Jouk Jack - အပြင်မှာ မိုးတွေရွာ

CHO:
အပြင်မှာမိုးတွေရွာနေတယ် တမင်တကာငြိုးနေသလား
အရင်တခါ တို့တွေ့ဘ၀တွေလည်း ကြင်နာဖို့နေသာ
ရင် ခွဲ ချင်လဲ ဒီအသည်းမှာ
နင်ဘာလို့ သိမ်းသွားလဲ ငါရင်မှာဆို့နေတာ
ကုန်ကာသွားတဲ့ ရာသီနဲ့ နာရီလက်တံကို
နုံကာ အ တဲ့ ငါသည်လဲ ကဗျာသီစပ်နေလို့
ပေါ်မလာ မျှော်ရဒီဘ၀မှာ ပြန်မလာဖို့ စိတ်ထားရက်တော့ ငါသည် ရှက်နေလို့

Rap 1:
ငါ့အနားက ရုန်းပြေးကာသွားတဲ့မင်းကို (အရှုံးပေးလိုက်ပါတယ်)
ဒုံးဝေးလိုက်တာကလဲ ကြည့်ပါဦးလို့ ဘယ်သူမှ မကြားချင်တဲ့
သတင်းဆိုးနဲ့ သူ့အနားမှာမှ နားချင်ခဲ့ ငါယုယစွာနဲ့ ငါထားချင်ခဲ့သမျှ တစ်ခုမှ အရာမထင်လဲ
မင်းပြောလိုက် ဘယ်သူနားမှာ သွားနားချင်လဲ
ခုကြမှ လူကြားသူကြားမှာ ဘယ်သူမှ မတူရအောင် လူပါးဝချင်တယ်
ငါမိတ်ဆက်ပေးခဲ့လို့ အခုမှစခင်တဲ့ ငါ့သူငယ်ချင်း အရင်းခေါက်ခေါက်
နောက်ကို အတင်းတကောက်ကောက်လိုက်ပြီး ပြုစားတာမြင်ချူစားတာအရင် သူ့အနားကလဲမခွါ
လမ်းတွေ့ရင်လဲ မမြင်ချင်မှအဆုံး သူ့ကားထဲမှာ ပါလား (တခါတုန်းက အနမ်းကို ရင်ထဲမှာ လွမ်းလို့)
ဘယ်သူမှ မကြားချင်တဲ့ မင်းသတင်းကို အခုငါကြားရင်လဲ မိုင်သောင်းချီ သမုဒ္ဒရာများပင်လယ်
လက်ပစ်လို့ကူးကာသွားချင်ခဲ့ အခြေအနေကထူးခြားမလာခြင်းနဲ့ အမြဲတမ်းကို တွေ့ကြုံနေရတော့
နောက်ဆုံးကျစကားလက်ဆောင် တစ်ခု ငါပါးချင်ရဲ့
ငွေဆိုတာအခုမှဖွါးမြင်တဲ့ (ငွေဆိုတာအခုမှဖွါးမြင်တဲ့) လောဘတွေ မကင်းစင်နိုင်တဲ့ မငြင်းချင်တဲ့
မင်းရင်ထဲက ဒုတိယဘုရားသခင်ပဲ..




CHO:

Rap 2:
မာနနဲ့သိက္ခာ တသီကြီးပေါ့ ချိုးချက်က အရမ်းကိုလန်းတယ်
မိုးထက်က နှုတ်ခမ်းကိုမှန်းတဲ့ မြေပြင်ကအနမ်းတပွင့်က တန်မယ် ထင်သလားတဲ့
ဖြစ်မှဖြစ်ရလေ အသစ်ရတော့ ချစ်ခဲ့ကြတဲ့ နွေရာသီလဲ မေ့ချင်ယောင်တွေဆောင်
နှင်းဆီကိုလွမ်းတယ်ဆိုပြီးတော့ ခရေပန်းကို နမ်းချင်နေသေး
မိန်းကလေး မင်းကိုလဲ အရမ်းငါရင်တွေလေး ဟိုစံပါယ်ပန်းကိုလဲ လက်ကမ်းချူ
အကွက်ဆန်းသူကစားပြီး လှမ်းချင်နေသေး
ဟား ဟား ယုံလွယ်သလားတော့ မမေးနဲ့ ဟိုတနေ့က ဒဂုံစင်တာမှာငါတွေ့တယ်
လူတယောက်ရှေ့မှာငါ့ကို နင့်အစ်ကိုလို့ မိတ်ဆက်ပေးမယ်ပြော
အထာတွေကို ဒက်ပြီး ခေါင်းရှောင်သွားကတည်းက စိတ်ပျက်သေးတယ်ပေါ့
ကြိတ်မက်ပေးခဲ့သော မင်းအတွက် ငါအိပ်မက်လေးရဲ့သဘောကို
အလွန်တရာ အားနာမိလို့ မင်းတကယ် စပွန်ဆာထားတာမသိလို့ အရင်က
မင်းနောက်ငါ တကောက်ကောက် လိုက်ပြီးတော့ မရွံမရှာ သွားကာကြည့်လို့မြင်မှ
ကြားတဲ့အတိုင်းကို ဖြစ်နေတယ် သြော် စကားနဲ့ရိုင်းလို့ မဖြစ်ပေမယ့်
ငါ့ဘက်က ဒါထက်မကလဲ ဘ၀နဲ့နှိုင်းလို့ ငါချစ်နေတယ်
ပလိန်းကြီးကို ခါချလွန်းတာပဲ အသက်သာငယ်တယ်
ခင်ဗျားလေးတကယ်တော့ ဆရာကျလွန်းပါတယ်

CHO:

Rap 3:
အ လို့ ချစ်တဲ့ အချစ်ဆိုတာလဲ ဘ၀ပါပျက်မယ့် အပစ်ဆိုလားပဲ မနှစ်မြို့ကြပဲ
ဒီနွံထဲမှာလဲ နစ်လို့သွားတဲ့လူပါဆိုပြီး ဖြစ်လိုကြတဲ့ အသစ်ကိုထားပြီး
အဟောင်းဆီပြန်တဲ့လူ ဖြစ်ဖို့ကလဲမလွယ် ငါ့အချစ်ကို ကျားအဖြစ်ထိုး
နောက်အလှည့်မရတော့မှ ကောက်ကက်စားပြီး နင်းဖြိုသွားခဲ့
တကွက်မှားတဲ့ ကျားကအစားခံရတယ် မင်းလိုလားခဲ့တဲ့ ဟိုအရင်တချိန်က
သီချင်းဆိုစားတဲ့ လူက အခုစာရင်းပိုလားဟဲ့ဖြေ မခံနိုင်တဲ့ ဒီအသည်းကိုမှ အတင်းကို ဓါးနဲ့မွှေ
မစာနာပဲ ခါးတဲ့ဆေးမို့ မစားပဲ အဝေးကိုလွှင့်ပစ်ရက်ခဲ့သူ
ဗိုလ်တထောင်ကမ်းနားလဲ တဖြေးဖြေး အညိုရောင် သန်းသွားတယ်
ငါ့ကို အမြဲ ငိုအောင် ဖမ်းစားတဲ့ ဒီအချစ်က ဒီကမ္ဘာမြေပြင်က ရှိသမျှအရာထက် ပိုတောင်ခမ်းနားတယ်
ဒီဘ၀ကို တို့နှစ်ယောက်ဆက်ပြီး ဘယ်လို လျှောက်လှမ်းကြမလဲ ငွေရှိမှ ဖြစ်မယ်ဆိုတော့လဲ
ရွှေထီးမှ မိုးမပေးနိုင်တော့လဲ ငါ့အချစ်က ပိုအောက်တန်းကျသတဲ့ အရာရာမှာ ဇ တကယ်ပျင်းတဲ့ ငါ့သူငယ်ချင်းနဲ့
ငါ့သူငယ်ချင်းနဲ့ ငါ့ရှေ့မှာ တွဲပြခဲ့ခြင်းဟာ တချက်မြေကြီး အသက်ရှင်ပြီးမှ ဘ၀သေသွားတဲ့ ငါ့ရဲ့သီချင်းပါ
ခဏပဲမင်းလာ အပြီးထွက်သွားတဲ့ ခရီးဆက်များတဲ့သူ

CHO:

Download Link Here

Credit to Myanmar Hip Hop Souljas

Comments