ချစ်သူစိတ်ချပါရစေ အနားငါမရှိတဲ့အချိန်ခဏလေး ပြန်လာမယ်စောင့်ပြီးတွေး နင်ဘာတွေလျှောက်ပြီးတွေး ယုံကြည်ထားငါ့အတွက် သံသယမပွားနဲ့ တနေ့င့ါဆုံးဖြတ်ချက်တွေကိုမင်းနားလည်နိုင်မှာပါလေ ငွေကြေးနောက်လိုက်တာလား ချစ်သူကိုပစ်ပြီးတဲ့ အပြစ်တင်တွေစော လိုက်တာ မင်းသေချာစဉ်းစားကြည့် ကဲ အတူတူဆိုရင်အပူအပင်တွေကင်းကာနေနိုင်ဖို့ဘာတွေလိုအပ်လဲ ဘဝမှာကြိုးစားသမျှမင်းအတွက် တကယ် ဒါကိုဘုရားပဲသိမှာပဲ ဆုံးရှုံးခြင်းတချို့ပိုင်ဆိုင်ဖို့အတွေ့အကြုံတွေလိုအပ်တာသိပ်တော့မဆန်းကြယ် ချိတ်ထားပေးပါ ငါ့ပုံလေး မင်းရဲ့ အခန်းထဲ လေယာဉ်ပေါ်ရောက်တာနဲ့မင်းဆီပြန်ပြေးလာချင်ခဲ့တာ အမှန်ပဲ ငါ့ ရင်ထဲဆို့နင့်လာတယ် မမြင်ရက်ဘူး မင်းလက်ပြပြီးကျန်ခဲ့မှာ ရင်ဘတ်ကိုထိခိုက်နေမဲ့အစား တခုခုပြောလိုက် တရက်တခါလောက်တော့လာခဲ့ပါ အွန်လိုင်း တဖြည်းဖြည်းနီးကပ်လာပြီ Check in Time so let's kiss and say good bye cos of really can't stand the saying bye
CHO:စိတ်ဓာတ်တို့ကျနင်ပြန်ခဲ့ မင်းလေးအနားမရှိရင်မဖြစ်လို့ မဟောင်းနွမ်းတဲ့ငါ့ရင်ခွင်က မင်းအတွက် ငါပေးခဲ့ပြီးပြီပဲ တယောက်ထဲချစ်ခဲ့တာ နင်ပဲ တယောက်ထဲပေးထားတယ် ကတိတွေ တချိန်ချိန်တော့ မင်းပြန်လာခဲ့အနားနား ငါချစ်နေဦးမယ်
စင်ပေါ်ကမင်းလက်ထဲကိုအရောက်ပို့ခဲ့ Underground No.1 နောက်ပြီးတော့ မင်းလက်တွဲပြီးလိုက်ဝေခဲ့ Underground No.2 အခုကျတော့ မင်းကြောင့်ထပ်ရေးရပြီအခု Underground No.3 တနေ့ပြန်ဆုံမှာလား မျှော်လင့်ရင်းတယောက်ထဲနေတတ်ပြီ ဟေ့ ဟုတ်ပါတယ်လုပ်ပါတယ် မင်းထင်တဲ့အတိုင်းငါယုတ်မာတယ် ဟုတ်တာတခုငါပြောမယ် လူတကာနဲ့ငါရှုပ်ပါတယ် မင်းတယောက်ထဲချစ်နေမှာပဲ ဘယ်သူမှမပေးပါနင့်နေရာ လဲထားခဲ့ရမှာသိတော့ရင်ဘတ်ထဲမှာနင့်နေတာပဲ ကိုယ့်အတွက်ကိုယ်မေ့သွားတဲ့အထိမင်းအတွက်ပဲငါစဉ်းစားဘူးတယ် မင်းဘက်ကရော င့ါအတွက်ဘာများရင်းထားဘူးသလဲ ဒီလိုပြောတော့ ခေါင်းလေးငုံ့လို့ဟုတ်တယ် မငြင်းပါဘူးတဲ့ လေယာဉ်လက်မှတ်တစောင်က ငါတို့နှစ်ယောက်ကြားဝင် မျဉ်းတားသူပဲ လမ်းခွဲဖို့ပြောတဲ့နေ့ကတုန်ရင်ခဲ့ သူ့လှလှပပလက်တွေ ကိုက်ထားတဲ့ပါးပါးလွှာလွှာနှုတ်ခမ်းလေးနဲ့ ခခယယမထွက်ပြေး ဖို့ တောင်းပန်ခဲ့သူ ငါတို့နှစ်ယောက်ချစ်သူသက်တမ်းမှာ ဒါမင်းပါးပြင်ထက်က ရှားရှားပါးပါးမျက်ရည်
CHO:
တကယ်ကိုမဖြစ်လို့ဝေးမယ့်ခဏ ဘာအတွက်ကြောင့်မင်းလေးမျက်ရည်ကျ ပေးထားတဲ့ကတိအတိုင်းတည်စေရမယ် မင်းကငါ့ရဲ့တဦးတည်းသောဘဝ ဘာတွေကြောင့်ဘယ်လိုပဲဝေးဝေးပေါ့ ဘယ်တော့မှပြောမယ့်လမ်းခွဲသော စကားနဲ့တူသောအကြောင်းရင်းကော မပြောပါနဲ့လို့ ငါမင်းကိုတောင်းပန်နေပါရစေ ငါမင်းအတွက်ပြောသောအမှာစကားတွေကိုလဲ လက်မခံချင်လဲနေပါသို့သော်အချစ်ကိုတယောက် သောသူကိုပဲ ပေးပါလို့ငါပြောချင်တယ် မင်းဘေးမှာကလေးကလားအလုပ်တွေငါလုပ်နေခဲ့ လူတွေကိုဘေးပန်းပေးတာတွေလုပ်နေတယ် မင်းသတင်းကရေမြေခြားက ငါ့အတွက်အပူတွေပဲဘယ်လိုတွေလဲ ကြားသမျှစကားကလဲအကောင်းလဲမရှိ နင်ပြောခဲ့တဲ့စကားတွေကလဲဗလောင်း ဗလဲကြီး နင်လုပ်သမှမဟုတ်ပါအကောင်းလဲမရှိ ငါ့အဖြစ်ကရောက်နေခဲ့မြောင်းထဲအထိ နင်ပြောတယ်စွပ်စွဲသတဲ့လား နေရာတကာအကွပ်အကဲမဲ့ စွာ ပတ်ဝန်းကျင်မှာပျံ့နှံ့နေတာကျတော့ငါ့ကြောင့်ရော ဟုတ်ကောဟုတ်လား ဘာတွေဘယ်လိုလုပ်လုပ်မင်းသဘော ခခယယကောင်တွေကိုသာ ဂျင်းထည့်တော့ အခုတော့ငါသိခဲ့ပြီမင်းစိတ်သဘော မင်းအတွက်ကငါဆိုတာ အပျင်းပြေပေါ့
CHO:
မင်းရဲ့အဝေးကိုသွားမိ ဒါငါ့..အပြစ်တွေလားမသိ ငါ့မှာတွေးမိ အချိန်တွေမလွန်မီပြန်လာမည်ဝန်ခံပါသည်သေချာသည် မင်းတယောက်ထဲ မဟုတ်ဘူး ငါလဲပဲလွမ်းပါသည် အမြဲတမ်းပြန်ဆုံဖို့အတွက် ကတိသစ္စာတည် မင်းရဲ့နာမည်များလည်း ကမ္မည်းထိုးပါသည် ငါ့ရင်ထဲအထိအသည်းမှာစွဲညိ အဲ့ဒါမင်းမသိ ဖြေးဖြေးလေးနဲ့ပဲငါ့မှာရူးနေသည် ဒါတွေအကုန်လုံး ငါ့ရဲ့အမှားတွေပဲပေါ့ လူတွေအကုန်မုန်း ကြိုက်သလိုငါ့ကိုမင်းပြော အလဲအကွဲ ငါ့ရင်ထဲမင်း မုန်းမေ့မသွားပါနဲ့ Right အပြီးပြန်လာမယ် ခဏတော့စောင့်ပါအချစ်ရယ် အမြဲခိုင်မာတဲ့ ဘဝတခုတည်ဆောက်မယ် မပြောင်းလဲပဲ ငါ့စိတ်ထဲမှာ မင်းတယောက်ထဲပါ Baby
CHO:
ကျန်ခဲ့သူနဲ့ချန်ခဲ့သူ ဘယ်သူမှားသူ ဘယ်သူမှန်သူမဟုမခွဲ ကျန်ခဲ့သူကအကန်းဟုဆို ချန်ခဲ့သူကမ္ဘာတဖက်ကိုပြေး နှစ်ခြမ်းကွဲတဲ့အချစ်ဇာတ်လမ်း တခု မဆန်းဘူး ဆန်းတာတခုပဲခန်းနားမှုမဲ့တဲ့ငါ့ဘဝထဲကိုလှမ်းလာသူ့ကြောင့်မြင်လျက်အသိစိတ်တွေကန်းသွားဘူးတယ် ငါ့နောက်အခန်းမှာကြည့် လေယာဉ်ကွင်းကြီးထဲကအစားအသောက်အခန်းနားထိ ဘဝလောက်မှန်းထားသည့်အိပ်မက်တွေပျက်စီးယိုယွင်း လဲပြိုမှောင်မိုက်ကျရှုံးသွားလဲ မျက်ရည်မကျမိအောင်ကြိုးစားစမ်းပါသည် လက်ကိုကျစ်အောင်ဆုပ်ကာ ပုခုံးတင်းအောင်ဖက် ဝအောင်ငိုထားစမ်းပါအမိ အခြားလမ်းငါမရှိရွေးချယ်စရာတကယ်ငါအပြီးအပိုင်ထွက်ခွာသွားမည့်အချိန်မရောက်ခင် ရင်ဘတ်မှာဟာသွားခဲ့ နင့်ဘက်ကမှာကြားတဲ့စကားမငြင်းရက်ပါ နင့်အတွက်ငါ ဘာများစာနာသလဲ နာနာကျည်းကျည်းမုန်းပစ်လိုက်ဖို့ငါမှာတယ် လေဆိပ်ကြီးကိုငါနာတယ် ဒါပါပဲ ငါ ဒါပါပဲ မိုင်ပေါင်းထောင်သောင်းမကကွာတဲ့ နေရာက ငါ့ဘဝရဲ့တဦးတည်းသောနတ်သမီးလေးတပါးခမျာလဲ မျက်ရည်ကျရတယ်နှုတ်ဆက်ချိန်လက်လေးပြရမယ်ဆိုတဲ့အတွေးကို မျက်ရည်ကျကာလက်လေးပြပါတယ်
CHO:
Download This Song Here

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...