ငွစန္ဒာဆီကိုရောက်ဖို့ ဇင်ယော်ငယ်တောင်ပျံဖြန့်လို့
လေအဟုန်က ရင်ကိုခွဲထွက် ဝေဟင်မှာဇီိဝိန်ကျိုးပဲ့
ငါဘယ်လိုသေအောင်ကြိုးစား နေချင်တယ်နင်နဲ့ဝေးရ
ဝေဒနာတွေရင်မှာပြည့်ကျပ် ငိုသံတွေလည်မျိုကွဲအက်လို့
လမင်း မင်းကြောင့်လား စင်ရော်ငှက်ရင်ကွဲသေတာ
ဒါဆို ငါရူးအောင်ပြုစားခဲ့တာနင်ပဲနေမှာ ရတယ်
သူငယ်ချင်းအဆင့်လောက်တောင်မခင်လည်းနေပါ
ငါ့ကိုမတားနဲ့ ဆက်ပြီးငါချစ်နေဦးမှာ
ဒါပေမယ့် နင့်အတွက်ငါက အနှောက်အယှက်လို
ထပ်ပြီးသာဖြစ်နေဦးမှာ နင့်ဘက်က မပေးချင်တဲ့အချစ်
အတင်းကြီးငါ လုမကြိုက်ဘူး စိတ်ချ
ငါတို့တွေပတ်သက်ခဲ့သမျှ အတိတ်က ကိစ္စ
ခေါင်းထဲမှာ ပေါ်လာတိုင်း ညညငါအိပ်မရ
အရူးတစ်ယောက်လို အချစ်သီချင်းတွေ
ဟစ်ကြွေးနေဦးမယ် ငါ့အချစ်ကို နတ်ဘုရားတွေ
စစ်ဆေးနေတုန်းပဲ မိုးလင်းထိ သူတို့ငါ့ကို
အပြစ်ပေးနေတုန်းပဲ တစ်ရေးနိုးတိုင်းပြန်ချစ်မလား
ယောင်ပြီးမေးနေဦးမယ် နင်ကတော့
အိမ်မက်ထဲတောင် ရှောင်ပြီးပြေးနေတုန်းပဲ
အတွေးကမ္ဘာထဲ မျောရင်းနဲ့ငါ ကြောင်းပြီးငေးနေဦးမယ်
ဒီလိုနဲ့အတွေးတွေမဆုံးခဲ့ ဖြစ်မလာလည်းဆွေးနေရုံပဲ
တွေးနေရင် သတိဝင်လာတော့ ငါတို့ဝေးနေတုန်းပဲ
ငွေစန္ဒာဆီကိုရောက်ဖို့ ဇင်ယော်ငယ်တောင်ပျံဖြန့်လို့

ဒါတွေကိုနင်သိခဲ့ရင် အထင်တွေသေးမှာလား
ဒါမှမဟုတ်ရင်ငါတို့နှစ်ယောက်အခြေအနေဝေးမှာလား
မသေချာမရေရာတဲ့ငါရင်တွေလေးလာကာ
မျှော်လင့်ချက်အရိပ်ယောင်တောင်မြင်မနေသေးပါကွာ
ငါကတော့ငါ့မာနကို မဆင်မခြင်ဘေးမှာထား
ဖွင့်ပြောရင် အဖြေပေးမယ်လို့
အထင်အမြင်အတွေးကမှား နင်အခါခါဆင်ခြေပေးတာက
ရည်းစားဆိုတာကြာလာရင်အနေဝေးမှာပါ
ဒီအတိုင်းဆက်နေရအောင်တဲ့
ငါကမှမနေချင်တာ
မိတ်ဆွေဘဝ အသိဘဝတွေ ဘာဘဝမှမနေချင်ပါ
ရှင်းရှင်းပဲပြောမယ် နင်နဲ့ပဲနေချင်တာ ဒီတစ်သက်
နင့်မေတာကို မမြင်ဘဲနဲ့မသေချင်ပါ မရခဲ့လို့
သေရင်တောင် မသေခင်နာရီကိုကြောက်လို့
ငါလာခဲ့မယ် ငါ့လိပ်ပြာမကြွေခင်မှာ အချိန်မီရောက်ဖို့
လေအဟုန်ကရင်ကိုခွဲထွက် ဝေဟင်မှာဇီဝိန်ပျောက်လို့
ငါ့ဝိညာဉ်ဆက်ပျံနေဆဲ ငွေစန္ဒာဆီကိုရောက်ဖို့

လည်မျိုတွေကွဲလို့သွားလည်း ငါငိုနေမှာပဲ
ဘယ်သူမှမတားကြနဲ့ ငါဆိုနေတာလည်း နင်မရှိပဲ
တစ်ယောက်တည်းပဲ ငါဘယ်လိုနေရမလဲ
နင်ပေးမယ့်နင့်မေတ္တာကိုသာလိုနေတာပဲ
ဒီသီချင်းကို ဆိုနေရင်းနဲ့လာကြိုနေတာလည်း
အချိန်တွေပဲ ကုန်သွားလည်း ဒါအပိုတွေပါပဲ ကဲပါ
ငိုမနေပါနဲ့ လောကမှာ အချစ်ဆိုတာဒီလိုတွေပါပဲ
ဒီလိုတွေပါပဲကွာ ငိုမနေပါနဲ့ အားလုံးဝိုင်းတားနေကြလည်း
ငါငိုနေမှာပဲ ဒီသီချင်းကိုဆက်ပြီးတော့သာဆိုနေမှာပဲ
သူနေချင်တာ ငါ့ဘဝရဲ့အစ်ကိုနေရာတဲ့
ပြဿနာမရှိပါဘူး ငါကလည်းရိုသေတာပဲ
ငါသူ့ကောင်မလေးကို ဘာဖြစ်လို့မနာလိုနေတာလဲ
သူ့ရဲ့ဂရုစိုက်မှုကို ဘာဖြစ်လို့ဒီထက်ပိုပြီးလိုချင်တာလဲ
ငါ့နားထဲ သူ့အသံက ဘာဖြစ်လို့ချိုနေတာလဲ
ပြောရင်းနဲ့ငိုချင်လာပြီ ဘာလို့ငါငိုချင်တာလဲ
(ငွေစန္ဒာဆီကိုရောက်ဖို့ ဇင်ယော်ငယ်တောင်ပျံဖြန့်လို့

ဝေဒနာတွေရင်မှာပြည့်ကျပ် ငိုသံတွေလည်မျိုကွဲအက်လို့) x 2
Download With Mediafire
Download With Ifile
Download With Mirrorcreator

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...