ရသ(တခါတုန်းက)

ဒါကလဲကျွန်တော့သူငယ်ချင်းကဆိုက်မှာမရှိသေးလို့ရေးပေးလိုက်တာပါ
ကျေးဇူးသူငယ်ချင်း
==============

(ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုံး လွယ်လွယ်နဲ့မေ့ဖို့မလွယ်လို့
မမေ့ခဲ့အခုချိန်မျိုး ငိုချလိုက် တိမ်တွေလို ကြွေပြီမျက်ရည်မိုး)

ဒီလိုမျိုးမိုးအေးအေးလေး အိမ်ထဲမှာငါ နွေးနွေးထွေးထွေးနဲ့ တွေးဆွေးဆဲ အတိတ်ကအဝေးမှာဟေ့ ငါ့ဘေးမှာတွေ့ သူ့ပတ်စ်ပို့ပုံသေးသေးလေး ဆေးတွေမှိန် ခပ်ရေးရေးဝါး အရောင်တွေတောင် ထွက်ပြေးလို့သွား မေ့လို့မရ အဲဒီနေ့တွေငါမြင်ကျူရှင်ကအဆင်း မိုးတွေရွာရင် ထီးတစ်ချောင်းအောက် အတူတူလမ်းတွေလျှောက်ခဲ့ လမ်းမှာလေကြမ်းတွေကြောင့် ကြွေမနွမ်းတဲ့ ခရေပန်းတွေကောက် ဇာတ်လမ်းတွေ သူ့နှုတ်ခမ်းနဲ့ ခြွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက် တိုးဝှေ့နေကြပါ ဒီလိုမိုးရည်တွေကြားမှာ အမျိုးတွေတွေ့သွားမလား တချို့တလေ အဖေကြားမလား စိုးရိမ်တတ်သူ ငါတို့တွေေ၀၀ါးစွာမက်ခဲ့တဲ့ အိမ်မက်ကလဲ ကျိုးကြေကြေမွကာ ပျက်ခဲ့တယ် မိုးရည်တွေကြားမှာပဲ တို့တွေကမ္ဘာခြားကာဝေးသွား ဟိုမှာမင်း ကျန်းမာရေးဂရုစိုက်ဖို့ မှာချင်တယ် မမေ့ပါနဲ့ ရုပ်ရှင်တွေထဲကအတိုင်းဆို တော်တော်လေး အေးမှာပဲ အဖော်အလှော်တွေ တွေ့ကာပျော်ပျော်နေမှာ ဖုန်းဘယ်တော့ ခေါ်မလဲလို့ မျှော်နေတာ မျှော်နေတာ....

(Cho)...................




စာလဲမကျက်ချင်ပါ ငါညဘက်တိုင်း ဆက်တိုက်ထပ်မပျက်မကွက် အိပ်မက်တွေမက်ရင်ငါ ချက်ချင်းအိပ်မက် လှည့်ပတ်ရင်းရှာ မိုး....မိုးက ရက်နှစ်လတိုး ပြောင်းလဲခဲ့ နှုတ်ဆက်ရင်းသာငို တခါတုံးကငါ့ဘ၀ မျှော်လင့်ချက်နဲ့ အသက်သွင်းထား လက်ငင်းကမ္ဘာ ပျက်ယွင်းကာပြိုငါဆိုတဲ့ ဒီသီချင်း မင်းဟိုကနေ နားထောင်နေမလား ရဲမင်းသိန်းဆိုတဲ့ ချာတိတ် သူ့ရဲ့အသံကို ကြားယောင်နေမှာ ခဏလောက်ဖြေပါ နီစပ်စပ်အသားရောင်တွေကြား ကိစ္စများမြောင်နေကာ ဘာကြောင့်ဟိုကတခြားကောင်တွေစကား နားယောင်နေမှာလဲဒါကသက်သေ ကဗျာစပ်နေဒီမှာ နောက်လှည့်ကြည့်လှည့် အဲဒီကဗျာစာရွက်တွေ ၀ါဖန့်နေပြီကွာ ဟောင်းခဲ့ပြီပဲ မကြာမကြာ ချက်တွေအင်တာနက်တွေအထိငါ ငယ်ငယ်တုံးက မင်းနာမည်ကို အခါခါရှာဖတ်နေမိတာ အနာဂတ်တွေရှိမှာပဲ နှုတ်ခမ်းတွေတောင်ပြာ အပြတ်အေးသည့်ည မိုးတွေကြား လမ်းတွေလျှောက်ကာပတ် အတွေ့အထိက ချမ်းနေသလောက်ငါ မရပ်ပြေးပြီးရှာ ကမ္ဘာတဖက်အဝေးကြီးက အလွမ်းတွေကြောင့် အနာမကျက်သေးသည့်အရာ ဆေးမရှိပါ.... မြန်မာပြည်ကနေ အမှာဆက်ခြွေမိတာ မိုးတွေရွာလျက် ဟေ့ဒီမှာ......

(Cho)...................

မှန်မှန်ဖြေ အရင်ကဇာတ်လမ်း လွမ်းသလားမေးချင် ကမ္ဘာတခြမ်း ကွာဝေးဆဲ မင်းအလှ မှန်းကာတွေးမြင် တမ်းတအဆွေးသီချင်းတွေ မဆိုချင်ပဲနဲ့ ဆိုနေရပြီ အကယ်၍ လမ်းမှာတွေ့ရင် မင်းမှတ်မိအုံးမလား ငါ့အခန်းတံခါးစေ့ရင် ရှိခဲ့တဲ့အတိတ်ကပြီးခဲ့တဲ့ ကိစ္စတွေ မသိခဲ့သလိုမျိုးပဲ အချိုးနဲ့နေဖို့လဲ မလွယ်လို့ပဲ တကယ့်ကိုပဲ မစဲတဲ့မိုးထဲမှာ ဘယ်လိုလဲမိုးရယ် အညှိုးနဲ့ရွာခဲ့သလိုပဲ တခါထဲကို ငါ့အသည်းကိုခွဲ သေသွားပြီ
ဘာနဲ့သင်္ဂြိုဟ်မလဲ......

Comments