Marry (MC ဇေရဲ) Song Lyrics

ဟစ်ဟော့ကြိုက်တဲ့ကျွန်တော့သူငယ်ချင်းတစ်ယောက်လက်ညောင်းခံ
ရေးပီးပို့ပေးလိုက်တဲ့သီချင်းစာသားတွေပါ

ဇေရဲ၊ဘေကြီး၊ယမ်ယမ်တို့ ဆိုထားတဲ့သီချင်းလေးပါ....
ခေါင်းစဉ်ကတော့ လက်ထပ်ချိန်လို့ပဲ ပေးရမလားမသိဘူး....


>>>
အိုး...ချစ်သူ ခင်ဗျားလေးအားကျနေတယ်ဟုတ် တစ်နေ့မှာဒီလိုမင်္ဂလာမျိုး တကယ့်ကိုစားရစေမယ်လို့ ကတိထပ်ပေးတယ် အကြီးအကျယ်လက်တွဲဖြစ်ဖို့က ခင်ဗျားလေးမာနတွေပဲ သေချာတယ် အဲမာနကို ဒီကာယထက်လိုအပ်လို့ ကြိုးစားထား အမျိုးမှာရမယ့်မျက်နှာကြီးကျယ်ရမယ် ဂျီလဲမကျနဲ့ လိုက်ဖက်ညီအောင် စည်းလဲခြားကွယ် သိတဲ့အတိုင်း လင်တော်မောင်ကိုကိုဇေရဲ အသိလဲများတယ် ဟုတ်တယ်မလား ဒီဘဲများလဲ မင်းမကျခင်ကိုယ်ရအောင် နီနီဝင်းရွှေနဲ့အေသင့်ကို သီချင်းတွေဆိုခိုင်းပြီးတော့ ဦးရန်ပိုင်စိုး ဘိသိတ်သွန်းဖို့ငှားမယ် ရည်းစားဟောင်းတွေကြိတ်ဖိတ်ထားမယ် မင်းကရောဖိတ်မှာလား ဟန်နီးမွန်း ပြင်ဦးလွင်ကိုလိမ့်မှာလား ဒါမှမဟုတ် ချောင်းသာကိုပဲ စိတ်ပါလား ဖြစ်လာစေမယ် နောက်နှစ်နှစ်အတွင်း ဒီကိစ္စများ မင်္ဂလာပွဲပြီးရင် Dinnerဆွဲရန် ပြင်ဆင်ဖို့အတွက် အိမ်ပြန်ပြီးတော့ အိပ်ပါကွာ လက်တွေဆုပ်ကိုင် အားကျတဲ့မျက်လုံးတွေနဲ့ အံကိုကြိတ်ကာထား......

(တစ်နေ့မှာလူတွေဆုံနေလို့ ဒီနေ့မှာ နှစ်ကိုယ်တူပျော်ရွှင်လို့ အားကျတဲ့မျက်လုံးတွေထဲမှာ ကိုယ့်ကို ဘယ်လိုလဲအချစ်ရယ် ကျေနပ်လား မင်္ဂလာပွဲဆင်ကာနွှဲ နင်ကိုယ်တိုင်ရွေးလို့ ကျေနပ်ခဲ့ အလိုက်ဖက်ဆုံးအတွဲကို ဒီပန်းစည်းကိုလေပေးမယ်ရွေး
ငါလေပျော်မြူးတယ် တဘ၀လုံးထဲ မင်းရဲ့လက်ကိုတွဲ မင်းအတွက် မိနစ်စက္ကန့်တိုင်းကို ငါဟာဖန်ဆင်းမယ် အချစ်လေး....)




မင်းမိဘရဲ့သဘောတူမှု ဆန္ဒအောက်မှာ မရောက်ခဲ့သူ ပညာတ၀က်နဲ့ အဆိုတော်ဘ၀ ပင်ပန်းအောင်ငါ လျှောက်ခဲ့သူ ဘယ်ငွေကြေးမှ မကြောက်တဲ့သူ သံယောဇဉ်နဲ့သက်ဆိုင်သူ လူဆိုပေမယ့် သံယောဇဉ်ကဗုဒ္ဓကလွဲ ဘယ်သူမှလာပြီး မဖြတ်နိုင်ဘူးလက်ထပ်ခွင့်က လူတိုင်းမှာရှိတယ် လူတိုင်းလောက်တော့ မရခဲ့ဘူး မရခဲ့ဘူးလို့ ရမယ့်လူ နှလုံးသားထက်မှာ ခေါင်းရှိခဲ့လို့ ဦးနှောက်သုံးပြီး မချစ်တဲ့ငါ အရန်သတို့သားတော့ မလုပ်သင့်ပါဘူး စင်ပေါ်ရောက်တဲ့နေ့ သီချင်းလို ပလ္လင်ပေါ် တနေ့ကျမှ ပေးဆပ်ပါရစေ ခုတော့ ရည်းစားဘ၀ကချိုတယ်သိတယ် တခါတလေမှာလဲ ခါးတယ် ဒါဒါပေမယ့်ငါ ခုဆိုနေတဲ့ corus လောက်တော့ လိုချင်မိတာများတယ်...

(အို...ငါအပျော်ဆုံးပဲ အိုး....ဘ၀သစ်ထဲ ကတ္တီပါပန်းခင်းထဲ မင်းရဲ့လက်ကိုတွဲ အိုး..ငါ့လက်ထပ်ပွဲ အိုး...အခုချိန်ကစဘ၀ နောင်နှစ်ပေါင်းများစွာတိုင် ငါမင်းရဲ့လက်ထဲ.........ငါ့ရဲ့ဘ၀က မင်းလေးအတွက်.......)

Yo..ကျနော်တို့သုံးယောက်ကြားဖူးတာကတော့ ချစ်တိုင်းလဲမညား ညားတိုင်းလဲမချစ်တဲ့.... မဟုတ်ဘူး....အဲဒီစကားကို လုံးဝငြင်းပယ်တယ်... ချစ်တဲ့စုံတွဲတိုင်း ညားကိုညားရမယ်...ဟုတ်ပြီ....ချစ်တဲ့စုံတွဲတိုင်း ညားကိုညားရမယ်..

Song Download Here

Comments