လုံးဝမမေ့သေးဘူး ( ရသ + အိဖြိုးချယ်ရီ )

လုံးဝမမေ့သေးဘူး


ဟိုတုန်းက ဒီလိုအချိန်တွေ အတူရှိကြ အချိန်တိုင်းပေါ့မင်းက ငါ့ဘေးမှာ အခုတော့ အားလုံး ပျောက်ရှသွားပြီ
ဘယ်သူမှ မရှိ ကျန်တာတွေ ဘာမှ မသိ အပြစ်မရှိဘဲ မင်းထွက်သွားတော့ ငါရူးပြီ အခုထိ မေ့လို့မရတာ မင်းသိလား

ငါလုံးဝမမေ့သေးဘူး လှည့်စားဖို့ ၀င်လာခဲ့သူ နင်လေငါ့ကို ရက်ရက်စက်စက်ခွဲခွာသွားတာ အနာတောင်မကျက်သေးဘူး
ငါအခုအလိုချင်ဆုံးက အတူရှိမဲ့ဘ၀မျိုးပါ တစ်ကယ်တမ်းတော့ အားလုံးဆန့်ကျင်ဘက်တွေ ဖြစ်လို့ ငါစိတ္တဇဖြစ်ပြီကွာ

စပ်မထားတဲ့ကဗျာတစ်ပုဒ် ဟိုးမှာတွေ့လား ဖတ်ပြမယ် နှလုံးသားက စွန့်ပယ်လိုက်တဲ့ အလွမ်းထွက်သက်မှန်သမျှ
အောက်ဆီဂျင်ထက်ပေါ့ပါး တိမ်မှာကပ်ထားတယ် အရင်ရင်ဘတ်နဲ့ ကိုယ်တိုင်ဖတ်ပါကွယ်

ဒီနေ့ည အရင်အချိန်တွေသတိရ ငါ့ဘေးနား နင်ပြန်လာဦးမလား အချိန်တိုင်းငါ မင်းပဲမျှော်နေမိတယ်
ဘာကြောင့်လဲ မင်းထွက်သွားတာ ဘာသဘောလဲ ပွင့်ပွင့်လင်းလင်းတစ်ခုခုတော့ နင်ပြောခဲ့ မပြောဘဲ ဘေးနာက မင်းထွက်သွားလို့

ငါလုံးဝမမေ့သေးဘူး လှည့်စားဖို့ ၀င်လာခဲ့သူ နင်လေငါ့ကို ရက်ရက်စက်စက်ခွဲခွာသွားတာ အနာတောင်မကျက်သေးဘူး
ငါအခုအလိုချင်ဆုံးက အတူရှိမဲ့ဘ၀မျိုးပါ တစ်ကယ်တမ်းတော့ အားလုံးဆန့်ကျင်ဘက်တွေ ဖြစ်လို့ ငါစိတ္တဇဖြစ်ပြီကွာ

ဟိုးရှေးရှေးတုန်းကပေါ့ ဟိုယောင်ဒီယောင်ကောင်တစ်ယောက်ရှိတယ်
နောက်ပြီးလဲစမ်းတ၀ါးဝါးနဲ့ မျက်ကန်းတစ္ဆေမကြောက် ဖိနပ်မစီးတော့ အိပ်မက်တွေ ဖနောင့်ပေါက်ပြီးကွဲ
တောက်လျှောက်ဒီခရီးဝယ် ဘယ်လောက်ကြီးပဲကြမ်းဦး
ခြေထောက်အောက်ရောက်ရှိခဲ့သမျှ လမ်းမဟုတ်လမ်းဆိုတောင်လမ်းဆုံးအောင် အိုအောင်လျှောက်မယ်
မှန်းဝကို အဲလိုကောင်နောက်မလှည့်စတမ်း မအားလို အရီအငိုတောင်ပျောက်လို့ နှုတ်ခမ်းကလျှိုပေမယ့်
ရင်ဘတ်ထဲကလဲ ကိုယ်ယောင်ဖျောက်တဲ့အနမ်းများကို တခမ်းတနားလက်ဆောင်ခိုးပို့ဖို့အရှိန်ယူနေဆဲပါပဲ
တောရောက်တောင်ရောက်တိမ်မြုတွေထဲမှာပဲ လျှောက် မင်းနဲ့ငါအတူတည်ရှိခြင်းနေရာ အချိန်မတူနေခဲ့တာနဲ့
ကမ္ဘာ့မိုးလေ၀သရာသီဥတု တိမ်ထူနေဆဲပါပဲ ယနေ့ထိ ချစ်ခဲ့တာအဟုတ် မင်းကိုလဲအပြစ်မဲ့စွာပစ်ခဲ့တာ မင်းနစ်နာဦးမယ်ထင်လို့ပဲ
ဘ၀လောကလမ်းသစ်ဆီ အချစ်တွေထမ်းပိုး ရောဂါကျွမ်းသလို မျောပါစတမ်းဆိုခက်မှာပဲ ခြေလှမ်းမသွက်ခြေရာတွေပဲ ပိုနက်လာမယ်

ငါလုံးဝမမေ့သေးဘူး လှည့်စားဖို့ ၀င်လာခဲ့သူ နင်လေငါ့ကို ရက်ရက်စက်စက်ခွဲခွာသွားတာ အနာတောင်မကျက်သေးဘူး
ငါအခုအလိုချင်ဆုံးက အတူရှိမဲ့ဘ၀မျိုးပါ တစ်ကယ်တမ်းတော့ အားလုံးဆန့်ကျင်ဘက်တွေ ဖြစ်လို့ ငါစိတ္တဇဖြစ်ပြီကွာ
ငါလုံးဝမမေ့သေးဘူး လှည့်စားဖို့ ၀င်လာခဲ့သူ နင်လေငါ့ကို ရက်ရက်စက်စက်ခွဲခွာသွားတာ အနာတောင်မကျက်သေးဘူး
ငါအခုအလိုချင်ဆုံးက အတူရှိမဲ့ဘ၀မျိုးပါ တစ်ကယ်တမ်းတော့ အားလုံးဆန့်ကျင်ဘက်တွေ ဖြစ်လို့ ငါစိတ္တဇဖြစ်ပြီကွာ




မေးလ်မှတစ်ဆင့်ရသည်......။

Comments