ကွန်ဂရက်ကျူလေးရှင်း - ထိန်ဝင်း&့သားကြှီုး

လိုချင်တဲ့သူတွေအရမ်းများလာလို့
သီချင်းနားထောင်ပီးတော့ သီချင်းစာသားရေးပေးလိုက်ပါတယ်
သီချင်းနားထောင်ပီး ရေးထားတာဆိုတော့
အမှားတော့ မကင်းနိုင်ပါဘူး
အတတ်နိုင်ဆုံး စုံလင်အောင်ရေးထားပါတယ်
လိုတဲ့နေရာလေးတွေလဲ ဖြည့်ပေးကြဖို့တောင်းဆိုပါတယ်

============================
ထိန်ဝင်း:::
ငါလေမင်းကိုအမြဲတမ်းသတိရပါတယ် နေ့တိုင်းပဲ
သူကလဲငါ့အကြောင်းအမြဲတမ်းတွေး လွမ်းနေတာ အချိန်တိုင်းတဲ့
ဒီလိုမျိုးချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက်အလွမ်းတွေ
ညအိပ်ရာဝင်တိုင်းပဲ အလုပ်တွေရှုပ် ထင်တိုင်းကြဲ
အာကာသဟင်းလင်းပြင်ထဲမှာ လွင့်မျောနေရသလိုပဲနေမှာ
အထီးကျန်ခြင်းဆိုတာက ဘယ်လောက်ပေးဝေးဝေး
ငါတို့နှစ်ယောက် မျဉ်းပြိုင်နှစ်ယောက်ရဲ့အပေါ် ခြေစုံမရပ်မိဖို့ပဲလိုတာပါ
အနေဝေးရင် သွေးအေးတယ်ဆိုတာ တကယ်တော့အပိုပါကွာ
သူနောက်ဆုံးရက်ကို ပြန်ရောက်တဲ့အချိန် ငါလေ မမျော်လင့်ခဲ့
သူ့ရဲ့ဆုံးဖြတ်ချက်တွေ ခိုင်မှာလွန်းအားကြီးတယ်
သူ့အပေါ်ထားရှိတဲ့ သံယောဇဉ်ကိုမှ မထောက်
အဝေးကို လက်မြောက်သွားပြီ တကယ်ပါပဲ
ဘာဖြစ်ဖြစ် မင်းလုပ်သမျငါအားလုံးကျေနပ်ခဲ့ပါတယ်
ထင်သားပဲ စတွေ့ကတည်းက သူ့ရဲ့အကြည့် တစ်ခုခုစိုးထင့်နေသလို
မျက်နှာလွဲကာ အဝေးကိုငေးလို့ မမျော်လင့်တော့ဘူး နောက်ထပ်တွေ့ဖို့
တစိမ်းတွေလိုပဲ သွေးအေးအေးနဲ့မို့ အခုတော့ သဘောပေါက်သွားပြီ
ဒါတွေဟာ တကယ်တော့ -------


သားကြီး::: ငါပြန်တွေးတိုင်း ယုံကြည်နိုင်အောင် အလိုလိုသာ ငါလဲပြို
အဆင်ပြေပါစေ အကြိမ်ကြိမ် ငါဆုတောင်းလို့
ခံနိုင်ရည်တွေ အရည်ပျော်ကာလေ ငိုနေမှာစိုး
ဂုဏ်ယူပါတယ် နင်ပျော်ပါစေ ဒီတစ်သက်လုံး
ပြန်နေချင်တယ် ဟိုအရင်အချိန်လို နင့်အနားမှာ
ကြင်နာချိန်တွေ တခါတလေ မက်မောကာ
ကျင်လည်နေမယ် ဒီကဘာမြေဟိုတစ်ဖက်စွန်း
ပြန်မဆုံနိုင်အောင် ဒီတစ်ခါတို့ဝေးလို့


ထိန်ဝင်း::: လိုရင်ဖုန်းဆက်ပီး မလိုရင်မုန်းတတ်သည်
ငါ့လုပ်ပိုင်ခွင့်တေအားလုံွးလဲ နင့်ရဲ့အဆုံးအဖြတ်ချည်း
စိတ်မဝင်စားပါ သူ့ရဲ့နောက်ကြောင်းအရှုပ်ဇာတ်များရှိရှိ
ရှိလဲနားလည် ခွင့်လွတ်မမုန်းရက်ခဲ့သည်
ငါ့ကိုအခုတော့ထားကာ ဘဝထဲက အပီးအပိုင် နှုတ်ထွက်သွား
နာကျည်းခြင်းလား စက်ဆုတ်ခြင်းလား ဝေခွေမရ ရုတ်တရက်ငါ
အနေအထားတွေ အားလုံးစုတ်ပြတ်သွား
မင်းချန်ခဲ့တဲ့နောက်ပိုင်း ဘဝက တဖြည်းဖြည်း နှုတ်ကွက်ပြ
ငါလေ မသိခဲ့ပါ သူ့ရဲ့နောက်ကွယ်က မြုပ်ကွက်များ
မှားယွင်းစွာ ရေးကာ ရစ်မူးချင်ခဲ့သူ ခဏဝင်လာ
တစ်ချိန်ကချစ်သူ မင်းနဲ့အတူ
မတားချင်ပါ မင်းရဲ့အရှုပ်အနှောင်တွေ မငြင်းခဲ့ဘူး
ဘယ်သူ့ကိုမှ မတင်းခဲ့
လူတွေကိုယုံလွယ်တတ်တာ ငါ့ရဲ့ခြွင်းချက်တစ်ခု
အခုဆို တဇွတ်ထိုး တဇောက်ကန်း ကမူးရူးထိုး
သူ့အလိုကို အားလုံးမဖြည့်ဆည်းပေးနိုင်သောအခါ
မမြဲချင်တော့ သူ့စိတ်တွေ ငါ့အပေါ်ကို
တကယ်တော့ မင်းလေးက ချစ်ဖို့ကောင်းပါတယ်
ငါ့ကို မချစ်တာလေးကလွဲရင်ပေါ့






သားကြီး::: ယုံကြည်တာတွေ ပျက်စီးသွား
မဆုံနိုင်အောင်လေ ထွက်ပြေးအဝေးဆုံးနေရာ
တကယ်ဆိုရင် ရင်တွေကွဲ နာကြင်မဲ့ အဆုံးသတ်ပါ
အပြုံးတုနဲ့ ကြိုက်ကာဟန်ဆောင်ခဲ့လို့
ဒီအိပ်မက်များမျိုး ကံကြမာစေရာ ငြိမ်သက်ခဲ့ရသူပါ
ဒီတစ်ကြိမ်ဟာ နောက်ဆုံးအခွင့်အရေး ငါ့အတွက်ပါ
အဆုံးသက်ဖို့ တို့ရဲ့မနက်ခင်းများ
ငါတကယ်ကို နှလုံးသား တစ်ခုကျွမ်းလောင်နေတယ်
တားမြစ်ခွင့်မရနိုင်ကွယ် အလွမ်းများနဲ့ ဝိုင်းရံနေတယ်
ပူလောင်မွန်းကျပ် ငါ့ရဲ့ဘဝထဲ
လည်နေတဲ့ ငါ့ရဲ့စိတ်တို့ မင်းအပြုံးနဲ့ထပ်တူညီခဲ့လို့


ထိန်ဝင်း::: သူ့ရင်ခွင်အောက် ရောက်ရောက် ဂရုစိုက်နေချင်သေးတာ ငါ့ရဲ့ အတ္တ
ယုတ္တိမရှိဘူးဆိုလဲ အတိတ်ကို ပြန်သွားချင်တာ ငါ့ရဲ့ အတ္တ
နေ့တိုင်းမဟုတ်တောင် တစ်ပတ်တစ်ခါ ဖြစ်ဖြစ်ဖုန်းပြောချင်တာ ငါ့ရဲ့အတ္တ
လမ်းခွဲပေမဲ့ မိတ်ဆွေတစ်ယောက်အဖြစ်ရှိနေချင်တာ ငါ့ရဲ့ အတ္တ
သူ့ဖက်က မိတ်ဆွေတစ်ယောက်အနေနဲ့ကော အသိအမှတ်ပြုနိုင်ပါ့မလား အဲဒါပြသနာ
သူပိုင်ဆိုင်တဲ့သူက ငါ့ထက်သာတယ်လို့ ထင်နေရင် အဲဒါပြသနာ
တစ်ပတ်တစ်ခါအဆက်အသွယ်လုပ်နေလို့ သူ့ခမျာစိတ်ဆင်းရဲနေရင်ရော အဲဒါပြသနာ
နင်ပေးခဲ့တဲ့ အလွမ်းတွေ အနည်မထိုင်သေးတာ အဲဒါပြသနာ


သားကြီး::: ငါပြန်တွေးတိုင်း ယုံကြည်နိုင်အောင် အလိုလိုသာ ငါလဲပြို
အဆင်ပြေပါစေ အကြိမ်ကြိမ် ငါဆုတောင်းလို့
ခံနိုင်ရည်တွေ အရည်ပျော်ကာလေ ငိုနေမှာစိုး
ဂုဏ်ယူပါတယ် နင်ပျော်ပါစေ ဒီတစ်သက်လုံး
ငါပြန်နေချင်တယ် ဟိုအရင်အချိန်လို နင့်အနားမှာ
ကြင်နာချိန်တွေ တခါတလေ မက်မောကာ
ကျင်လည်နေမယ် ဒီကမ္ဘာမြေဟိုတစ်ဖက်စွန်း
ပြန်မဆုံနိုင်အောင် ဒီတစ်ခါတို့ဝေးလို့


Download Congratulation With Mediafire


Comments