8.4(Lil King & Capital P (Feat . Lil monkey))

ကျွန်တော် ဒီနေရာ မှာတင်ပေးဖူးတဲ့သီချင်းလေးရဲ့သီချင်းစာသားလေးပါ
တောင်းဆိုထားလို့ တင်ပေးလိုက်ပါတယ်

CHO: Lil Monkey

( တို့၂ယောက်နီးစပ်ဖို့အတွက်ဘယ်လို
ု အဆိုးများတာဆီးထားခဲ့လည်း
အတူတူလက်ချင်းတွဲကာ ရှေ့ဆက်ကြမယ်တစ်ဘ၀လုံးအတွက်ငါ
မင်းအတွက်ငါ အရာရာအကုန်ပေးဆပ်ချင်လည်း
အတွေးအိမ်မက်တွေအားလုံးအဝေးမှာ....................
အကုန်ပျောက်ရှကုန်ပြီ.............)

Rap 1: Lil King

ဘာဆိုဘာမှမလိမ်ခဲ့ဘူး ရွှေ့ပြောင်းနှောင်းသွားအချိန်နဲ့အတူ
ချစ်လိုက်မုန်းလိုက်နဲ့ သူ့ရဲ့ပြောင်းလဲမှုကြားတစ်ချိန်ထဲရူး
တစ်ယောက်ကိုတစ်ယောက်နောက် ထားခဲ့ကတိတွေတောက်လျှောက်
တကယ်ပါပျက်သုန်းသွားတာမို့ စာနာလို့ပြန်တွေးနင်နောက်တစ်ခေါက်
အကြောင်းကြောင်းကြောင့်သတင်းများထွက် ပတ်ဝန်းကျင်ကအမြင်ကတ်လဲ
နင်မို့လို့ငါ့စိတ်ဓာတ်များ တပါးလူနဲ့သွားကာယှဉ်ရက်တယ်
ခေါင်းငုံလို့သီးခံကျေနပ်ခဲ့ ပြောသမျှစကားများအားချေဖျက်ခဲ့
တစ်ယောက်ထဲအထီးကျန်အဖော်လဲမဲ့ နင်မရှိတော့ငါဘယ်နေတတ်မလဲ
အခြေနေအရပ်ရပ်နဲ့ အတင်းလိုက်ရော အသေအကြေပတ်သတ်လဲ
မျက်ရည်ကျကြိတ်ငို တစ်စက်စက်နဲ့ စကားရင့်ရင့်ပြောပြီးအဆက်ဖြတ်မယ်
အဲဒီလိုငါကြိုးစားကြည့်တယ် တနေ့နေ့မှာမင်းကိုမေ့နိုင်မလားလို့
သူ့အကြောင်းတွေစဉ်းစားရင်းနဲ့လဲ အချိန်တွေကုန် နေ့မှညသို့
တရွှေ့ရွှေ့ကုန်ဆုံးသွားလဲ သူ့အငွေ့အသက်ငါ့ရဲ့အနားပဲ
ပျော်ရွှင်မှုတစ်ခုအတွက်ငါ့ကိုနင် အမှိုက်သရိုက်လို့ထင်လဲထားခဲ့
သူ့ရည်းစားသစ်ရဲ့လက်ကိုတွဲမြိန့်မြိန့်ကြီးလျှော်ကားထားခဲ့ပါစေ
သူ့မွေးနေ့ကိတ်တောင်လှီးခွင့်မရတဲ့ ၄လပိုင်းဂရက်နေ့



CHO: Lil Monkey

( တို့၂ယောက်နီးစပ်ဖို့အတွက်ဘယ်လို
ု အဆိုးများတာဆီးထားခဲ့လည်း
အတူတူလက်ချင်းတွဲကာ ရှေ့ဆက်ကြမယ်တစ်ဘ၀လုံးအတွက်ငါ
မင်းအတွက်ငါ အရာရာအကုန်ပေးဆပ်ချင်လည်း
အတွေးအိမ်မက်တွေအားလုံးအဝေးမှာ....................
အကုန်ပျောက်ရှကုန်ပြီ.............)

Rap 2: Lil King + Capital P

တစ်ယောက်ထဲမိုးရေတွေထဲမှာနှုတ်ခမ်းတွေကဆတ်ဆတ်တုန်နေဆဲ
တစ်နေ့ကျငါ့ဆီ ပြန်လာမှာအတွေးများနဲ့ ကြိတ်ရူး ယုံနေခဲ့
ကြုံနေဆဲ ပြသနာများကိုလဲ ငါ့မပြစ်လို့ခံယူထားတယ်
အချိန်ရှိတိုင်းလဲတွေးနေမိတယ် ငါ့စိတ်ကသူ့အနားပဲ
အတူသွားခဲ့နေရာတွေကိုကြည့် မျက်ရည်ဝဲရုံကလွဲ
တင်းလွန်းတဲ့ကြိုးပြတ်တတ်တဲ့ အဖြစ်ကလဲကြုံရစမြဲ
အကုန်မှားဆဲ ယုံစားခဲ့တာငါ သူ့ရဲ့စိတ်ဓာတ်တွေကို
သူ့ရဲ့အနားနားနေချင်စိတ်က ထိန်းမရသိပ်ခက်နေလို့
နင်မပါပဲအိမ်မက်တွေကို ထပ်ပြီးတော့မမက်ချင်တဲ့ငါ
အစွန်းတစ်ဖက်မှာမွန်းကျပ် ကြည်နူးစရာမှ ကြေကွဲစရာ
အဖြေမဲ့လာငါ့ဘ၀က သူနဲ့ဆိုရင်အမှားမခံလို့
အရင်လိုပဲပြန်ကြားချင်ပါတယ် ကို လို့ခေါ်တဲ့စကားသံတစ်ချို့
မခွဲခြားတတ်အမှားအမှန်ကို ငါ့ကိုနင်စိတ်ပျက်သွားမလား
ကျရှုံးခဲ့သူတစ်ယောက်အဖြစ်ပဲ အားလုံးကတံဆိပ်ကပ်ထားကြ
မျက်လုံးတွေမှိတ်လျှက်အနားနား ငြိမ်သက်စွာနေချင်ခဲ့တာပါ
ငါမမေးလဲ မချစ်တော့ဘူးလို့နင်ကဖြေချင်ခဲ့တာလား......

CHO: Lil Monkey

( တို့၂ယောက်နီးစပ်ဖို့အတွက်ဘယ်လို
ု အဆိုးများတာဆီးထားခဲ့လည်း
အတူတူလက်ချင်းတွဲကာ ရှေ့ဆက်ကြမယ်တစ်ဘ၀လုံးအတွက်ငါ
မင်းအတွက်ငါ အရာရာအကုန်ပေးဆပ်ချင်လည်း
အတွေးအိမ်မက်တွေအားလုံးအဝေးမှာ....................
အကုန်ပျောက်ရှကုန်ပြီ.............)

Rap 3: Capital P

ဒီအဖြစ်ကိုအချစ်နဲ့စပြီး အချစ်နဲ့ပဲငါဆုံးချင်သူ
ငါနဲ့အဝေးကြီးမှာရှိလဲ ဘာကြောင့်မှမုန်းချင်ဘူး
ငါလုပ်သမျှအလွဲတွေကြည့်ပြီး တစ်ယောက်ထဲရီပြုံးချင်သူ
မင်းအချစ်နဲ့အသက်ရှင်နေတဲ့ ငါ့အသက်မသေဆုံးချင်ဘူး
ကံတရားကရက်စက်လွန်းတယ် ဘာကြောင့်များအနေဝေးလဲ
ဒီလိုသာဝေးမယ်သိရင် အစတည်းကအဖြေမပေးနဲ့
အိပ်မပျော်တဲ့ညတွေမှာဆို ငါ့အတွက်ဖြေဆေးမဲ့
ငါ့ဘ၀ကိုနင်ပိုင်ပါတယ် သေဆိုလဲသေပေးမယ်
စိတ်ချမ်းသာရင်ကျေနပ်ပါတယ် ဘာပဲလုပ်လုပ်အပြစ်မယူလို့
လိုချင်တာကတစ်ခြားလူ လုယူမသွားနိုင်တဲ့ချစ်သူမျိုး
သက်သေပြစရာဘာမှမရှိပါ ဒါကငါ့ရဲ့ချစ်သူလို့
တစ်ချို့လူတွေတောင်မျက်ရည်ဝဲတယ် ငါနဲ့လုံးဝအဖြစ်တူလို့
မရှိတော့ဘူးလားတစ်ယောက်နဲ့တစ်ယောက်ကြား အမှတ်တရဆန်တဲ့အဖြစ်အပျက်တွေ
အရင်လိုပဲနင်ဝေဖန်ပါ အသုံးမကျတဲ့ငါ့ရဲ့ပြစ်ချက်တွေ
မတွေ့ရပေမယ့်မေ့လို့မရတာဒါကငါရဲ့အချစ်သက်သေ
သူ့မွေးနေ့ကိတ်တောင်လှီးခွင့်မရတဲ့ ၄လပိုင်း၈ရက်နေ့

Comments