မေ့လိုက်
ဒီစကားကို ငါမပြောချင်ပေမယ့် ပြောမယ် ..လမ်းခွဲစို့ဟေ့ အဲ့ဒါ ငါ့သဘောပဲ ..
ဆန္ဒတွေအစောနဲ့၊ သံသယတွေရောပဲ ..အားလုံးမေ့ပစ် မိုးရေထဲမှာမျှောခဲ့ ..
ငါလေမင်းကို မချစ်လို့မဟုတ် ..
ဒါပေမယ့် လမ်းခွဲတာ မင်းအတွက် အကောင်းဆုံးမို့ ..
တတ်နိုင်ရင် ငါနဲ့ပတ်သတ်သမျှအားလုံး မေ့ပစ်ခဲ့
ရှေ့ကိုဆက်ပါ မင်းရဲ့ကြည့်လင်နေတဲ့ နေ့သစ်နဲ့ ..
သိပ်ချစ်တယ် .. ငါသိတယ် ..
ဒါပေမယ့် ငါဆိုတဲ့ကောင်က မင်းအတွက် ကောင်းတာ ဘာရှိလဲ???
ငါ့ဘက်ကို လှည့်မကြည့်နဲ့ .. ငါ့ရင်ထဲက ထွက်ခွာသွားပါ ..
မင်းနေထိုင်တာက ငါနဲ့ ဟိုးအဝေးကြီး နိုင်ငံခြားမှာ ..
အချိန်တန်ရင် မေ့လို့သွားမှာ .. နာကျင်တယ်ဆိုတာ ခဏပါ ..
မင်းတောင့်တနေတဲ့ ပျော်ရွှင်မှု .. ငါနဲ့ဝေးသွားရင်ရမှာ ..
ဒီစကားတွေပြောရင် ငါ့မှာ ၀မ်းနည်းခဲ့ ..
အရမ်းပဲ ငါလွမ်းလည်းပဲ .. မတတ်နိုင်ဘူး ..
မင်းကောင်းဖို့အတွက် လမ်းခွဲမယ် ..

မေ့လိုက် .. ဟိုအရင် အချိန်များကို ..
မေ့လိုက် .. baby တို့နှစ်ယောက်စလုံး ဒီလိုလမ်းခွဲ ..
မေ့လိုက် .. ငါလေ ပြန်မလာတော့ဘူးလို့ ..
eh oh.. အားလုံးပြီးဆုံးလို့သွားတဲ့ တို့နှစ်ယောက် ဇာတ်လမ်းကို ..

ဒီလိုဖြစ်မယ်လို့ ငါမထင်ခဲ့ဘူး ..
ဒီလိုအဖြစ်အဆိုးမျိုး အိပ်မက်ထဲမှာတောင် မမြင်မက်ဘူး ..
ငါခံစားရလည်း ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ဘူး ..
လမ်းခွဲစို့ဟေ့ အဲ့ဒါ မင်းအတွက် အခု ..
မင်းနေ့စဉ်ကျရတဲ့ မျက်ရည်တွေအတွက် နှမျောတယ် ..
ငါနဲ့အတူရှိနေရင် ပျော်ပါတယ်လို့ မင်းကပြောတယ် ..
မင်းအတွက်နဲ့ ငါရင်မောတယ် ..
ရင်နာနာနဲ့ပဲ စွန့်လွှတ်လိုက်တော့မယ် ..
အချစ်ရယ် သွားပါတော့ ..
ငါ့ကို ဆက်ချစ်နေရင် မင်းမှားမှာပေါ့ ..
ဒီဘ၀မှာတော့ ဒီမျှနဲ့ပဲ ကျေနပ်ပါတော့ ..
ငါ့ကို မင်းဘ၀ထဲကနေထုတ်ပြီးတော့ ရှေ့ဆက်ပါတော့ ..
ငါ့လိုမျိုးကောင်ကို မင်းရင်ထဲကနေ လုံးဝကို မေ့ပစ်လိုက်ပါတော့ ..
ငါ မင်းကို မချစ်သင့်ပဲချစ်ခဲ့ ..
ငါတို့နှစ်ယောက် ရည်းစားတွေ မဖြစ်သင့်ပဲဖြစ်ခဲ့ ..
အဲ့ဒါတွေအားလုံးဟာ ငါ့ရဲ့အပြစ်ပဲ ..
မင်းကြိုက်သလိုသာ အပြစ်တင် .. ငါခံယူဖို့ အသင့်ပဲ ..

တစ်ခါတစ်ရံအလွမ်း .. တစ်ခါတစ်ရံအနမ်း ..
မဆိုင်သလို တမ်းတနေမိခဲ့ ..
တစ်ခါတစ်ရံနေ့ .. တစ်ခါတစ်ရံည ..
ဒီရင်ဘက်ထဲက ..
နာကျင်သော ဒဏ်ရာတချို့ ..
ခိုဝင်ကာ ကိန်းအောင်းနေလဲပဲ ..
eh eh.. ငါမှရှိတော့တဲ့ဘ၀မှာ နေရစ် baby.. baby ...
မဆိုင်သလို တမ်းတနေမိခဲ့ ..
တစ်ခါတစ်ရံနေ့ .. တစ်ခါတစ်ရံည ..
ဒီရင်ဘက်ထဲက ..
နာကျင်သော ဒဏ်ရာတချို့ ..
ခိုဝင်ကာ ကိန်းအောင်းနေလဲပဲ ..
eh eh.. ငါမှရှိတော့တဲ့ဘ၀မှာ နေရစ် baby.. baby ...
မေ့လိုက် .. ဟိုအရင် အချိန်များကို ..
မေ့လိုက် .. babyတို့နှစ်ယောက်စလုံး ဒီလိုလမ်းခွဲ ..
မေ့လိုက် .. ငါလေ ပြန်မလာတော့ဘူးလို့ ..
eh oh.. အားလုံးပြီးဆုံးလို့သွားတဲ့ ...

eh oh.. အားလုံးပြီးဆုံးလို့သွားတဲ့ တို့ရဲ့မှတ်တမ်း ...

အရမ်းပဲ ငါလွမ်းလည်းပဲ .. ဟေးမတတ်နိုင်ဘူး .. လမ်းခွဲမယ် ..

Hey, it's not that I don't love you, but you have to go your way.
We will never be together. I love you, baby. I just wanna let you know...
that... I need you... I love you..

မေးလ်ထဲမှရခြင်းဖြစ်ပါသည်..........။
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...