး ဆက်နွယ်နေတာတွေပေါ့နော်။ ဒီလို သမီးတို့ရုံးမှာ R&B ဓာတ်ပုံလာရိုက်တာ လျှပ်တစ်ပြက်က ပထမဦးဆုံးပေါ့နော်။ ပျော်ပါတယ်။ R-Boy ကျွန်တော့်ကိုယ် ကျွန်တော် အခုချိန်ထိ အောင်မြင်တယ်လို့မမြင်သေးပါဘူး။ အောင်မြင်တယ်ဆိုတာ ဂျေမီ၊ ရဲလေး၊ ဂျောက်ဂျက်၊ ကိုစိုင်းစိုင်း ဒီလိုလူမျိုးတွေမှ အောင် မြင်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ကတေှာ့သတ ပွဲတစ်ပွဲရဲ့ အဖြည့်ခံလို့ပဲ ကျွန်တော်ထင်တယ်။ အဲဒီအဆင့်ပဲရှိပါသေးတယ်။ အနုပညာမှာတော့ အဲဒီလောက်ပါပဲ။ စီးပွားရေးအနေနဲ့ကတော့ အဖေက စီးပွားရေးလုပ်တော့၊ ကျွန်တော်ကငယ်ငယ်ကတည်းက မြင်နေရတော့ ကိုယ်တိုင်မလုပ်ရပေမယ့် သိနေတော့ လုပ်ဖြစ်သွားတာပါ။ အခုလည်း လုပ်ကိုလုပ်နေတာပါ၊ ငယ်ငယ်ကတည်းက အလုပ်ပဲလုပ်တယ်၊ ကျောင်းလည်းမပြီးဘူး၊ နောက်သီချင်း ဆိုလည်း အခုနောက်ပိုင်းသီချင်းဆိုတာနည်းသွားတယ်။ အလုပ်ပဲလုပ်နေ တယ်။ Super Lamp ကြော်ငြာဘုတ်ထောင်ထားတာ ဘယ်လိုစိတ်ကူးနဲ့လည်းဆိုတော့ အဲဒါ ကျွန်တော့်ရဲ့ညီမ ကုမ္ပဏီမို့လို့ (ရယ်လျက်)။ အိမ်မှာက လုပ်ငန်းတွေခွဲထားတယ်လေ၊ အဲဒီဟာကို အဖေက ကျွန်တော့်ညီမကိုအပ်ပေးထားတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးအားလုံးကို ညီမက Control လုပ်ထားတယ်။ အဖေက အလုပ်တွေအများ ကြီးရှုပ်နေတော့ ညီမကို ဟဲ့ကြော်ငြာလေးတစ်ပုဒ်လောက် ရိုက်ပေးပါဆိုပြီး ကျွန်တော်တို့ ငါးယောက်နဲ့ ရတနာရယ်၊ သီရိဆွေ၊ ကျွန်တော့်ဇနီး စင်ဒီရယ် နောက်တစ်ယောက်ရယ် အဲဒီတစ်ယောက်က နေမကောင်းတာနဲ့မရိုက်ဖြစ်ဘူး။ ရှိတဲ့လေးယောက်ပဲရိုက်ဖြစ်တာ။ လူငယ်တစ်ယောက် အလုပ်လုပ်တာ လွတ်လပ်ခွင့်တွေကို တားမြစ်သလိုတော့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အရွယ်တွေလည်း အလုပ်လုပ်နေတဲ့လူတွေ အများကြီး ပဲလေ။ ကျွန်တော်ငယ်ငယ်က သူငယ်ချင်းတွေတော်တော်များများလည်း သူတို့အိမ်ရဲ့ အလုပ်တွေ ဆက်ပြီးလုပ်နေကြတာပဲ။ အရင်ကလည်း ကျွန်တော်အပြင်သိပ်မထွက်ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော် အဖေ့ရဲ့အလုပ်ကို မနက်(၈)နာရီကနေသွားပြီး ညနေမှပြန်ရောက်တော့ ဒီမဂ္ဂဇင်းအလုပ်ကို မလာနိုင်ဘူး။ စနေနေ့တစ်ရက်လာပြီး အစည်းအဝေးလုပ်တယ်၊ လိုအပ်ချက်တွေကို ဖြည့်ပေးတယ်။ ဖုန်းနဲ့ပဲ အဆက်အသွယ် လုပ်ရတယ်၊ ဒီမှာကလည်း ကျွန်တော်အရမ်းကြိုက်တဲ့ GM, Editor တွေရှိတယ်၊ ကျွန်တော်လိုချင်တဲ့ပုံစံကို လှည့်ကြည့်စရာမလိုဘူး။ Hip Hop ကိုပဲ ဦးစားပေးတဲ့အတွက် အရမ်းကြီးမဟုတ်ဘဲ တကယ် source ကို ကျွန်တော်တို့ကိုယ်တိုင်ကလည်း သိနေတဲ့ အတွက် ကျွန်တော်ပါစရာမလိုပါဘူး။ စနေနေ့ တစ်ရက်ရုံးတက်တာနဲ့တင် လုံလောက်ပါ တယ်။ ကျွန်တော့်ကို အရမ်းဒုက္ခပေးတာက ရုပ်ရှင်ရိုက်တာရယ်၊ ဓာတ်ပုံရိုက်တာရယ် အဲဒီနှစ်ခုက ကျွန်တော်လုပ်လည်းမလုပ်တတ်ဘူး။ အဲဒီအပိုင်းတော့ ကျွန်တော်အားနည်း တယ်။ ဒါပေမယ့် သိပ်အခက်အခဲကြီးတော့မရှိပါဘူး။ ကျော်ထွဋ်ဆွေ လူငယ်တစ်ယောက်အနေနဲ့ အလုပ်လုပ်နေတော့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တော့ ဘူး။ အလုပ်ချိန်က မနက်(၉)နာရီ၊ ညနေ(၆)နာရီဆိုတော့လေ။ ကိုယ့်ကိုယ်ကိုယ်လည်း နေ့ခင်းဆို လူကြီး၊ ညပိုင်းဆိုလူငယ်လို လူငယ်လိုစိတ်သွင်းထားတယ်။ အရင်က ဆံပင် အရှည်ကြီးကနေ ဆံပင်ပုံပြောင်းဖြစ်တာက သူများတွေ ပြောတာလည်းပါတယ်။ အလုပ် လုပ်နေပြီဆိုတော့ အရင်လိုပေလို့မရတော့ဘူး။ ဒီအဖွဲ့စဖွဲ့ကတည်းက ပါတာလားဆိုတော့ အရင်က သူတို့နှစ်ယောက်အရင်လုပ်တာ၊ ပြီးတော့မှ ကျွန်တော်ရယ်၊ ဂျောက်ဂျက်ရယ် ကိုဆက်သွယ်တာ။ လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကပေါ့၊ ဒီ Street နဲ့က ကျွန်တော် တို့ရဲ့ အငွေ့အသက်တွေကြီးပဲလေ။ အစက HIip Hop မှာကျွန်တော်တို့က ပရိသတ်တွေပဲ၊ ဘာတွေ ထည့်ချင်လဲ၊ ဘာတွေလိုချင်လဲဆိုတာ ကျွန်တော်တို့ အကုန်သိတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အဲဒါလေးတွေကို ဖြည့်ဆည်းတဲ့သဘောပဲ။ ကျွန်တော်တို့ရဲ့ ဒီမှာဖြစ်ပျက်နေတာလေးတွေကို သူများတွေကို သိစေချင်တယ်။ လူငယ်တွေဆိုတော့ ရှေ့ဆက်ရမယ့်လမ်းတွေက အများကြီးရှိသေးတယ်လေ။ သီချင်းဆိုပြီးအမေတွေကို တိုက်နဲ့ ကားနဲ့ထားလို့မရဘူးလေ၊ အလုပ်လုပ်နေတော့ မျှော်လင့်လို့ရတာပေါ့။ ကျွန်တော့်တို့အခွေ ဒီဇင်ဘာထဲမှာထွက်ဖို့ လုပ်တော့လုပ်ထားတယ်၊ မသေချာသေးဘူး။ အခွေကတော့ တစ်ခွေလုံးလုပ်ပြီးသွားပြီ၊ နာမည်ကတော့ ''နိုင်သူစားကြေး''လို့ ယာယီပေးထားတယ်။ Rock Star ခွေထွက်ဖို့ အကုန်လုံး စောင့်နေကြတယ်။ Rock Star ခွေက (၅)ယောက် အကြိုက်ပုံစံလုပ်ထားတယ်။ ကျွန်တော့် တစ်ကိုယ်တော်အခွေက ''မတူရင်မတုနဲ့''လို့ နာမည်ပေးထားတယ်။ ထိန်ဝင်း ကျွန်တော်တာဝန်ယူထားတာ စာအုပ်တစ်အုပ်လုံးနဲ့ Program တွေကို စဉ်းစားရ တယ်။ ဘာတွေကိုလုပ်သင့် မလုပ်သင့်ချိန်ရတယ်။ လူငယ်တွေဆိုတာကတော့ အတွေ့ အကြုံတော့မရှိဘူး။ ဆုံးဖြတ်ချက်ချတာရဲတယ်၊ လူကြီးတွေကျတော့ အတွေ့များတော့ ဆုံးဖြတ်ချက်ကို ချက်ချင်းကြီးမချရဘူး။ ကျွန်တော်တို့ကတော့ ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ချတယ်။ မှားသွားရင်လည်း မှားသွားတဲ့ အတွက် သင်ခန်းစာယူတယ်။ အဲလိုမျိုးလေး ညှိညှိနှိုင်းနှိုင်းလေးလုပ်ကြတာပေါ့နော်။ စဖွဲ့တုန်းက R-boy နဲ့ ကျွန်တော်နဲ့ နှစ်ယောက် တည်း စဖွဲ့ခဲ့ပြီးနောက်ပိုင်း သူငယ်ချင်းအသစ်တွေ ဝင်လာတယ်။ ကျွန်တော်စဉ်းစား တာပေါ့ နော်၊ ကျွန်တော်တို့နှစ်ယောက်တည်း မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးပဲ လုပ်ချင်တဲ့စိတ်တစ်ခုလဲပါတယ်။ ပြဿနာအခက်အခဲတွေက အများကြီးရှိခဲ့ပါတယ်။ ပြဿ နာတွေက အများကြီးပဲ တစ်ချိန်လုံးတက်နေတာ၊ နောက်ဆုံးကျတော့ ညှိရင်းညှိရင်းနဲ့ လူတွေလည်း လဲခဲ့တယ်။ အဖွဲ့မှာ လူအပြောင်းအလဲတွေရှိခဲ့တယ်။ ပြီးတော့မှ ကျွန်တော်တို့ sample တစ်ခွေလေးကိုလုပ်ခဲ့တယ်။ အဲဒါကို ပေါက်ကိုပေါက်ရမယ် ပုံစံမျိုးမရှိပါဘူး။ နားထောင်ဖို့ sample တစ်ခွေလေး စလုပ်ခဲ့တယ်။ အဲဒါတော့ တော်တော်လေး ပေါက်သွားတယ်၊ အဲဒီကနေ စခဲ့တယ်လို့ပြောရမယ်။ Snap Shot အပေါ်အမြင်ကတော့ ကောင်း ပါတယ်။ ကျွန်တော်တို့ လူငယ်တွေဘယ်လို အလုပ်လုပ်နေလဲ ဆိုတာ ဖော်ပြခွင့်ရတယ်။ အဲဒီလို feeling ကိုသဘောကျတယ်။ ဒီလူတွေက ဒီအချိန်မှာဘာလုပ်နေလဲ၊ ဘယ်လို အလုပ်လုပ်နေတာလဲ ဆိုတာကို ပရိသတ်တွေသိနိုင်တယ်။ Noisy City Studio မှာ ဝန်ဆောင်မှုပေးတာက အသံဖမ်း၊ တီးပေးတယ်၊ ပထမဆုံးလမှာပဲ ကျွန်တော်ကိုယ်တိုင် The Street မဂ္ဂဇင်းမှာ ကြော်ငြာထည့်ထားတယ်။ လွှမ်းပိုင် ဒီအဖွဲ့ထဲကို ဘယ်လိုပုံစံနဲ့ ရောက်လာတာလဲဆိုတော့ အခွေကြမ်းဝေရင်းနဲ့ နား ထောင်ပြီး သဘောကျလို့ ဖိတ်ခေါ်တာနဲ့ R-Body တို့အဖွဲ့ထဲဝင်ခဲ့တာ။ ဒီမှာက ကျွန်တော် ကျောင်းအားတဲ့အချိန် စနေ၊ တနင်္ဂနွေတွေမှာ လာတယ်။ မဂ္ဂဇင်းအတွက်က ကျွန်တော် Download လုပ်ပေးရတယ်။ ကိုယ်တိုင် ဓာတ်ပုံရိုက်ရတဲ့ ခံစားချက်ကတော့ ရိုက်ချင်ပါတယ်။ သူငယ်ချင်းတွေနဲ့ပျော်စရာကြီး ...။ SKB
Copy from Here
Copy from Here
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...