အိပ်မက်တွေဘဲ ဖြစ်ပါစေ မင်းညာတဲ့အတိုင်း ဖြစ်ပါစေ
မျက်စိစုံမှိတ်လို့ ချစ်နေဦးမယ်
သံသယတွေဘဲ ဖြစ်ပါစေ ယုံနေတဲ့အတိုင်း ဖြစ်ပါစေ
မျက်စိစုံမှိတ်လို့ ချစ်နေဦးမယ်
ချစ်ခဲ့ မင်းစိတ်တိုင်းကျပဲ ဖြစ်ချင်ခဲ့သူ
မင်းရဲ့ ဘ၀ တစ်စိတ်တစ်ဒေသ ဖြစ်ချင်တဲ့လူ
မင်းနဲ့ယှဉ်မယ်ဆို အရာရာနံပါတ် နှစ်
မင်းမျက်လုံးရဲ့ စေရာနောက်ကို ငါက ခေါင်းညိမ့်ပေးဖို့အသင့်
တစ်ယောက် မျက်နှာကို ကိုယ်စီ တစ်ယောက်က ကြည့်နေလိုက်ကြတာများ မ၀ခဲ့
ငယ်သေးတဲ့အရွယ်မို့ မိဘဆိုတဲ့ စည်းတွေများစွာခြားလဲ
ညဖက်ဆို တယ်လီဖုန်းထဲမှာ အတူတူရှိနေကြတာများတယ်
တစ်သက်မှာ တစ်ခါတော့ပျော်ဖူးခဲ့ပြီ အဲဒီ့နေ့ညက ငါ့ရဲ့
ဘာနဲ့မှ အစားထိုးလို့မရတော့တဲ့ ခဏမို့ ဟိုအရင်တစ်ခါကို
ဖြစ်နိုင်ရင် ပြန်ပြီးရစ်လိုက်ချင်တယ် ရုပ်ရှင်ကားလို
အခုတော့ ငါ့ရဲ့အကြောင်းကို ခေါင်းထဲက ထုတ်ချင်လာလို့ ထင်ပါရဲ့
ငါမကြိုက်တာတွေပဲ ရွေးပြီးလုပ်ချင်တာမျိုး
မင်းဘက်က ဘာလုပ်လုပ် ငါကတော့ ချစ်နေဆဲပါ
ပေးဖူးတဲ့ အလွမ်းတွေကြားက အနမ်းတွေကကော အစစ်တွေပဲလား
မချစ်တော့ရင်လဲကွာ မင်းထားသွားရနေနိုင်တာဘဲဟာ
မင်းရဲ့ ဟန်းဖုန်းထဲမှာ ငါတွေ့တဲ့စာတွေကလဲ အဲဒါ

မျက်စိနှစ်ဖက်ကိုမှိတ်လို့ လောကကြီးကိုမေ့ပြီး ချစ်နေဦးမယ်
အရင်က တစ်ယောက်နဲ့လဲ အခုထိသူက ဖြစ်နေတုန်းဘဲတဲ့
ဘာလုပ်လုပ် ခွင့်လွှတ်ပြီးသား လက်ပိုက်ကြည့်နေရုံဘဲ
ဘာဖြစ်ဖြစ် စွန့်လွှတ်ပြီးငါ မင်းကို ဆက်တိုက်ချစ်နေဦးမယ်
ခဏလောက်နေရာလဲကြည့်ချင်တယ် မင်းစီးတဲ့ ဖိနပ်လေး
ခြေလှမ်းတိုင်းကို လိုက်ခဲ့ချင်တာ မင်းမသိတဲ့အချက်တွေ
ငါ့ရဲ့ ခေါင်းအုံးထက်က မျက်ရည် ဒါသက်သေ ကမ္ဘာပျက်နေပါစေ
ဂရုမစိုက်ဘူး အကြောက်ဆုံးက မင်းမရှိတဲ့ ရက်တွေ
မနက်မနက်တွေ ဖုန်းဆက်ပြီးတော့ သူ့ကိုအိပ်ယာနှိုးတယ်
တစ်ရက် တစ်ရက်နဲ့ သံယောဇဉ်က ပိုပိုပြီးတော့ တိုးခဲ့
တစ်ဝက်တစ်ပျက်နဲ့ မျှော်လင့်ချက်က ဘယ်လိုပုံစံမျိုးလဲ
အဖက်ဖက်က အရှုံးပေးပြီးသား အနိုင်ယူချင်တယ်ဆိုလဲ
တစ်ကယ်တော့ ငါရဲ့အဖြစ်က သူ့ရဲ့လက်ပတ်နာရီလေးလို
မရှိမဖြစ်ဆိုပေမယ့်လဲ လိုမှကြည့်တဲ့ အချိန်ကိုတွေဖို့
သူ့မျက်နှာငေးလို့ သူ့ရင်ထဲကိုလာနေကျ
ညကျ စာကျက်မယ်ဆိုပြီး ဖုန်းတွေမအားတာ ဒါတွေက

မင်းငါ့ကို ဂရုစိုက်တာ ဒါဟာ အပြစ်ဟုမဆိုချင်ခဲ့
လောကမှာ ယုယကြင်နာမှုမျိုး ဘယ်ချစ်သူငြိုငြင်သလဲ
ညတိုင်းပဲ မင်းရဲ့ဘေးနားလေးမှာ သီချင်းအတူဆိုချင်တယ်
ဟန်ဆောင်ပြီးတော့ ချစ်ပြလိုက်ပါငါ့ကို မချစ်ဘူးဆိုရင်လဲ
သူ့ရဲ့ အချိန်မရွေး ခေါင်းရှောင်ပစ်တော့မယ့် ဒီ အထာကဘာတုန်း
ပေးဆပ်ရင်းချစ်ခဲ့မိတဲ့ မျက်နှာထောက်လို့ စာနာထားဦး
ပြောတော့သာ ငါကရည်းစား တစ်ခြားလူတွေနဲ့ အခါခါသွားတုန်း
စိတ်ထဲမှာ ကြိုက်ပြီး အထပ်ထပ်ဂတိတွေပေးခဲ့တာက
အဲဒီ့ အရာရာအားလုံး
(အိပ်မက်တွေဘဲ ဖြစ်ပါစေ မင်းညာတဲ့အတိုင်း ဖြစ်ပါစေ

မျက်စိစုံမှိတ်လို့ ချစ်နေဦးမယ်) ၂
Download ချစ်နေဦးမယ် mp3

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...