Chours: အဝေးမသွားပါနဲ့ မျှော်လင့်ရင်းနဲ့စောင့်နေတယ်
နင်ရှိခဲ့အရင်အချိန်ရယ် ငါရင်မှာပျော်နေခဲ့ နင်ပေးခဲ့ဖူးတဲ့အနမ်းများစွာလဲ
ပြန်လိုချင်နေခဲ့ လွမ်းနေတယ် နင်ထွက်သွားခဲ့လဲ
အမုန်းများစွာနဲ့ နင်မထားခဲ့ပါနဲ့ ကွယ်
RAP 1: မှတ်မိဦးမလား April လ ၆ရက်နေ့
ငါ့နှလုံးသားမှာ လုံးဝကိုမပျောက်ပျက်သေး
ကြားရတဲ့နင့်သတင်းအားလုံး မယုံချင်ခဲ့လဲ
နင့်အကျင့်က အမြဲတမ်း စော်တွေနဲ့တွဲ
ရှုတ်ရှက်ခက် နင့်ဇာတ်လမ်းတွေ သိလျက်နဲ့ပဲ
တသက်လုံးစာ ပုံအောပြီးတော့ အချစ်ဆက်မြဲကွယ်
နင့်အလိုကျ ဘာမဆိုကို အလိုက်အထိုက်ပဲကွာ
ဒါတောင်မှ ငါကနင့်အတွက် အမှိုက်သရိုက်တဲ့လား
နင့်စိတ်ကြိုက်ပါပဲ နင်လိုရာသာ စေပါတော့
ငါ့အတွက်က ရင်ကွဲသေလဲ နေပါစေတော့
ငါ့အချစ်ကအမြဲတမ်းသာ နင့်အတွက်ပါပဲ
တောင်းပန်တယ် အဝေးကိုတော့နင်ပြေးမထွက်ပါနဲ့

RAP 2: ချစ်ခဲ့တဲ့သက်တမ်း ၃နှစ်၃မိုးသာကြာခဲ့တယ်
ဒီကြားထဲနင့်အကျင့်တွေဘာမျာြးေ
ပာင်းခဲ့သလဲ?
ကန်ဘောင်ပေါ်က အဖြစ်အပျက်တွေကိုမမေ့ရက်သေး
နင် ငါ့ကိုလျှော်ပြီးတော့ အဝေးကိုထွက်ပြေး
လျှောက်ခဲ့တဲ့ခရေပင်လမ်းကိုရော မှတ်မိမလား
စိမ်းလန်းစိုပြေနား ရောက်တိုင်းလဲ ငါလွမ်းမိသား
ပေးခဲ့တဲ့ဂတိကတော့ ဘယ်တော့မှမခွဲဖူးတဲ့
ဇာတ်လမ်းရဲ့အဆုံးကျတော့ ငါကတလွဲအရူးပဲ
ခုချိန်ထိလဲ နင့်ကိုငါ တကယ်မမုန်းရက်ခဲ့ပါ
အကြောင်းမရှိဘဲ နင်ငါ့ကိုလုံးဝအဆုံးသတ်ခဲ့တာ
ပြန်စဉ်းစားတိုင်း ငါလေတကယ်ကိုငိုချင်မိတာ
မျှော်လင့်ရင်းသာ စောင့်နေဦးမယ်အဆုံးတသက်တာ

RAP 3: နင်မရှိတဲ့နောက် ငါ့ဘ၀လဲ အသက်မဲ့ခဲ့ပေါ့
ဖြစ်ပျက်သမျှ ကံကြမ္မာသာ အပြစ်ဖွဲ့လိုက်တော့
အချိန်တိုင်းပဲ ကြားချင်မိတယ် နင့်ရဲ့စကားသံလေး
အကျင့်ပါပြီး ငါ ခေါ်နေတုန်းပဲ နင့်နာမည်လေး
နားလည်ပါစေ နင့်အပေါ်ထားတဲ့အချစ်စစ်များ
ခုနေချိန်များ ထုံးစံအတိုင်းနင်အသစ်တွေ့ပလား

Download With Multiupload

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...