Double U [DJ Wine] - Hip Hop လောကအတွက် (မန္တလေးက Rappers တွေကအမြဲ Hip Hop လောကအတွက်... ရန်ကုန်က Rappers တွေက အမြဲ Hip Hop လောကအတွက်...)
မိတ်ဆက်ပေးချင်တာက DJ Wine ရဲ့ Dance Music မဟုတ်တဲ့ Hip Hop Dub Remix ပါ။ ပထမဆုံး အသုံးအနှုန်းတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ကျွှန်တော်တို့ Hip Hop လောကမှာ Remix Songs တွေကို Dub Mix/Mash-Up လို့ခေါ်ပါတယ်။ မူရင်းသီချင်းကို နောက် Artist တစ်ယောက်က သူ၏ကိုယ်ပိုင်ဟန်နဲ့ ပြန်လန် လန်းဆန်းရင် Dub Mix လို့ သုံးစွဲပြီး Mash-Up ဆိုတာက မတူတဲ့ သီချင်းတွေကို ရောစပ်ပြီး Remix လုပ်ရင် သုံးနှုန်းပါသည်။ ခုမှ အာရုံလာလို့ Review ပေးချင်တာက Hip-Hop လောက အတွက်လို့ ပရိတ်သတ်ရင်းနီးတဲ့ ရဲလေး ချမ်းအေးဝင်းတို့ ရဲ့ သီချင်းကို ကို Wine က သူ့အထာနဲ့ ဝုန်းဒိုင်းကြဲပေးထားပါတယ်။ အရသာနှစ်မျိုးပေးထားပါတယ်။ Rap စာသားတွေကတော့ Album ထဲက စာသားတစ်ချို့နဲ့ ကွဲထက်နိုင်ပါတယ်။ ဟာ Remix က ရွတယ်ဆိုလို့ ခေါင်းထဲမှာ ဘယ်လို Vocal Dubbing လုပ်လဲ စဉ်းစားလို့ ခေါင်းမကြည်ရင်တော့ အာရုံမများလိုက်ပါနဲ့။ ဒါက Acapella ပါ။ Acapella ဆိုတာ DJ တွေအတွက် Vocal Tracks တွေကြီးပဲ ပါတဲ့ CD တွေပါ။
ပိုပြီးနားထောင်လို့ ကောင်းတာကတော့ Mix 1 ပါ။ ဘာဖြစ်လို့လဲဆိုတော့ Mix Down လုပ်ထားတာ ပိုကောင်းလို့ပါ။ Vamp Guitar လေးနဲ့ မျောရတာ Lil Wayne ရဲ့ Lollipop နှင့် Prom Queen တို့က အရသာလေးနဲ့ နည်းနည်းဆင်နိုင်ပါတယ်။ ဒါပေမဲ့ သူအထာလေးနဲ့ သူပါ။ Dance ဖက်က လာတဲ့ DJ ဖြစ်တဲ့ အတွက် ကို Wine ရဲ့ Beat တွေက KGK တို့လိုတော့ သောက်ရမ်းမလန်းပါဘူး။ ဒါပေမဲ့ တော်တော်လေးတော့ ဂွတ်ပါတယ်။
ကျွှန်တော်ကတော့ Mix 2 ကိုပိုကြိုက်ပါတယ်။ ပိုပြီး Experimental ဆန်ပါတယ်။ Cho မှာတုန်းထားတဲ့ Synthesizer က Color လဲကောင်းပါတယ်။ ပြီးတော့ Psychedallic ဆန်တဲ့ Synthesizer တီးခတ်မှုကြောင့် ရေလည် Dope သွားတာပါ။ Mix 2 က Beating လဲပိုကောင်းပါတယ်။ Snare အလုံးလေးတွေ ကစားတာ လှပါတယ်။ Lil' John တို့ရဲ့ Crunk ပုံစံ Snare အဆင်းလေးတွေနဲ့ပါ။ နောက်ထပ်ကောင်းတာက Bass Synthesizer ပါ။ Acidized ဖြစ်လွန်းပါတယ်။ Distort ဖြစ်ပြီး ကွဲထက်ပြီးတော့ စီးကပ်နေပါတယ်။ Moog Synths တွေကိုတောင် သွားသတိရသေးပါတယ်။ ဒီ Track ကတော့ Mix Down လေးပဲ ဂွမ်းသွားပါတယ်။
Peace Out!!!
DJ Lynnᴸᵎᵑ
Dub Mix 1
Dub Mix 2

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...