ကျော်ထွဋ်ဆွေ(ရှေ့ဆက်ရန်မရှိ )

ရှေ့ဆက်ရန်မရှိ ( Kyaw Htut $we (feat . TharGyi) )

ဘာကြောင့်မင်းနဲ့တွေ့မှ ငါ့စိတ်တွေယိုင်လဲ
ပထမဆုံးဖုန်းစဆက်တဲ့နေ့ ကတည်းက အခြေမခိုင်ခဲ့ ..
ဒီတိုင်းဆိုနေနိုင်တယ်..ပြုံးမပြနဲ့ ငါသေနိုင်တယ်...သတ်..
မင်းစိတ်မှာထင်နေမှာပေါ့…ငါ့က.. ငပေစတိုင်နဲ့..
တကယ်တော့အလှမ်းမမှီတဲ့ပန်း..မသိလို့နမ်းချင်ခဲ့တာ..
စိတ်မှာအရမ်းထင်ခဲ့ငါ..တကယ်ဆိုအကန်းပန်းချီဆွဲတမ်း..
ဆော့နေသလိုဘဲ..နင်ကငါ့ရဲ့အနမ်းမထိတဲ့နှုတ်ခမ်း..
ဝေဇယန္တာလမ်းမထက်မှာ..အဲဒါငါ့အလွမ်းရှိတဲ့လမ်း…
ဒီအချိန်ဆိုသူ နှစ်ချိုက်စွာ အိပ်ပျော်နေလောက်ပြီ..
စောင်အောက်က သူ့ခြေချောင်းလေးတွေ တစိတ်ပေါ်နေလောက်သည်..
သူ့အိပ်မက် တွေလှပစေ ..ဖက်အိပ်နေကျ Teddy Bear လေးကျိတ်ပျော်နေလောက်ပြီ …

CHO : ( မင်းနဲ့တွေ့ဆုံခဲ့ပေမဲ့ ..မင်းရဲ့အချစ်တို့ရချင်ခဲ့..
ငါတို့နီးစပ်ဖို့အတွက်လမ်းစများကို ရှာဖွေနေရင်းနဲ့..
ကံကြမာငါ့ဘက်မရပ်တည်ခဲ့တော့ …အဆုံးသတ်အလွမ်းတို့နဲ့ငါရူး..
မျှော်လင့်ခြင်းများ ပြတ်ကာသုံးခဲ့… ငါ့အတွက်ရှေ့ဆက်ရန် မရှိလို့…. )



အရင်ဘဲအကြောင်းတွေ ပြောရင် အလိုက်တသိနဲ့နားထောင်ပေးပါတယ်…
သူ.စိတ်ရှုပ်တဲ့နေ့ဆို ဖုန်းချလို့ခဏ ရှောင်ပေးတာဘဲ..
မိသားစု ငါးယောက်ဘေးမှာလည်း ..သူကအငယ်ဆုံးဆိုတော့
သူ့အတွက်ဆို အသက်ပိုကြီးတဲ့ ငါ ..မောင်လေးအထာနဲ့ ..
ဘယ်တော့မှ ငါ့အကြောင်းအတွေးကမ္ဘာ နဲ့တွေးမှာလည်း ..
အဲလို့မေးလာတဲ့အခါရှောင်မပြေးပါနဲ့..
မင်းကငါ့အတွက်တွေးစရာနဲ့ ဆွေးစရာဘဲ..အရင်ကရေးထားတဲ့
သီချင်းတွေပေးထားတယ်…တယ်လီဖုန်းလေးဘေးနားရယ် ..
speaker ခလုတ်ကိုဖွင့်ပြီး..Guitar တလုံးနဲ့ငါအလွတ်ကျက်ပြီး. .
ဟေ..ဘာတဲ့ ..ဆိုပြဘူးတာ အရေးမကြီးဘူး… တေးသွားနဲ့ ..
ဒီဇင်ဘာ (၃၁) တညလုံးဖုန်းပြောမယ်လို့ ကတိတွေပေးထားခဲ့ …
နောက်တော့ သိလိုက်ရတယ်.. အခြားတယောက်နဲ့အဆင်ပြေနေတာတဲ့ ….

CHO : ( မင်းနဲ့တွေ့ဆုံခဲ့ပေမဲ့ ..မင်းရဲ့အချစ်တို့ရချင်ခဲ့..
ငါတို့နီးစပ်ဖို့အတွက်လမ်းစများကို ရှာဖွေနေရင်းနဲ့..
ကံကြမာငါ့ဘက်မရပ်တည်ခဲ့တော့ …အဆုံးသတ်အလွမ်းတို့နဲ့ငါရူး..
မျှော်လင့်ခြင်းများ ပြတ်ကာသုံးခဲ့… ငါ့အတွက်ရှေ့ဆက်ရန် မရှိလို့…. )

တရက်ပြီးတော့ တရက်နဲ့စောင့်ခဲ့တာ …မျှော်လင့်ချက်များအားလုံး
အခုတော့ မြောင်းထဲမှာ … မင်းပျော်ရင်ပြီးရော ခေါင်းထဲက
ငါနဲ့ပါတ်သတ်တဲ့အမှတ်တရတွေ တိုတောင်းလဲကွာ ..
မင်းအတွက်ဆိုဘယ်တော့မှမပြောင်းလဲပါ…ဘယ်သူရှိလဲ
တယ်လီဖုန်းထဲကနေ ပုံပြင်ပြောတာ .. ဘယ်သူသိလဲ ..
ကျုရှင်တွေ ဖျတ်..သူနဲ့ ဆုံချင်သောအခါ..
အတူရှိမဲ့ အချိန်တွေဆို လက်ကအစ တုန်ရင်သောငါ …
သူမသိလဲ..သူ့အသံကို သိမ်းထားချင်လောက်အောင် ခုံမင်သောဘ၀ …
ငါ့ကိုမင်း ယနေ့တိုင် ပြန်ချစ်မဲ့နေ့တွေ .. ကိုပေးနိုင်ပြန်ရင် ..
နောက်တော့ မေးနိုင်ပြန်ရင်နဲ့ ..ငါ စိတ်ဓါတ်က ကျလို့ ..
အိပ်ကပ်ထဲ မုန့်လေးကိုင် ပြန်သွင်း ..
မြေကြီးနဲ့ ကောင်းကင် သို့မဟုတ်
ကျော်ထွဋ်ဆွေ နဲ့ အေးခိုင်ဇင်ဝင်း …..

CHO : ( မင်းနဲ့တွေ့ဆုံခဲ့ပေမဲ့ ..မင်းရဲ့အချစ်တို့ရချင်ခဲ့..
ငါတို့နီးစပ်ဖို့အတွက်လမ်းစများကို ရှာဖွေနေရင်းနဲ့..
ကံကြမာငါ့ဘက်မရပ်တည်ခဲ့တော့ …အဆုံးသတ်အလွမ်းတို့နဲ့ငါရူး..
မျှော်လင့်ခြင်းများ ပြတ်ကာသုံးခဲ့… ငါ့အတွက်ရှေ့ဆက်ရန် မရှိလို့…. )^2


Download PDF file for song lyrics

Credit to Here

Comments