ကျွှန်တ်ာကိုရီးယား Hip Hop တွေသိပ်နားမထောင်ဘူး။ အရမ်းကို Pop'ish ဖြစ်လွန်းလို့။ ဒါပေမဲ့ ဒီတစ်ပုဒ်ကိုတော့ လွန်ခဲ့တဲ့ ၆လလောက် Youtube မှာ လျှောက်ကြည့်ရင်းနဲ့ Rating မြင့်လို့ ဝင်ကြည့်မိလိုက်တာ အာပါး.... လန်ထွက်နေတယ်ဆိုတာ ဖြစ်သွားတာနဲ့ ညီအစ်ကိုတွေကို Share ပေးလိုက်တာ။ Lee Min Woo (M) လို့အတိုခေါ်တဲ့ Korean Pop, RnB Singer ရဲ့ အခွေထဲမှာ ပါတဲ့ တစ်ပုဒ်ပါ။
M က သူ့ရဲ့ လေးခုမြောက်ဖြစ်တဲ့ M Rizing အခွေထဲက ဒီတစ်ပုဒ်မှာ Big-Tone (G-Tone လို လန်ထွက်နေတဲ့ကောင်) မှာတွဲပြီး Crunk'n'B စတိုင်လ် လေး သောင်းကျန်းထားတာ။ စာသားတွေက လန်းတယ်... မိန်းကလေးတွေကို Mocking လုပ်ထားသလိုရေးထားတာ။ သဘောအားဖြင့် ကောင်မလေးကို သူလိုချင်ပေမဲ့ သူမချစ်တတ်ဘူး၊ တစ်ခြားကောင်မလေးတွေကိုလည်း သဘောဆက်ကျနေတဲ့ အကြောင်းရေးထားတာပါ။ ဒီမှာ Here 4Shared Link ဒေါင်းလို့ရပါတယ်။
DJ Lynn
Peace out!!!
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...