သူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တာပါ
ကျေးဇူး
===============
နွယ်ပင်ရယ် ငါချစ်တယ်... ရင်နာလဲချစ်ဦးမယ်....
၁၅နှစ်အချစ်ကိုသိချင်တယ် ဗဟုသုတအဖြစ်သာ ၁၆နှစ်အခုမှစဉ်းစား ဒုတိယအဆင့်မှာ နောက်ပြီး၁၇နှစ် စိတ်ထဲမှာဖြစ်လာခဲ့ လူ့ဘ၀အတွင်းက ဘယ်သူမှမကင်းပါဆိုတဲ့ သမုဒယသစ္စာ ၁၈နှစ် ရည်းစားစာတွေရေး စာသားအနုအရွနှင့်ငါ ၁၉နှစ်မှာ အချစ်ကယစ်မူးစရာဖြစ်လာ ၂၀-၂၁ကြည်နူးခဲ့ ချစ်သူရဲ့အယုယအကြင်နာ ၂၂-၂၃မှာသူကပစ်ခွာတော့ ကုမရဖြစ်ကာ သူ့ရဲ့အတူအပမေတ္တာနဲ့ ထုတာဆစ်တာ သစ္စာဆိုတာ တခုမှအနှစ်သာရမရှိ အသည်းကွဲတဲ့ဖီးလ်အစ ငါကသိ အချစ်ကိုဆက်ရှာကာကြည့်မိတဲ့အခါမှာ ငြိလာတာ ရည်းစားတွေများတဲ့လူဆိုပြီး ၀ိုင်းပြောလာကြပါပြီ အတိတ်ကိုမေ့ခဲ့ ၀တ္ထုတစ်ပုဒ်လို အစကပြန်ရေးမယ် ငါမရှာပဲ တဖြည်းဖြည်းဘေးကိုရောက်လာတဲ့ ကောင်မလေးရဲ့အလှရင်ကိုအေးတယ် အဲဒီနေ့ကထဲကစ အချစ်တွေအားလုံးပေး တဘ၀လုံးအတွက်ရွေးချယ် အဝေးကြီးလဲ မခွဲချင်တော့ဘူး အတူတူနေချင်တာ မနက်ကညအထိ အလေးအနက်ထားပြီးချစ်ခဲ့ လူများတွေအားကျနေကြပြီ ငါတို့ကြားမှာ အတားအဆီးဘာတွေပဲရှိရှိ ရှေ့ဆက်သွားမည် သစ္စာစကားဆိုပြီး တိုင်တည် ဘုရားတောင်နားငြီး....
(နွယ်ပင်ရယ် ငါချစ်တယ် ရင်နာလဲချစ်ဦးမယ် နွယ်ပင်ရယ် ငါချစ်တယ် ရင်နာလဲချစ်ဦးမယ်...)
ပိုင်ပိုင်နိုင်နိုင် လက်ကိုကိုင် ငါ့ပေါင်ပေါ်ထိုင်ကာ သံယောဇဉ်အတူခိုင်မာလာ ရတနာဝင်းထိန်ရဲ့ အချစ်ဇာတ်လမ်းအစလို အရမ်းခမ်းနားဆန်းပြားတဲ့ အနမ်းများခြုံလွှမ်းထားပြီး နှစ်ယောက်ထဲ တူတူပုန်းတမ်းကစား ဘော်ဒါတွေပြောတာဟေ့ အချစ်ကပီကယ်လို ဒါပေမယ့် မင်းက ငါမ၀ါးပဲ ငုံထားတဲ့ပီကယ်မျိုး ဒီလိုပြောတော့ ရယ်တယ်အိုး မျက်နှာလေးနီရဲလို့ ပိုးဟပ်ဖြူလေးလို့စရင် ရုပ်တည်နဲ့ ရှိုး တစ်ချီထဲလို့ ခွင့်တောင်းပြီး ရင်ဘတ်ဟောဒီ့ထဲကိုမှီလှည့်ဖို့ တစ်ယောက်နဲ့တစ်ယောက် ကျီစယ်ရင်း အချိန်ကခြောက်နာရီလဲထိုး ငါကမင်းရဲ့ SheShadow နှုတ်ခမ်းနီပေါ့ မင်းနှုတ်ခမ်းတွေကို ပန်းချီဆွဲသလို ဤကဲ့သို့ ဤကဲ့သို့ ရင်ခုန်နှုန်းအဆက်မပြတ် ဇာတ်ရှိန်အမြင့်ဆုံးမှတ် သူ့အပြုံးတစ်ချက်နဲ့တင် တစ်သက်လုံးအတွက် သေချာသွားပြီလို့ သုံးသပ်ဆုံးဖြတ် ငါ့ဘ၀ထဲက ဘယ်လိုနည်းနဲ့မှ ရုန်းမထွက်ဘူးလို့ ပြောနေတုန်း ငါ့သူငယ်ချင်းတွေက ဖုန်းဆက်ပြီးတော့တား သတိတော့ထားတဲ့ သူ့ရဲ့နောက်ကွယ်မှာရှိသောဇယား စုံစမ်းကြည့်တော့ အများကြီးဆိုတာ ငါသိသောအခါ ကြိတ်မှိတ်ပြီး ရောဂါကျွမ်း ဒီတော့မှတကယ်ပင် မင်းဟာ စိတ်တစ်ခုလုံးရစ်ပတ်ငြိ ထစ်လျှော့မရတဲ့နွယ်ပင်......
CHO.....
ငါမေးသမျှကိုမင်းတစ်ခုမှ ပြန်မဖြေဘူး မငြင်းဆန် အားလုံးက အမှန်တွေဟု တမင်ငြိမ်သက်စွာ ၀န်ခံနေသူ အမှားကိုပြင်ရန်ငါကတော့ မျှော်လင့်လဲ မင်းဘက်ကတော့ မပြင်ဘဲ တခြားသူတွေနဲ့ ပေါ်တင်တွဲပြီး လျှော်ပစ်ခဲ့ငါ့ကို ပြတ်သားစွာနဲ့ အပျော်တင်ပဲ ရည်းစားဆိုတာ သူ့အတွက် သတ်မှတ်ထားတာတဲ့ အတူရှိခဲ့တဲ့ ရက်များစွာလဲ မေ့ရက်တာလက်ဖျားခါတယ် ဖုန်းဆက်တာလဲ မကိုင်တော့ ငါ့ကိုဖြတ်သွားတာပဲ မင်းဘက်ကပဲ ဇာတ်လမ်းစ အချစ်ကိုဗန်းပြပြီး နှုတ်ခမ်းများနဲ့ ဖမ်းစား ဒီနှုတ်ခမ်းများနဲ့ ငါ့ကိုတချိန်က အသက်အောင့်ပြီးပဲ နမ်းသလား အမှန်သိဖို့လမ်းစမရှိ မေးချင်တဲ့ မှတ်တမ်းများသည် ရင်ထဲအပြည့် ပြန်တမ်းတနေပြီ လူဆက်လုပ်ချင်စိတ်ကို ကုန်နေပြီ ဓာတ်ပုံထဲက သူ့ရုပ်ကလေးကြည့် မမြင်နိုင်တဲ့ စိတ်ထဲက ရှုပ်ထွေးပွေလီ ဟုတ်တော့ဟုတ်နေပြီ ဒီကောင်ခု ငုပ်တုပ်မေ့နေပြီ လမ်းပြကယ်တင်မလိုနဲ့ ရင်ကိုခွဲ သိမ်းပိုက်ချုပ်နှောင်ခဲ့ နွယ်ပင်လိုပဲ........
Download Here

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...