စက်တီး လက်တီး

ကျွန်တော်တို့ ငယ်စဉ်က မိမိရဲ့သီချင်းကို Hollow Guitar ဖြင့်
တီး၍ ကက်ဆက် ထဲသွင်းပြီး၊ တီးဝိုင်း ခေါင်းဆောင် ထံအပ်၍ အသံသွင်းရန်
Arrangement လုပ်ပေးဖို့ အကူအညီ တောင်းရသည်။ Stage Show လိုက်ဆို ချင်လျှင်
မိမိ၏ အခွေမှာ တီးခတ်ပေး ထားသော တီးဝိုင်းအား မေတ္တာရပ်ခံ၍ အတူလိုက်ဆိုရသည်။
ဒါမှမဟုတ် တီးဝိုင်းမှ လိုလိုချင်ချင် လာခေါ်တာ မျိုးလည်း ရှိသည်။ မိမိ၏ သီချင်းခွေ
ရောင်းတန်းဝင်စေရန် နာမည်ကြီး တီးဝိုင်း၊ တေးရေး၊ အသံဖမ်းများ ငှား ရမ်းအသုံးပြုရသည်။
သို့မှသာ ရန်ကုန်၊ နယ် ကိုယ်စာလှယ်များ စိတ်ဝင်စား ကာ ဈေးကောင်းရ၏။ ရောင်းတန်းဝင် အဆင့်
အသံဖမ်းနိုင်သော studio ၃၊ ၄ ခုသာ ရှိ၍ ဂျူတီခများလည်း ဈေးကြီးလှသည်။ ခွေတစ်ခွေ ဖန်တီးရန်
ငွေကုန်ကြေးကျ အင်မတန်များပါသည်။ ခွေကြမ်းနမူနာ Demo သွင်းဖို့ စဉ်းစားရန်ပင် မလွယ်ပါ။
ထိုနည်းတူ တီးဝိုင်းကြီး များကလည်း သြဇာတိတ္ကိမ ကြီးမား၍ သပ်ရပ် သေချာ လှသောကြောင့်
သူတို့ လုပ်ပေးထားသော Arrangement အပေါ် မည်သူမှ စောဒက မတက်ကြပါ။

ယခုလက်ရှိ ICT ခေတ် မှာတော့ လုပ်နည်း လုပ်ဟန်များ ပြောင်းလဲလာပါသည်။
Demo ဟု ခေါ်ဝေါ်ကြသော (demonstration recording) နမူနာ အသံသွင်းခြင်းကို တွင်တွင်ကျယ်ကျယ် လုပ်လာကြပါသည်။
တော်ရုံ သံစဉ်ဖြစ်စေကာမူ Guitar riff အဆန်းများဖြင့် အကြား အာရုံထူးခြားစေရန် တေးရေးတို့က တီထွင်ကြသည်။
ရင်းနှီးသူ player များ အကူအညီဖြင့် ခွေကြမ်းသွင်း၍ သီချင်းလိုအပ်သူကို ရေမီးအစုံဖြင့် လှလှပပပြကြသည်။
ထို့အတူ Band ကြီးများငှားရမ်း၍ အသံသွင်းလိုသူကလည်း မိမိ၏ စိတ်ကူးများကို Demo ဖြင့် အရင်ပုံဖော်၍
ပိုမိုတောက်ပြောင် သော arrangement များ ဖန်တီးနိုင်ရန် Band ကြီးများသို့ အပ်ကြသည်။
အမှတ်တရ သိမ်းဆည်းထားရန် Demo ခွေ ဖန်တီးသူတွေလည်း ရှိသည်။
Stage Show စီစဉ်သူအား မိမိအဖွဲ့၏ အနေအထားကို ပြနိုင်ရန် Demo သွင်း ကြသည်။
Stage Show တွင် ပရိသတ်အား လက်ဆောင်ပေးရန် Demo သွင်းကြသည်။

Demo သီချင်းများ ဖန်တီးခြင်း



Demo level အသံသွင်း Studio တွေများလာပြီး၊ ဈေးလည်း သက်သာကြသည်။ Professional Studio ကြီးများနှင့် နှိုင်းယှဉ်လျှင် အရည်အသွေး ကွာဟချက် တော်တော် များများ ရှိသော်လည်း လက်ခံနိုင်လောက် သော Quality လေးရလျှင် စုပေါင်း ခွေများတွင် ထည့်သွင်း၍ ဖြန့်ချိသူများ ရှိကြသည်။ စင်တင် တေးဂီတ စား သောက်ဆိုင်များ ပေါ်ပေါက်လာသည့် နောက်ပိုင်း လူငယ်တွေလည်း ယခင် ကထက်ပိုပြီး သီဆို တီးခတ်မှုတွေမှာ ပိုမို ယဉ်ပါး လာကြသည်။ ကြေးစား အဆင့်မီ လက်သွေးပြီးသား လူငယ်တွေ အများ ကြီးရှိလာသည်။ မိတ်ဆွေ သူငယ်ချင်းများ Demo သီချင်းသွင်းလိုလျှင် မေတ္တာဖြင့် ကူညီ ပေးတတ်ကြသလို၊ အခကြေးငွေ ဖြင့် တီးခတ်ကူညီ ပေးတာမျိုးလည်း ရှိ သည်။

Demo သီချင်းသွင်းရန် ကုန်ကျငွေအနေဖြင့် palyer တစ်ဦးကို တစ်ပုဒ် တစ်သောင်းပဲထား၊ KB ပါလျှင် ၄ ဦးစာကုန်မည်။ အဆင့်အတန်း လေးရှိအောင် တီးမည်ဆိုလျှင် တစ်ဂျူတီ (၈ နာရီ) တွင် ၂ ပုဒ်လောက်ပဲ သွင်းပြီးနိုင်မည်။ ဒါတောင် များသော အားဖြင့် အဆိုပိုင်း အချောမရနိုင်ပါ။ အကြမ်းအားဖြင့် တွက်ကြည့်မည်ဆိုလျှင် တေးရေးခမပါတောင် သီချင်း ၂ ပုဒ် အတွက် Studio ခနှင့် player ခ တစ်သိန်းကျော်ကုန်မည်။ ဒါတောင် Demo Studio တွေက ဈေးသက်သာ လို့ပါ။ အခုခေတ် Studio တွေမှာ Instrument အကုန်ချပေးထားပြီး ငှားခမယူသောကြောင့် အရင်တုန်းကထက် အများကြီးသက်သာကြပါသည်။

စရိတ်စကတွေကို တတ်နိုင်သမျှ ချွေတာကြရင်း Demo သီချင်းတွေကို မိမိတို့ အိမ်မှာတင် လုပ်နိုင်ရန် ကြိုးစားလာကြသည်။ တချို့က Studio မှာ Drum လိုင်းတွေချည်း သွား သွင်းပြီး၊ ကျန်တဲ့လိုင်းတွေကို အိမ်မှာ ပြန်ထပ်ယူကြသည်။ တချို့က Drum လိုင်းကို Software တွေနဲ့ တီးထားပြီး၊ Studio မှာ ကျန်တဲ့လိုင်းတွေ ထပ်ကြသည်။ Studio ခ သက်သာအောင် အိမ်က ကွန်ပျူတာနဲ့ အသံသွင်းသူတွေ ရှိသလို၊ လက်တည့်စမ်းချင်၍ သွင်းသူ တွေလည်း ရှိကြသည်။ လူငယ်တော် တော်များများဆီမှာ Guitar ကောင်း ကောင်းတွေ၊ effect ကောင်းကောင်း တွေ၊ KB တွေ၊ Plug-in software တွေ၊ soundcard တွေ ပိုင်ဆိုင်ကြ သော်လည်း Drum ကျတော့ ပတ်ဝန်း ကျင်အနေအထားအရရော၊ အိမ်နေရာ အကျယ်အဝန်းအရရော အိမ်မှာထားတီး ရန် အခက်အခဲရှိကြသည်။ ထို့ကြောင့် Drum Program Software တွေကို အသုံးပြုကြရသည်။

Drum Software များအသုံးပြုခြင်း



Drum Program ရေးဖို့ ကိုတော့ များသောအားဖြင့် Image Line ရဲ့ Fruity Loop software ကို အသုံးပြုကြပါသည်။ ဒါပေမယ့် Fruity ၏ One Shot drum သံများ သည် MP3 Quality ဖြစ်သောကြောင့် အသံကောင်းကောင်းတော့ မရနိုင်ပါ။ လူ တစ်ယောက်တီးခတ်နေသည့် အရသာ မျိုးမရနိုင်ပါ။ Velocity Layer များ သုံး၍ touch များ ဖန်တီးနိုင်သော် လည်း၊ နှိုက်နှိုက်ချွတ်ချွတ် သုံးလေ့ သုံးထမရှိသောကြောင့် fruity ကို သူ့ ထဲမှာပါသော အသံများဖြင့်သာ အဖြစ် သဘော အလွယ်သုံးကြပါသည်။

Emagic ၏ Logic software တွင် EXS 24 Sampler ပါရှိ၍ Real time ရော၊ step recording ပါ Drum ရေးရ လွယ်ကူသော်လည်း Fruity ကဲ့သို့ အသံစုံစုံလင်လင် မပါ သောကြောင့် အသုံးပြုသူ နည်းပါသေး သည်။ Steinberg ရဲ့ Nuendo, Cubase software များတွင်လည်း Midi Track ဖြင့် Drum များ ရေးနိုင် သော်လည်း Sampler Plug-in များ စုံစုံလင်လင် တင်မထားလျှင် စိတ် ကြိုက်ရေး၍ မရပါ။

အချို့က Acid sofrware ကို သုံးကြသည်။ တကယ့် Drum ဖြင့် တီးပြီး သွင်းထားသော Pattern မျိုးစုံကို ဖြတ်ညှပ်ကပ်လုပ်၍ အသုံးပြု ရသည်။ Percussion Pattern မှစ၍ စုံစုံလင်လင်စုဆောင်းထားမှသာ အသုံး ပြုရလွယ်ကူမှာဖြစ်ပါသည်။ Fruity လောက် ရေးချင်တာ ရေးလို့မရသော ကြောင့် သူ့ကိုလည်း drum ရေးဖို့ သိပ်မသုံးကြပါ။

AD Drum



ဤဆောင်းပါးတွင် ကျွန် တော် အဓိကထား တင်ပြချင်သော အကြောင်းမှာ Demo ဖန်တီးနိုင်ရန် Drum software ကောင်းကောင်း တစ်ခုကို တင်ပြမိတ်ဆက်ပေးလိုခြင်း ဖြစ်ပါသည်။ XLN Audio မှ ထုတ် လုပ်သော Addictive Drum Plug-in software ပဲဖြစ်ပါသည်။ အသုံးပြု နေသူ အများအပြားရှိနေပြီဖြစ်သော် လည်း မသိသေးသူလည်း အများအပြား ရှိနေသောကြောင့် AD Drum အကြောင်း အနည်းငယ်ရှင်းပြလိုပါ သည်။ AD Drum ကို Install လုပ်လျှင် မိမိစက်မှာ တင်ထားသော Recording software ၏ VST Folder ထဲ အလိုအလျောက်ဝင်သွား မှာဖြစ်ပါသည်။ (VST သည် Stein-berg Co., မှ တီထွင်သော Virtual Sound Technology ဖြစ်သည်)



ဥပမာ-Logic, Nuendo, Cubase software များတွင် VST Instrument (Sampler) အဖြစ် ဝင် ရောက်လာမှာဖြစ်၍ အသုံးပြု၍ အလွန် လွယ်ကူပါသည်။ AD Drum တွင် Drum set ၄ မျိုး (DW, Pearl, Tama, Sonor ပါရှိသည်။ ကြိုက်သလို တွဲစပ်၍လည်း သုံးနိုင်သည်။ Cymbal သံများလည်း မျိုးစုံပါရှိသည်။ ထွက် သော အသံအဆင့်အတန်းလည်း မြင့် မားသည်။ Preset Pattern နှင့် Fills မျိုးစုံ အသင့်ဖန်တီးပေးထားပြီး၊ 3/4 – 4/4 – 6/8 Timing မျိုးစုံပါရှိသည်။ မိမိစိတ်ကူးထဲက Pattern ကို အနီး စပ်ဆုံးရှာတွေ့နိုင်သည်အထိ အမယ်စုံ အောင် လုပ်ပေးထားသည်။ Recording software ၏ Piano Roll ထဲ ဝင်၍ ကိုယ့်စိတ်ကြိုက် beating ရေး နိုင်သလို၊ သူ့ Preset များပါ ရောနှော သုံးနိုင်သည်။ 1 Shot များမှာလည်း Velocity Layer များ ခွဲ၍ ဖန်တီး ထားသည့်အတွက် Vel: ကို ချိန်ဆ ပေးခြင်းဖြင့် လူတစ်ယောက်တီးခတ် နေသည့်အတိုင်း တကယ့် Drum Accent များ ရရှိနိုင်သည်။ အသင့် ဖန်တီးပေးထားသော Preset များမှာ mood အလွန်ကောင်းသောကြောင့် မိမိ စိတ်ကူးနှင့် အနီးစပ်ဆုံး Pattern ကို ယူ၍ အနည်းငယ်ပြုပြင်ပြီး၊ မိမိ ကိုယ် ပိုင် Original Patten များ ဖန်တီး ထားသည်။

AD Drum ကို Nuendo, Cubase software များတွင် ချိတ်ဆက် အသုံးပြုခြင်း



Add Track ဖြင့် MIDI Track တစ်ခု အရင်လုပ်၍ Midi Track ၏ output ကို AD Drum ဟု သတ်မှတ်ပေးရမည်။ ထို့နောက် F11 ကို နှိပ်၍ VST Instrument ကို AD Drum ရွေးပေးပါ။ မိမိသီချင်း ၏ Tempo အတိုင်း မောင်းနှင်းရန် Tempo ခလုတ်ကို နှိပ်ပါ။ Space Bar ဖြင့် Play/Stop လုပ်နိုင်ရန် ညာဘက်အပေါ်နားက Sync ခလုတ် ကိုလည်း နှိပ်ပါ။ AD Drum ၏ Beat Page ထဲမှ ကြိုက်ရာ Pattern ကို ရွေး၍ Drag & Drop ဖြင့် Nueno software ထဲ ဆွဲတင်ရုံပဲဖြစ်သည်။ Beat တစ်မျိုးကို VST Instrument တစ်လိုင်းစီ ဝင်လာမှာဖြစ်လို့ အားလုံး ပြီးလျှင် Beat အားလုံးကို MIDI Track ထဲ စီထည့်လိုက်လျှင် မျက်စိ ရှင်းသွားမှာဖြစ်ပါသည်။ ထို့နောက် Piano Roll ထဲဝင်၍ အချောသတ် ဝင်ကစားပေးလျှင် သင်ကျေနပ်လောက် သော Drum လိုင်းကို ရရှိနိုင်မှာ ဖြစ် ပါသည်။

Mixer နှင့် Mixing စနစ်များ



AD Drum တွင် Studio Mixer စနစ် ပါရှိသောကြောင့် Drum ပိုင်းပိုင် အချောရသည်အထိ ချိန်ယူနိုင် သည်။ Kick တွင် ရှေ့နောက် Mic ၂ လုံးဆင်ထားပြီး၊ အနည်းအများ ချိန် နိုင်သလို၊ Snare တွင်လည်း အပေါ်၊ အောက် Mic ၂ လုံးဆင်ထားပြီး အနည်းအများချိန်နိုင်သည်။ Cymbal အတွက် Overhead Mic များရှိပြီး၊ Room Mic ၂ လုံးဖြင့် Ambience ကို ဖန်တီးယူနိုင်သည်။ ထို့အပြင် Kick , Snare အသံတွေကို Overhead Mic ထဲ မည်၍ မည်မျှ ဝင်စေချင်သည်ကို အလျှော့အတင်းလုပ်နိုင်သည်။ Drum အလုံးတိုင်းအတွက် FX ၂ မျိုးစီ ချိတ်ခွင့်ရှိ၍ Hall, Room, Plate Reverb များဖြင့် အချောကိုင်နိုင်သည်။ Drum သားရေအလျှော့အတင်းကို Pitch အပိုင်းမှာ ပြုပြင်နိုင်၍၊ Envelope ဖြင့် Sustain ရှည်/တို ချိန် နိုင်သည်။ Drive ဖြင့် Metal Mood များ လုပ်နိုင်သလို၊ EQ, Compressor, Saturator, Hi-Low cut များပါ အသုံးပြုနိုင်သောကြောင့် Studio တွင် အသံဖမ်းနေသည့်အလား စိတ်ပျော်ရွှင် ခံစားရ၏။ Drum set များ၏ အသံ ကိုလည်း မူရင်း Dry မှစ၍ Chemical, Metal, Rock, Hip-Hop များ အထိ ဖန်တီးနိုင်ရန် Category စုံစုံ လင်လင်ထည့်သွင်းထား၏။

AD Drum software သည် Size ကြီး၍ DVD ဖြင့် ရောင်း ချသည်။ ဆူးလေ-ကျောက်တံတား ရဲစခန်းအနီး၊ Active ဆိုင်မှာ အလွယ် တကူဝယ်ယူနိုင်သည်။ Trial Version ဖြစ်၍ ၁ဝ ရက်သာ သုံးနိုင်သော်လည်း၊ ကွန်ပျူတာပေါ်တင်ထား၍ ရက်ပြည့် လျှင် ပြန်တင်ပြီး ထပ်သုံးရုံပါပဲ။ ပြန် မတင်ခင်တော့ Register Key ပါ ဖျက်ပြီးမှ တင်ရပါမည်။ (Start–Run –Regedit–Current user–Software–XLN AUDIO ကို Delete လုပ်ရပါမည်) Full Version ဆိုလျှင် ပိုပြီး စုံမည်ထင်သော်လည်း ဈေးကတော့ ဒေါ်လာ ၃ဝဝ ကျော်ပါသည်။ ဒါကြောင့် အလင်္ကာတို့လည်း Trial Version လေးနဲ့ပဲ ကျေနပ်ရင်း Drummer ကောင်းကောင်းလေးတီးထားတဲ့ Drum လိုင်းနဲ့ သီချင်းသစ်တွေ ဖန်တီးလိုက် ကြပါဦး။

Credit to Phoewa.com

Comments