ကျွန်တော်တို့ MHC အနေဖြင့် Mixtape တစ်ခွေ ထုတ်ရန် စဉ်းစားထားသည်....။ ထို Mixtape တွင်ပါဝင်လိုသူ မည်သူမဆို ကျွန်တော်တို့ထံသို့ မိမိတို့နှစ်သက်သည့် မည်သည့် သီချင်းကိုမဆိုပေးပို့နိုင်သည်.....။ သီချင်းအရေအတွက်ကို လည်းအကန့်အသတ်မရှိ ပို့နိုင်သည်....။ သို့သော် ကျွန်တော်တို့မှ သီချင်းများထဲမှ စီစစ်ပြီး အခြေအနေအရ ထည့်သင့်သလောက်ကို ထည့်သွားမည်ဖြစ်သည်....။ ထို့ကြောင့် အဆိုရှင်တစ်ဦးလျှင် ရွေးချယ်ခံရပါက သီချင်းတစ်ပုဒ်မှ သုံးပုဒ်အထိပါနိုင်ခွင့်ရှိသည်....။ ကျွန်တော်တို့ ထုတ်မည့် mixtape တွင်ရွေးချယ်ခံရပါက အကျိုးခံစားခွင့်အဖြစ် ငွေကြေး ရရှိမည်တော့မဟုတ်ပါ...။ သို့သော် ကျွန်တော်တို့ ပြုလုပ်လိုက်သည့်ခွေသည် အွန်လိုင်းတွင် လုံးဝလူတွေကြားထဲရောက်စေရမည်ဟု အာမခံသည်....။ ထို့ပြင် မကွေးတွင်တော့ အဆင်ပြေလျှင် ထိုခွေထုတ်ပြီး အလကားဝေပေးရန်လဲ အစီအစဉ်ရှိသည်...။ ထို့ထက်ပို၍ အသေးစိတ်သိလိုလျှင် ကျွန်တော်တို့အား ဆက်သွယ်၍ မေးမြန်းနိုင်သည်....။
ဆက်သွယ်ရန် - MHC.MHM.Ghetto.Kingz@Gmail.Com & MHC.HipHop@Gmail.Com
သီချင်းပို့ရာတွင် -
***ကြားရက်များတွင် အပြောင်းအလဲ ရှိသည်များကို ဆက်လက်၍ ကြေညာသွားမည်ဖြစ်သည်.....။***
ဆက်သွယ်ရန် - MHC.MHM.Ghetto.Kingz@Gmail.Com & MHC.HipHop@Gmail.Com
သီချင်းပို့ရာတွင် -
- မိမိပို့လိုက်သော သီချင်းသည် မိမိကိုယ်တိုင် ဖန်တီးထားသော သီချင်းဖြစ်ကြောင်း (လုံးဝ) အာမခံနိုင်ရမည်.....။ သူများသီချင်းအား အလွဲသုံးစားပြုခြင်း (လုံးဝ) မဖြစ်စေရ....။
- သီချင်းခေါင်းစဉ်ကို တိတိကျကျ ဖော်ပြပေးရမည်....။
- အဆိုရှင်အမည်ကို ရှင်းလင်းစွာ ဖော်ပြပေးရမည်....။
- { MHC.HipHop@Gmail.com & MHC.MHM.Ghetto.Kingz@Gmail.com } Mail 2 ခုလုံးသို့ ပို့ပေးရမည်....။
- ဧပြီ၂၀ နောက်ဆုံးထား၍ ပေးပို့ရမည်......။
- Mixtape အတွက် ဟုထည့်ပေးရမည်....။
***ကြားရက်များတွင် အပြောင်းအလဲ ရှိသည်များကို ဆက်လက်၍ ကြေညာသွားမည်ဖြစ်သည်.....။***
MHM.Ghetto.Kingz
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...