လမ်းမတစ်လျှောက် - (G-tone)

လမ်းမတစ်လျှောက် ဖြစ်ပျက်နေတာတွေ ကြည့်ကြည့်
လက်ထဲက မီးခြစ်ကို အခုစမီးငြှိ
မျောလွင့်နေခဲ့ ကမ္ဘာ တိမ်တိုက်လိုဘ၀တွေ
ကြောက်လန့် လို့နေတဲ့စိတ် ဟိတ် ခြောက်ခြားစရာ ညတွေ

ပတ်ဝန်းကျင် တစ်ခုလုံး အပြင်မှာ မည်းလို့မှောင်တိတ်ဆိတ်
ငါ့နှလုံးခုန်သံ ကြားနေရတယ် နားထဲမှာ တဒိတ်ဒိတ်
ချောက်ချားစေခဲ့ လမ်းမများထက် ငါသွားနေတယ်
လူတွေကို ကြည့်လိုက်စမ်း စားဝတ်နေရေးအတွက် လှုပ်ရှားနေတယ်
လမ်းပေါ်မှာရောင်းနေတဲ့ ဈေးသည်
ကိုယ့်ဝမ်းကိုယ်ကျောင်းနေတဲ့ ကလေးငယ်
ရှေ့ဆက်ဖို့ ဘာတွေတွေးမလဲ
မင်းကို ခဏငါလေမေးမယ်
မင်းဘ၀အတွက်စဉ်းစားပြီးတော့ အခုဟေ့ ငါရင်လေးတယ်
လမ်းပေါ်မှာညဥ့်ငှက်တွေ ဇယားရွေ့ကာ ရစ်ပစ်နေ သူတို့ကိုငါမနှစ်သက်ပေ
ဒါတွေက မထူးဆန်းပါ ရန်ကုန်မြို့လမ်းပေါ်က အဖြစ်အပျက်တွေ
လူတိုင်းဟာ မှားနေတယ် ကိုယ့်ဘက်ကိုကြည့် ဇယားတွေနဲ့
တစ်ယောက်နဲ့ တစ်ယောက် တရားတွေမဲ့
အမုန်းပွားကာ ထားနေခဲ့
ဟားနေတဲ့စကားများဟာ ခါးစေခဲ့
အားလုံးငါကြားနေတယ် နားထဲမှာ ငါဂရုမစိုက်ပါ


လမ်းမတစ်လျှောက် ဖြစ်ပျက်နေတာတွေ ကြည့်ကြည့်
လက်ထဲက မီးခြစ်ကို အခုစမီးငြှိ
မျောလွင့်နေခဲ့ ကမ္ဘာ တိမ်တိုက်လိုဘ၀တွေ
ကြောက်လန့် လို့နေတဲ့စိတ် ဟိတ် ခြောက်ခြားစရာ ညတွေ

တစ်ချို့ လူတွေလမ်းမပေါ်မှာ စိတ်ဓာတ်ကျပြီးလက်မှိုင်ချ
မနက်ဖြန်များစွာရှိတယ် ရှေ့သို့လဲမဆက်နိုင်ကြ
ဘ၀တွေက ဒီအတိုင်းပဲပြီးဆုံးလို့သွားမှာလား
ဘာမဆိုလုပ် မင်းဖြစ်နိုင်တယ် ယုံကြည်မှုအပြည့်ထားတာ မမှား
မင်းဆီမှာ ဖုန်းနဲ့ကား အခုမရှိလို့ မင်းငြီးတွားမနေနဲ့
လမ်းပေါ်က ဘ၀တွေ သုညကစကာ တချို့ကြီးပွားနေတယ်
ဒါတွေကို အတုယူ မင်းဘ၀ကိုပြုမူ ပြောင်းလဲဖို့စဉ်းစား
မင်းစိတ်နဲ့ အငြင်းပွား ဒီအချိန်မှာ ပျင်းမလား
မင်းဆီမှာ ပိုက်ဆံတွေရှိရင် ဘာမှလဲ အပိုတွေ မတွေးပါ
လူတွေအားလုံး မင်းကို အခုကြည့် ခေါင်းငုံလို့ အရိုအသေပေးမှာ
ဒါတွေက လောကကြီးမှာ ဖြစ်နေကြပေါ့ မဆန်းခဲ့
အာရုံတွေ ရှင်းပစ်လိုက် ခေါင်းထဲကထုတ် မလွမ်းနဲ့
လူတွေရဲ့ အကျင့်စရိုက်က ပုံစံမတူ တစ်ယောက်ကို တစ်မျိုး
စိတ်တွေက မူမမှန်ဘူး တူနေတယ်မျောက်လိုမျိုး
သူတို့ငါ အကြွင်းမဲ့ ယုံကြည်လောက်စရာ တစ်ခုမှ မရှိခဲ့
ဒုက္ခနဲ့ တွေ့ကြုံမှ ဒီလူတွေအကြောင်းငါသိခဲ့

လမ်းမတစ်လျှောက် ဖြစ်ပျက်နေတာတွေ ကြည့်ကြည့်
လက်ထဲက မီးခြစ်ကို အခုစမီးငြှိ
မျောလွင့်နေခဲ့ ကမ္ဘာ တိမ်တိုက်လိုဘ၀တွေ
ကြောက်လန့် လို့နေတဲ့စိတ် ဟိတ် ခြောက်ခြားစရာ ညတွေ

ငါတို့တွေ လမ်းမတွေပေါ် အမြဲတမ်းအတူတူ လျှောက်သွား
သူငယ်ချင်းတွေ မခွဲတမ်းအမြဲ ညဘက်ဆို သောက်စား
တချို့လူတွေ လမ်းမပေါ်မှာ ရုတ်တရက်ကြီးပျောက်သွား
ငါ့စိတ်တွေချောက်ချား ငါ့စိတ်တွေဖောက်ပြား
အခန်းထဲမှာ ဆေးလိပ်တိုနဲ့ စက္ကူစတွေ ပြန့်ကျဲ
ရှုပ်ရှက်ခက်နေတဲ့ ကြပ်ခိုးတွေကလည်းအနှံ့ပဲ
လူ့ဘ၀အကြောင်းကို ငါစဉ်းစားရင်းသက်ပြင်းချ
အတွေးများနဲ့ အိပ်ရာထဲဝင်ခဲ့ မနက်လင်းမှ

လမ်းမတစ်လျှောက် ဖြစ်ပျက်နေတာတွေ ကြည့်ကြည့်
လက်ထဲက မီးခြစ်ကို အခုစမီးငြှိ
မျောလွင့်နေခဲ့ ကမ္ဘာ တိမ်တိုက်လိုဘ၀တွေ
ကြောက်လန့် လို့နေတဲ့စိတ် ဟိတ် ခြောက်ခြားစရာ ညတွေ

Download with Mediafire

Credit to Here

Comments