Download This Song Here
april ဆယ့်ခြောက်ရက် မှတ်မိသေးတယ်ငါ့မှာ အသက်ပျောက်မတတ် ချစ်ခဲ့လို့အခုနေ တရက်လောက်ထပ် တွေ့ဖြစ်ခဲ့ရင် တကယ်လို့ကျနော့်ကိုမင်း မမေ့ဖြစ်ခဲ့ရင် ဒဏ်ရာတွေရှိပါစေ မနာကျဉ်းပါ ဖြစ်နေတဲ့အဖြစ်ကိုမင်းလာကြည့်ပါ ဇာတ်လမ်းကမစသေးဘူး ဒါအပြီးလား မျက်စိကိုမှိတ်သိလျက်နဲ့
ငါမညည်းပါ အခုထိချစ်နေဆဲပဲမ မင်းဒါမသိပါ ကျနော့်လိုနောက်တယောက်တွေ့ရင် ရှာကြည့်ပါ အလွမ်းတွေအခု စာရွက်ပေါ်တင်ချကာရေး သိပ်မလိုဘူး တနေ့တော့ပြန်ပြီးတွေ့မယ်ဆိုတဲ့အတွေး ငါသည်အခုတယောက်ထဲဆွေး ပြန်မလာချင်တော ငါ့ရဲ့အဝေး ညတိုင်းရေးနေကျ ကဗျာတွေလဲကာရန်မဲ့ တခါပြန်ခဲ့ ဒီလမ်းမထက် အာဒမ်နဲ့ဧ၀လိုဆို ကဗျာဆန်တယ် ဒါဆိုရင် ရင်ဘတ်ကငါ့အဘိဓာန်ကို ဘာကျန်မလဲ အိပ်မက်တွေညတိုင်းမက်တယ်မရယ် ဒါအမှန်ပဲ ကြုံခဲ့ရင်တချက်လောက်ဝင်ကြည့် ဆုံမယ့်အချိန်ခဏတဖြုတ် အသက်လောက်ထင်မိ ဆက်လျှောက်ချင်၏ ဒီလမ်းကို မဓာတ်ပုံညဘက်ဆို ထိနမ်းလို့ အိပ်ကောင်းချင်းမအိပ်ရဘူး ကြည့်စမ်းသလို လက်ထဲကအဲဒီပန်းကို မညစ်နွမ်းဖို့
မ....အနားနားနေပါ ...အဝေးကြီးမသွားပါနဲ့....လမ်းတွေပျောက်မှာစိုးလို့ .. အိုးမ....အဖြစ်အပျက်တွေကို မမှတ်မိတော့ခြင်နေ ကျနော့်ကိုတော့.. သတိရပေးပါ
အဲဒီနေ့ကဝေးရမှာသိတယ် မွန်းကျပ်နေတယ်ဘယ်သူတွေသိလဲ တားချင်တယ် သို့သော်မတားနိုင်ခဲ့ဘူး ကျနော်ကမဘ၀နဲ့ယှဉ်ရင် ကလေးတယောက်ပဲ အဲတော့ထည့်ပြီးဘယ်ငေးလောက်မလဲ တွေးကြောက်ခဲ့ ကံကြမ္မာကိုမရေရာဘူး မပြန်လာဖို့ အခါခါကံကဆိုး မက်လောက်စရာ ဘာမှမရှိတာမျိုး ခက်တာကကျနော့်မှာ တံတိုင်းတွေခြားနေတာကိုး အမှတ်တရဆိုလို့ ဓာတ်ပုံလေးရှိတာကိုပဲ ပျော်နေမိတယ် တခါတရံမှာ ယောင်လို့တောင်ခေါ်နေမိတယ် သူကြားမလား တွေ့အုံးမလားရှာနေမိတယ် လူအများကြား ပြောချင်တာပြောပါစေ ဘယ်သူ့စကားမှမယုံဘူး ကျနော်ပြောတာအခုကြားလား တကယ်လို့အခွင့်ရသေးရင် ကိုင်ခွင့်ပြုပါလက်ဖ၀ါးအား တချက်မကြားတကြား ပြောချင်လို့ပါ ပါးစပ်များက အရင်ကလိုပဲ ကျနော့်ကိုသာဖက်ထားမ ဒီလိုဆိုလူတွေကြားထဲ ရှက်သွားမလား မှတ်ထားပါ ဒါတွေကအမှန်တရားတွေ ဘယ်တော့မှမညာလို ဒါဆို သတိရပေးပါလို့ မှာလို အမှတ်ရဆဲပါ ဟိုအရင်တခါကို ငါ့ဘ၀နဲ့အရာအားလုံးက မင်းအတွက်ပါဝါဆို.............
credit to အထီးကျန်တစ်ယောက်

လုပ်ပါအုန်း ဒေါင်းလို့ မ၇လို့ 
ReplyDelete