ကြက်ဖ ရဲ့အိမ်တွင်းရေး (အဖေ)

ညညကျ လမသာဘူး မိုးလင်းတိုင်းလဲ နေမထွက်ခဲ့
ငါ့ဘ၀ က မလှပါဘူး ကလေးဘ၀ထဲက အဖေငတ်ခဲ့
ကိုယ့်ဘ၀ ကို မကျေနပ်လဲ ဘယ်လိုလုပ်မလဲ အမေးပဲရှိတယ် အဖြေမထွက်ခဲ့
မဆိုင်သူတွေ အနေမတတ်လို့ သားအရင်းကို အမွေဖြတ်တဲ့
ငါ့အဖေကို လူတွေက ဘယ်လိုထင်မှာလဲ
အနှိမ်ခံရ အပြောဆိုခံရ ဘ၀တစ်လျှောက်လုံး ခိုဝင်စရာမဲ့
မိဘရဲ့ အနမ်းတစ်ပွင့်တော့ သားသမီးတိုင်းလိုချင်တာပဲ
ငါ့ဘ၀ ထဲ ခဏ၀င်ကြည့် ရင်နာလွန်းလို့ ငိုချင်မှာပဲ
ငါ့ဆီမှာ ဘာအပြစ်ရှိလို့ ငါ့အဖေ ငါ့ကို ငြို ငြင်တာလဲ
တစ်နေ့နေ့ ပြန်ဆုံရင် ဘယ်လိုကြင်နာမလဲ
အဖေ့ရင်ခွင် ပူလားနွေးလား
အဖေ့အနမ်းတွေ ချိုလားမွှေးလား
အနမ်းတွေက နွေးထွေးပါ့မလား
ငါ့ကိုကော ထွေးပွေ့ပါ့မလား မထွေးပွေ့ခဲ့
ငါ့ရဲ့မျှော်လင့်ချက် က တဖြေးဖြေးနဲ့ ဆွေးမြည့်ခဲ့
အဖေ့ အမေက အဖေ့သားကို ဈေးကလေးတဲ့ ဈေးခွေးတဲ့
ဒါတွေကို အဖေသိရဲ့လား
သားရှေ့ မှာ ခဏတစ်ဖြုတ်လောက် နေကြည့်ခဲ့လား
သားတစ်ယောက်လုံး ရှင်ပြုချိန်တောင် အဖေရှိရဲ့လား

လှည့်လို့တောင် မကြည့်တော့ဘူးလား ဖခင်စိတ်မရှိတော့ဘူးလား
ကိုယ့်သွေးသားမှန်း မသိတော့ဘူးလား ငါခေါ်ရင်ကော အဖေကထူးမလား
ဝဍ်ကြွေးတွေဘယ်တော့ ကုန်မလဲ မိသားစုဘယ်တော့ ဆုံမလဲ
အဖြေမသိခဲ့ပါ နေကြည့်ခဲ့တာ အဖေမရှိလဲငါ နေတတ်ပြီ




အဖေ
အပြင်မှာ ကျွန်တော် ခေါ်ခွင့်မရလို့ သီချင်းထဲကနေ ခေါ်နေမှာပဲ
ပြန်ထူးရင် ပိုက်ဆံရတဲ့ သူတောင်းစားလို ပျော်နေမှာပဲ
ငါ့သားလို့ အဖေထူးမဲ့ အသံ နားစွင့်ပြီး အော်နေတာပဲ
လာမလားလို့ အိမ်ပေါက်ဝက တံခါးဖွင့်ပြီး မျှော်နေတာပဲ
မိုးသာချုပ်သွားတယ် ငါ့အဖေမလားဘူး
ငါ့ညပေါင်း ၁၅ နှစ်လုံး လတွေမသာဘူး
ငါ့မှာတော့ အိပ်မက် တွေမက်လိုက်ရတာ
ဘယ်တော့မှာ ပုံပြောပြီးချော့သိပ်မလဲ
အဖေ တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့
ဘယ်နေ့မှာ ပခုံးဖက်ပြီး လမ်းတွဲလျှောက်မလဲ
အိပ်မက်က အိပ်မက်ပဲ
လက်တွေ့မှာ သိပ်ခက်ခဲ
ပိတ်ကြပ်ခဲ့ စကားတွေက လည်ချောင်းဝမှာ လူသေကောင်လို အိပ်စက်ခဲ့
ဘ၀နာလို့ အံကိုတောင် နှုတ်ခမ်းပြတ်အောင် ကြိတ်တတ်ခဲ့ တောက် အား!!!!!!!
ဝဍ်ကြွေးနဲ့ ကံကြမ္မာ မင်းတို့ ငါကို ဘယ်ထိဆက်ပြီးနှိပ်စက်မလဲ
ဝဍ်ကလဲ မကုန်တော့ဘူးလား
ကမ္ဘာနဲ့နေ ငါနဲ့အဖေ ပြန်ဆုံဖို့ ကံ မရှိတော့ဘူးလား
ခွေးတစ်ကောင်လို အော်နေရတာ တစ်ချက်ကလေးမှ လှည့်လို့တောင် မကြည့်တော့ဘူးလား

လှည့်လို့တောင် မကြည့်တော့ဘူးလား ဖခင်စိတ်မရှိတော့ဘူးလား
ကိုယ့်သွေးသားမှန်း မသိတော့ဘူးလား ငါခေါ်ရင်ကော အဖေကထူးမလား
ဝဍ်ကြွေးတွေဘယ်တော့ ကုန်မလဲ မိသားစုဘယ်တော့ ဆုံမလဲ
အဖြေမသိခဲ့ပါ နေကြည့်ခဲ့တာ အဖေမရှိလဲငါ နေတတ်ပြီ

မွေးထားပြီး ကိုယ့်ကလေးကို တာဝန်မယူဘဲ ပစ်ပယ်ခဲ့လား
ဒါနဲ့များမိဘတိုင်းက ကိုယ့်သားသမီးကို ချစ်တယ်တဲ့ လား
အလိမ်အညာတွေပေါ့
ဒါမှ မဟုတ် ငါ့ဘ၀ရဲ့ ကျိန်စာတွေပေါ့
အားငယ်ပြီး ငိုချင်လာတယ် ကလေးချင်းတောင်နှိမ်ကာနေတော့
ငါ ပြိုင်စရာ ရွှေလဲ မရှိဘူး ငါကိုင်စရာ ငွေလဲမရှိဘူး
သူဌေးသားတွေ ၀ိုင်းအနိုင်ကျင့်လို့ ပြန်တိုင်စရာ အဖေလဲ မရှိဘူး
ငါ့သူငယ်ချင်း အဖေတွေဆို သူတို့သားကို သိပ်ချစ်တာပဲ
ဘယ်အရွယ်ရောက် မှ အဖေ့ရင်ခွင်မှာ ခေါင်းမှီပြီး အိပ်ဖြစ်မှာလဲ
အခုတော့ မင်းအဖေကောလို့ မေးလာရင် ဘယ်ပြေးရမလဲ
ကိုယ့်သားသမီး မျက်နှာငယ်မှာ တစ်ချက်ကလေးမှလဲ ထည့်မတွေးကြနဲ့
ငါလက်ညှိုးဘယ်သူ့ဘက် လှည့်ပေးရမလဲ
ကျောင်းအပ်တိုင်း လိုက်မလာတဲ့ အဖေ့နာမည်ကို
ငါဘယ်လို အင်အားမျိုးနဲ့ ထည့်ရေးရမလဲ
မင်းဆိုရင် ဘယ်လိုဖြေမလဲ
သူများတကာ သားအဖတွေ ပျော်နေပြီဆို ရပ်ပြီးတော့ငိုနေခဲ့
ငါ့ဘ၀က ပျက်ပြီးတော့ ပြိုနေလဲ
ငါ့ပုခက်ကို လွဲမပေးခဲ့တဲ့ ငါ့အဖေကို ဆက်ပြီးတော့ ရိုသေဆဲ

Download With Mediafire

Credit to Here

Comments