အချစ်သီချင်း-LIT ကောင်းမြတ်, စိုင်းစိုင်းခမ်းလှိုင်, မျိုးကျော့မြိုင်, ဇေယျာသော် & Alex

အချစ်သီချင်း

Lil' KM: မွန်းကြပ်တဲ့ နေ့ရက်များမှာ ငါ့ကိုယ်ငါ ပြန်သုံးသပ်ခဲ့ ......

လွဲမှားစွာ ဆုံးဖြတ်မိတဲ့ ငါ့ရဲ့မှားတဲ့ ဆုံးဖြတ်ချက် ......
ဟိုတုန်းက ပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့ အတိတ်ဘ၀ ...
လမ်းများစွာ လျှောက်ကာသွားခဲ့ အဲဒီနေ့တွေ မေ့မရ ...
မေ့မရပါ အတိတ်ဘ၀ကို ငါ့ရဲ့စိတ်မှာ လွမ်းနေတုန်း....
လွမ်းနေတုန်း နှုတ်ဆက်သွားတာ အခုတော့ ငါ့မှာ လမ်းတွေဆုံး ...
လမ်းတွေဆုံး ချစ်သူလေးကို ငါ့ရဲ့ အနားမှာ ရှိချင်သေးလို့ ....
စိတ်ကူးယဉ် ငါ့ရဲ့အတွေးဟာ ကောင်းကင်ကြီးပြို မဲမှောင်မိုက်လို့.........

Sai Sai: ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကိုဆွဲကိုင်ထား ....
အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိလဲ သိချင်သား
ဟိုးအရင်ကလို မင်းရဲ့အနားမှာ ရှိချင်တာ
ဒီလိုနဲ့ပဲ သစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေ
မိုးဆောင်းနွေ ပြက္ခဒိန်တွေ တစ်မျိုးပြောင်းနေ
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ....အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ...လွဲခဲ့ရတဲ့ တို့နှစ်ယောက်ဝေး.............

Alex: အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့
ဒီစိတ်နဲ့ ရူးနေလို့ ရင်ထဲမှာ သိပ်ချစ်မိတာကို
Lil' KM: လွမ်းစရာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကို

ZYT: လူတွေ လွမ်းဆွေးတွေးငေးပြေး ဟိုအဝေး ...
ဒါပေမဲ့လဲအချစ်နဲ့ကင်းကိုမကင်းနိုင်တော့လဲ စိတ်တွေလေး
ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတလျှောက်မှာ ရေတွက်လို့မရ
မာနတွေခ၀ါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘ၀ အချစ်ကြောင့်ပဲ စိတ်တွေပြောင်းသွား
အချစ်စိတ်နဲ့ အရာအားလုံးကို ထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့ အသက်ဆက်ရှင်နေရပါလား

MKM: အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလဲ ရေးခဲ့ဖူးတယ်
အချစ်ဒုက္ခ အချစ်မရှိမှ တယောက်ထဲပဲ ၀မ်းနည်းခဲ့ရ
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တခါတလေတော့လည်း စိတ်ညစ်ဖူးတယ်
အချစ်နာကျ အချစ်ဒဏ်များ မခံနိုင်တော့လည်း အရှုံးပေးဦးမယ်
စွဲလန်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်
အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘ၀မှာ တယောက်ထဲရှိမယ်
တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ
ကိုယ့်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်

Alex: အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့
ဒီစိတ်နဲ့ ရူးနေလို့ ရင်ထဲမှာသိပ်ချစ်မိတာမို့
MKM: လမ်းမှာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကို

ZYT: လူတွေ လွမ်း ဆွေး တွေး ငေး ပြေး ဟိုအဝေး ...
Lil' KM: လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါ့ရဲ့မှားတဲ့ ဆုံးဖြတ်ချက် ......
ဟိုတုန်းကပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့ အတိတ်ဘ၀ ...
ZYT: အတိတ်ကိုတွေး စိတ်မှာဆွေးမိတယ် အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ လွဲခဲ့ရတဲ့ တို့နှစ်ယောက်ဝေး



အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာသိပ်ချစ်မိတာမို့
လွမ်းစရာတွေ့ရင် ရူးလောက်အောင် စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာသိပ်ချစ်မိတာမို့
လမ်းမှာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကို

မေးလ်မှတစ်ဆင့်ရသည်.........။

Comments