အခု အင်တာဗျူးလေးက ဖိုရမ်လ်မှ ပထမဆုံးအကြိမ် တင်ဆက်လိုက်တဲ့ အင်တာဗျူးလေးဖြစ်ပါတယ်။
RnB လောကထဲက သူများအသံတွေနဲ့မတူ တစ်မူထူးခြားတဲ့ ArT ဆိုတဲ့ RnB အဆိုတော်တယောက်နဲ့ အင်တာဗျူး
ထားတာပါ ၊ ArT လို့ပြောလိုက်တာနဲ့ ခင်ပြင်းပြင်း (Vocal ချစ်တယ်ပြောချင်လို့ အခွင့်ရေးလေး ပေးပါ ) ဆိုတဲ့  Chorus
လေးကိုကြားယောင်မိမှာပါ. . သူနဲ့ Rock ထားတဲ့ Q&A လေးတွေ ဖတ်ကြည့်ကြပါဦး
(Q-1) Ar-T RnB သီချင်းတွေကို ဘယ်အချိန်က စနားထောင်ဖြစ်လဲ ? ဘာလို့ ဒီ RnB ကိုခိုက်သွားတာလဲ ?
(A-1) RnB ကို ၇ တန်း ၈ တန်းလောက်ကတည်းက နားထောင်ဖြစ်တာ။ ဘာလို့ခိုက်သွားလဲဆိုတော့ သူက Dark
ဖြစ်တယ် ။ သီချင်းစာသားတစ်လုံးချင်းစီကို တစ်ကြောင်းချင်း စီအပေါ်လိုက်ပြီး mood နဲ့ expression ထည့်လို့ရတယ်။
စိတ်ထဲမှာ ခံစားနေရတာကို express လုပ်လို့ ကောင်းတယ်။ ဒါ့ကြောင့် ဒီ music နောက်ကိုလိုက်ဖြစ်တာ။
(Q-2) ဒီလောကထဲကို ဘယ်အချိန်လောက်က ခြေစုံပစ်လာလဲ ? အခု ဘာတွေလုပ်နေလဲ ?
(A-2) ၂၀၀၈ လောက်က စပြီးဝင်လာတာဘဲ။ အစက ကောင်းကောင်းမလုပ်ဖြစ်ဘူး၊ ရန်ကုန်ကိုလည်း တစ်နှစ်နေမှ
တစ်ခေါက်ရောက်တာ။ တစ်ပတ်နေပြီးပြန်ပြီ။ ၂၀၀၉ ခုနှစ် ၁၀ လပိုင်းကနေစပြီး music ကို ဇောက်ချလုပ်ဖြစ်တယ်။
အခုရန်ကုန်မှာပဲနေတော့တယ်။ ရန်ကုန်မှာနေတာ အခုဆို ၅ လရှိပြီ။
(Q-3) အခုလက်ရှိလုပ်နေတဲ့အခွေမှာ ဘယ်နှစ်ပုဒ်လောက်ပါမလဲ ?
(A-3) အခုလုပ်နေတဲ့အခွေမှာ ၁၀ ပုဒ်လောက်ပါမယ်။ သီချင်းစုတာ ပြည့်သွားပြီ။ အတီးပိုင်းက ၄ ပုဒ်လောက် ကျန်တယ် ။ အရေးပိုင်းက အားလုံးပြီးသွားပြီ။ တီးမဲ့ song producer တွေကတော့ KGK, YDNB နဲ့ OBO ပါမယ်။
ကျန်တာ session player လည်းပါမယ်။ ရေးတာကတော့ ကျွန်တော် (၈)ပုဒ်ရေးထားပါတယ်။ ကျန်တဲ့(၂)ပုဒ်က J-Me နဲ့
နောက်လူကြီးပိုင်း တေးရေးဆရာ တစ်ယောက်ပါမယ်။ ဘယ်သူလဲတော့ မပြောတော့ဘူး။ မသေချာသေးလို့။
(Q-4) ဘယ်သူတွေ Feature လုပ်ထားသေးလဲ ?
(Q-4) Featuring က J-Me, OBO brother (G-Tone,သုတအေး)၊ Bigg-Y, Chit Soe နဲ့ တခြား Rapper တွေလည်း
ပါဦးမယ်။
(Q-5) J-Me နဲ့ ပိုတွဲဖြစ်သလိုပဲနော်.. သူက ဘယ်လို Support တွေပေးလဲ ?
(A-5) ဟုတ်တယ်။ ဒီလောကထဲကို J-Me ကပဲခေါ်လာလို့ ရောက်လာတာပါ။ ၂၀၀၈ မန္တလေး သင်္ကြန်မှာ အလုပ်
အတူတူ လုပ်ရင်းကနေ ရင်းနှီးသွားတာ။ အဲ့ဒီနောက်မှ Music တွေအတူတူ လုပ်ဖြစ်တာပါ။ အစစအရာရာ Support
လုပ်ပေးတယ်။ သူက ကျွန်တော့ရဲ့ Manager လည်းဟုတ်တယ်။ Vocal Guide လည်းဟုတ်တယ်။ ညီအစ်ကိုလည်း
ဟုတ်တယ်။ သူ့ကိုကျွန်တော် လေးစားတယ်။ အရမ်းလည်းကျေးဇူးတင်တယ်။
(Q-6) Ar-T ကို တခြားဘယ်သူတွေက ကူညီပေးကြလဲ ?
(A-6) နောက် KGK ပေါ့။ပြီးတော့ သဇင်၊ Melody ၊ သူတို့တွေက ကျွန်တော့်ရဲ့ ရန်ကုန်က မိသားစု ညီအစ်ကိုမောင်နှမ
တွေပါ။ သူတို့တွေမရှိရင် ကျွန်တော် ဒီလောက်အဆင်ပြေမှာမဟုတ်ဘူး။ နောက်ပြီးတော့ ဒါရိုက်တာ ဦးအောင်ကိုလတ်၊
ကျွန်တော်အခုသူနဲ့အနုပညာအလုပ်တွေအတူတူ လုပ်နေပါတယ်။ သူ့ကြော်ငြာသီချင်းတွေမှာ ဆိုထားတယ်။
(Q-7) 9 Night- 2 မှာလည်း Ar-T ပါတယ်နော်... ဘယ်နှစ်ပုဒ်ဆိုဖြစ်လဲ ?
(A-7) တစ်ပုဒ်ပါတယ်။ ကျွန်တော်တစ်ယောက်ထဲပါ။
(Q-8) 9 Night- 2 က အရင်ထွက်မှာလား တကိုယ်တော်အခွေက အရင်ထွက်မှာလား ?
(A-8) 9 Night- 2 က အရင်ထွက်မှာပါ။ Single က အချောမဆိုရ သေးတာတွေကျန်သေးတယ်။ ကြာဦးမယ်။
(Q-9) Show ပွဲတွေမှာ Ar-T ကို တွေ့လာရတယ်နော်... ဟိုတလောကလဲ မေသန်းနု ပွဲမှာလဲတွေ့တယ်။ ရှိုးပွဲအတွေ့အကြုံတွေကိုလည်း ပြောပြပါဦး
(A-9) ရှိုးကတော့ တော်တော်ဆိုဖြစ်တယ်။ များသောအားဖြင့်J-Me ပါတဲ့ Show တွေဆိုရင် ဆိုဖြစ်တယ်...အခုတော့
တောက်လျှောက်ဆိုဖြစ်မှာပါ။ မေသန်းနု ပွဲကတော့မဆင့်ကို ကူညီတာပါ အဲ့ဒီအခွေထဲမှာ Melody နဲ့ Duet တစ်ပုဒ်
ဆိုထားတယ်။ ပရိတ်သတ်တွေရှေ့မှာ ဆိုရတော့ ပိုပြီးပျော်မိတာပေါ့။
(Q-10) Ar-T အကြိုက်ဆုံး ပြည်တွင်းပြည်ပ R&B အဆိုတော်က ဘယ်သူဖြစ်မလဲ ?
(A-10) ပြည်တွင်းကအကြိုက်ဆုံး R&B အဆိုတော်မရှိပါဘူး။ Rockထဲမှာ ကိုလေးဖြူကို အကြိုက်ဆုံးပါ HipHop
ထဲမှာ J-Me ကိုအကြိုက်ဆုံးဘဲ။ ပြည်ပကတော့ Mariah Carey နဲ့ R-Kelly ပါ ။
(Q-11) Ar-T ရဲ့ သီချင်းတွေပရိတ်သတ် ဘယ်တော့လောက် နားထောင် ရမလဲ ?
(A-11) ကြိုးစားနေပါတယ်။ ထွက်ခါနီးရင် ကျွန်တော်အသိပေးပါ့မယ်။
(Q-12) Ar-T တခြားအနုပညာလုပ်ငန်းတွေ ဘာတွေများ လုပ်ဖြစ်လဲ ?
(A-12) တခြားက အခုကျွန်တော် Album စီစဉ်သူအဖြစ် Melody, J-Me တို့နဲ့တွဲလုပ်နေပါတယ်။ Melody က Producer ပါ။ J-me နဲ့ ကျွန်တော်ကတော့ စီစဉ်သူပါ။ ဒီအခွေမှာ ရန်ရန်ချမ်း၊J-me ၊ G-Tone၊ ချမ်းအေးဝင်း၊ ဘိုလေး၊
Ar-T၊ Melody ၊ သဇင်၊Jenny ၊ စန္ဒီမြင့်လွင်၊အိမ့်ချစ် နဲ့ Bobby Soxer တို့ပါမယ်။ HipHop နဲ့ R&B Album လေးပါ။
အဲ့ဒီအခွေထဲမှာ ကျွန်တော် (၅) ပုဒ်ရေးထားပါတယ်။
(Q-13) အခုတခြား အဆိုတော်တွေအတွက် သီချင်းတွေ ရေးပေးနေတယ် ကြားတယ်၊ ဘယ်သူတွေ အတွက် ရေးပေး ဖြစ်လဲ ?
(A-13) အခု ကျွန်တော် Melody ၊ မိုးဟေကို၊ သဇင်၊Jenny ၊ အိမ့်ချစ်၊ သံသာဝင်း၊ Lဆိုင်းဇီ နဲ့ တခြားအဆိုတော်တွေကို
ရေးပေးနေပါတယ်။
(Q-14) Ar-T အနေနဲ့ ကျွန်တော်တို့ http://myanmarhiphopsouljas.com/ ကို တစ်ခုခုပြောပေးပါဦး
(A-14) မိုက်ပါတယ်။ တစ်ကမ္ဘာလုံးဝင်ကြည့်တဲ့ Web Site ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
(Q-15) ပရိတ်သတ်ကို ဘာများပြောချင်ပါလဲ
(A-15) အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ကြိုးစားနေပါတယ်။
အခုလိုအချိန်ယူ ဖြေကြားပေးတဲ့  Ar-T ကို http://myanmarhiphopsouljas.com/ မှ အထူးကျေးဇူးတင်ပါတယ်...
Upcoming appearance of Ar-T
1. 9 Night Hip Hop Live Show Album 2 (group)
2. Hotness Hip Hop & RnB Album (group)- produced by Melody
3. Hip Hop အတုနဲ့အစစ်-၂ (Group)-Produced by lin bin hein
4. မေသန်းနု Birthday Live Show (Group)
5. J-Me's second Album
6. G-Tone's solo Album
7. ချမ်းအေးဝင်း solo Album
8. အနဂ္ဂ solo Album
9. Cyclone's solo Ablum
10. သဇင် solo Ablum
11. သံသာဝင်း solo Ablum
12. စန္ဒီမြင့်လွင် solo Ablum
13. Jenny's solo Ablum
copied from myanmarhiphopsouljas.com
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...