Download This Song Here
CHO:အချိန်တန်ပြီဆို ရှောင်မရပါ အမှောင်ကမ္ဘာမရောက်ခင် နောင်တကြားက ငိုနေသူတွေကို ကိုယ်ချင်းစာ
မဆိုင်သလို မနေနဲ့ကွာ ကိုယ့်အလှည့်မရောက်ခင် အချိန်လေးခဏ အဓိပ္ပါယ်မဲ့နေ အယူလွဲများ
ထားခဲ့လိုက်ပါ နွေးထွေးမူနဲ့ မင်းလက်တွေ ကမ်းလိုက် ရေ . . . အို .. . (လက်တွေကမ်းလိုက်ပါ)x2
Jme- ဆွေးမြေ့လာတာနဲ့အမျှ ဒီလောကထဲကထုတ်ပယ် လူတွေကပြောတယ် အလုပ်ရှုပ်တယ်
မပြင်ဆင်ခဲ့တာ အထင်မြင်လွှဲမှားက သရုပ်ချယ် ဘယ်သူမှမလုပ်ချင်လဲ သူလုပ်မယ် ပြန်ရမယ့် အကျိုးကို
မျှော်လင့်ပြီးတော့ မလုပ်ခဲ့
R2 ဟုတ်တယ် တချို့လူတွေက နိဗ္ဗာန်ယဉ်ကိုတွေ့ရင် အိပ်ကိုပုတ်တယ် ကိုယ့်အိမ်ရှေ့ကားလာရပ်ရင်တော့
နှာခေါင်းကိုရှုံ့မယ် သိပ်တော့ မကြာပါဘူး အခုမင်းအလှည့်ရောက်ရင် လုပ်ခဲ့တာကိုစဉ်းစားပြီး ၀ဋ်လည်မှာကို ကြောက်နေရင်
R3. ကြောက်နေလား အခုကြားတဲ့အကြောင်းတွေကြား ခေါင်းတွေစား အချိန်မလွန်ခင်ရတဲ့ နောင်တတွေကတန်ဖိုးရှိ
ကောင်းတဲ့ဘက်ကို စိတ်ဓါတ်ပြန်တိုးပြီး စာနာမှုနဲ့ ရှင်သန်မယ်ဆို နောင်ဘ၀တွက်အမှန် အဆိုးမရှိ
GTone မွေးဖွါးခြင်းအစ တစ်နေ့မှာသေဖို့ ဒါကလူတိုင်းအတွက် ဘ၀ရဲ့အဖြေမို့ အကျိုးရှိနေဖို့ ကူညီပါရစေဗျို့ တာဝန်တွေ
ခွဲအပ်ဝေလို့ ၀င်သက်ထွက်သက်များ ရပ်တန့်ချိန် စောင့်ဆိုင်းနေစို့ သာရေးနာရေးလား ဟိုပြေးဒီပြေးပါ မင်းအလှည့်က ဘယ်တော့လဲ
မပါသေးမပါသေးပါ မကြာမီလာမယ်မျှော် ခဏလေး ခဏလေးပါ လုပ်ဇါတ်မရှိတဲ့ အထုပတ္တိနဲ့ သမိုင်းကို လှအောင်ရေးပြ
(CHO)
R4 ရခဲ့တဲ့ ဒီလို အနွေးဓါတ်များ ခုတော့ပျောက်ကွယ်အေးစက်သွား တယောက်ကတယောက်ကို ပွေ့ဖက်ထား
မျက်ရည်ခြောက်တဲ့နေရက်များ မိသားစုတစ်စုက ထွက်ခွါသွားတဲ့အချိန် မိသားစုတစ်စုက ရောက်တယ်
ခံစားမှုဝေမျှကာထား ဒီအရိပ်ယောင်များရဲ့နောက်ကွယ်
Anagga- ငါလောကကြီးမှာနေထိုင်တဲ့အချိန် စာရင်းတွေရှုပ်ကာပွေ အပေါင်းအသင်းနဲ့ လူတွေကြားမှာ
နေထိုင်တဲ့အချိန် စကားတွေရှုပ်ကာလေ ဒီလိုပဲဆက် အခုမရှက် သူများနှာခေါင်းပေါက် စင်္ကြနေဖြတ်
ခြေလှမ်းတွေကျဲကျဲ လှမ်းတဲ့အတွက် ရလာဒ်ပြဿတွေတက် နောက်ဆုံးလျှောက်ရမယ့်လမ်းကို တယောက်တည်းရွေး
ငါ့ဘ၀ကို နောက်ဆုံးချိန်ထိ အဆုံးသတ်ဖို့ကို ငါအမြဲတွေး ခင်မင်သူမရှိ အခုကြည့် ငါ့ရဲ့နားမှာ ဘယ်သူမှမရှိ အချိန်ကုန်ဆုံး
သွားချိန် ပျက်ရယ်မှုကိုတော့ငါကမသိ
Ar-T အချိန်တွေကုန်နေတယ်အခု အချိန်ကိုမျှော်ရင်မထူး နောက်ဆုံးခရီးမရောက်ခင် ကောင်းမှုပြုလုပ် ကူညီကြစို့
အချိန်တွေကုန်နေတယ်အခု အချိန်ကိုငိုနေလဲမထူး နောက်ဆုံးခရီးမရောက်ခင် ကောင်းမှုပြုလုပ် ကူညီကြစို့
R-5 - စည်းစိမ်ဥစ္စာတွေလက်ဖျား အချိန်တန်ရင်အားလုံးထွက်ခွါ ဖြစ်ပြီးရင်ပျက်တာ သင်္ခါရတရားပဲလို့မှတ်ထား
ဘယ်သူမှ မျက်နှာမလိုက်ပါ ငြိမ်းချမ်းစွာထွက်ခွါနိုင်မလား စာနာစိတ်နဲ့ကိုယ်ချင်းစာ တချို့တွေငိုချင်းချ သေမင်းအားရှင်းမရ
နားမလည်ကြဘူး လိုရင်းအား လူတိုင်ကြုံတွေ့နေကြမှာကို စဉ်းစားမြင်မရ ဒါကြောင့် ဒီသီချင်းကို ဆိုရင်းသာ ကိုယ်ချင်းစာ
ပြဿနာတွေ မသေခင် ကြိုရှင်းထား
R-6 -စဉ်းစားကြည့် သတ္တ၀ါတိုင်း ရှောင်လို့မလွတ်တဲ့ အဆုံးသတ်ကိစ္စ ဘာလဲအနိစ္စ မမြဲခြင်းတရား သေမင်းတံခါးကို ပိတ်မရ
မွေးကတည်းက အမိန့်ချထားခဲ့သလို လွှမ်းမိုးထားတဲ့အရိပ်က တနေ့တခြား ရှိသမျှအရာတွေ ထားကသွားရမှာပဲ စိတ်ချ ဘာမှမပူပါနဲ့
နောက်ဘ၀တွေ ဘာတွေယူမှာလဲ အကုန်လုံူးကလူပါပဲ အဆင့်တန်းတွေ မခွဲရင် အတူတူပါပဲ မူဝါဒဆွဲ အယူအဆလွဲနဲ့ လူတွေရဲ့စိတ်
ပြောင်းလဲကာကူညီဖို့ လက်အုပ်ချီရင်း မျက်စိမှိတ်...
Credit to Myanmar Hip Hop Souljas

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...