ဒီတစ်ခါသူငယ်ချင်းတွေကို ရှယ်ယာလုပ်ပေးချင်တဲ့သီချင်းကတော့
ကျွန်တော့အကြိုက်ဆုံးသီချင်းတစ်ပုပ်ပါပဲ
(အမှတ်တရသီချင်းတစ်ပုပ်ဆိုလဲမမှားပါဘူး)
အမှတ်တရကဘာလဲဆိုတော့
မဆိုစလောက်သော အသည်းကွဲခဲ့တုန်းက
ကျွန်တော်ဒီသီချင်းကို တစ်ရက်လုံးနားထောင်ပီး
ဒီသီချင်းစာသားကို ရေးနေခဲ့တာပါပဲ
တော်တော်လဲ ခံစားလို့ကောင်းတဲ့သီချင်းလေးပါ
(အသည်းကွဲနေတဲ့အချိန်တော့ နားမထောင်နဲ့နော်
ငိုချင်နေဦးမယ် :P)
သီချင်းစာသားတွေပါတင်ပေးလိုက်ပါတယ်
Unknown song (A.W.H)
ဟိုတုန်းကတို့နှစ်ယောက်အချစ်အကြောင်းကိုပြန်ပီးတော့လွမ်းနေလို့
သာယာခဲ့ဖူးတဲ့အချိန်များလဲရင်းနှီးကျွမ်းဝင်ခဲ့လဲ
လူ့ဘဝဆိုတာခက်သားကွယ် ဖြစ်ချင်တိုင်းလဲဖြစ်ခွင့်မရဘူးတကယ်
ကံကြမ္မာဆိုတာကိုပဲအပြစ်တင်ရလောက်အောင်ငါတို့နှစ်ယောက်ကြေကွဲခြင်းက
ချစ်ခွင့်တွေကြုံဦးမကလားနမ်းရှိုက်ခွင့်တွေရဦးမလား
တစ်ခါတွဲလျှောက်ခွင့်တို့မင်းပေးနိုင်မကလား
ဟိုလူ့ရင်မပျော်မွေ့လို့ငါ့ရဲ့ရင်ပြန်လာခဲ့လေ
မင်းအတွက်အမြဲတမ်းတံခါးလေးဖွင့်ထားတယ်ချစ်သူရယ်
မေ့လို့ရအောင်ငါကြိုးစားကြိုးစားလေတော့မှပိုသတိရ
တိုက်ဆိုင်မှုများစွာတွေ့ကြုံလာတိုင်းမှာ
အများမြင်ရအောင်ငါ့မျက်ရည်ကျ
ချစ်ခဲ့ကြတဲ့နေ့စွဲတွေဝမ်းနည်းမှတ်တမ်းအဖြစ်ကျန်ရစ်နေ
နင့်အကြောင်းတွေရေးတဲ့သီချင်းတွေဆိုရင်းငါ့နှလုံးသားထက်ကမျက်ရည်ကျဆင်း
မင်းတစ်ယောက်သာအချစ်ဆုံးမို့ဘဝတစ်သက်စာငါရည်စူးလို့
ပြန်တွေ့ခွင့်ရဖို့တောင်းဆုချွေလို့

မင်းအတွက်အမြဲတမ်းတံခါးလေးဖွင့်ထားတယ်
မေ့လို့ရအောင်ငါကြိုးစား
ကြိုးစားလေတော့မှပိုသတိရ
တိုက်ဆိုင်မှုများစွာကြုံလာတိုင်းမှာ

နင်အကြောင်းတွေရေးတဲ့ကဗျာတွေဆိုလဲကဗျာပေါင်းချုပ်ကြီးတစ်အုပ်ဖြစ်လောက်ပါရဲ့
ချစ်ခွင့်တွေပြန်ပေးမလား
နမ်းရှိုက်ခွင့်တွေရဦးမလား

မင်းအတွက်အမြဲတမ်းတံခါးလေးဖွင့်ထားတယ် ဟိုး ---- ဟိုး
မင်းအတွက်အမြဲတမ်းတံခါးလေးဖွင့်ထားတယ် ချစ်သူရယ်
Download With Mediafire

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...