ကန့်လန့်ကာနောက်ကွယ်မှ K.G.K












HipHop သီချင်းတစ်ပုဒ်ကို ပရိသတ်တွေ ဘာကိုနားထောင်လဲ။ အဆိုတော်အသံလား။ စာသားကိုလား။ Music ကိုလား။ မေးစရာတွေ အများကြီးရှိလာပါတယ်။ ကဲ . . ဒါဆိုဟုတ်ပြီ။ အဆိုတော်ရဲ့ အသံ စာသားတွေကို နားထောင်ချင်တဲ့သူတွေ အတွက်၊ အဆိုတော် ကိုယ်တိုင်လည်း သူ့အသံ၊ စာသားတွေပါလာနိုင်ဖို့ သီချင်းတစ်ပုဒ်ကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ဖို့က Music Producer ရဲ့ ကဏ္ဍက အထူးပဲအရေးပါလှပါတယ်။ ဒီနိုင်ငံက HipHop Producer တွေထဲက လူသိအများဆုံး၊ အဆိုတော်တွေစိတ်ကြိုက်အဖြစ်ဆုံး Producer ကို လက်ညှိုးထိုးပြပါ ဆိုရင်။ သိပ်များများစားစားမရှိပါဘူး။ ''K.G..K' 'ဆိုတာနဲ့ ပရိသတ်တွေသိထားပါလိမ့်မယ်။ 2nd Generation Hip Hop မှာ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး Beat တွေကို ဖန်ဆင်းပေးနိုင်သူပါ။ Music Producer တစ်ယောက်ရဲ့ဘဝအကြောင်း၊ ကောင်း ကြောင်း၊ ဆိုးကြောင်းကအစ သူ့ရဲ့ဘဝအကြောင်းတွေကို The Street Magazine မှ ဖော်ပြတင်ဆက်လိုက်တာက . .။

K.G.K ဆိုတဲ့ နာမည်မတိုင်ခင် ဖြတ်သန်းခဲ့ရတဲ့ ဂီတလမ်းကြောင်းအကြောင်းကို ပရိသတ်အများစုက သိပ်မသိကြဘူး။ အဲဒါလေးကို ပြောပြပေးပါ။
ကျွန်တော် အခု HipHop မတီးခင် အရင်တုန်းကပေါ့။ တခြား Music တွေ တော်တော်များများ လေ့လာဖြစ်ပါတယ်။ အဓိကကတော့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ တီးဝိုင်းလေးတစ်ခု ထောင်ခဲ့ဖူးတယ်။ ဂစ်တာတွေ ဘာတွေလည်းတီးခဲ့ဖူးတယ်။ နောက်ပြီးတော့ သူတို့က နိုင်ငံခြားကို အသီးသီးသွားကြတော့ ကျွန်တော်လည်း ဘာမှမလုပ်ဖြစ်တော့ဘူးပေါ့။ အဲဒီဘက်ကကိစ္စတွေ မလုပ်ဖြစ်တော့ဘဲနဲ့ ဒီဘက်ကတခြား Media တစ်ခု လုပ်ဖူးတယ်။ Creative Fusion ဆိုတဲ့ Media Company လေးတစ်ခု ထောင်ဖူးတယ်။ အဲဒီဘက်မှာပဲ ကျွန်တော်အလုပ်ရှုပ်နေခဲ့တော့ ဂီတဘက်ကို ကျွန်တော် မလုပ်ဖြစ်တော့ဘူးပေါ့။ မလုပ်ဖြစ်တဲ့အချိန်မှာ Lucky Hand က Lucky Hand Studio ပေါ့နော်။ တီးဝိုင်းလဲ ရှိတယ်ပေါ့။ ကိုစောဖြူကို သိကြလိမ့်မယ် ထင်ပါတယ်။ ကိုစောဖြူဆိုရင် ကျွန်တော့်ကို လာခေါ်ပြီးတော့။ သူလုပ်ချင်တာလေးတွေပေါ့။ ဘယ်လိုပြောမလဲ။ သူလည်း Computer Music ကို အစပြုခဲ့တဲ့သူပဲ။ တော်တော်စောတဲ့သူပဲ။ သူလည်း လာပြီးတော့ ပြပေးတာပေါ့။ ဒါလေးတွေ လုပ်ကြည့်ရင်ကောင်းမယ်ဆိုပြီးတော့လေ ကျွန်တော်ကလည်း တအားစိတ်ဝင်စားပါတယ်။ အရင်ကတည်းကလဲ အဲဒီလို စထွက်ကာစ Software တွေ ကျွန်တော်ကိုယ်၌ကိုကလည်း ကလိနေတဲ့အချိန်ဆိုတော့ အရမ်းအဆင်ပြေသွားတာပေါ့။ FL 1.0 လား 2.0 လားမသိဘူး။ သူ့ဆီမှာ ညည သွားသွားအိပ်လိုက်၊ သှူ့ Studio မှာပဲ ညညသွားပြီးခွေ။ ပြီးတော့ သွားလုပ်လိုက်နဲ့ သူတို့ တီးဝိုင်းကကိစ္စတွေ၊ အသံဖမ်းတာတွေလည်း ဝင်လုပ်ပေးတာ ပေါ့လေ။ လုပ်ပေးရင်းလုပ်ပေးရင်းနဲ့ မသိမသာ မသိမသာနဲ့ပေါ့ဗျာ။ အဲဒီလိုနဲ့ တစ်နှစ်လောက်ကြာတဲ့အခါကျတော့ အလိုလို Auto ရောက်သွားတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီမတိုင်ခင် CF ဆိုတဲ့ Company လေးမှာတုန်းက ဒီ On Track တို့ ဘာတို့က အဲဒီ တုန်းက စပြီးဖွဲ့ကာစပေါ့။ On Track က အဲဒီတုန်းက Member နှစ်ယောက်တောင် မဟုတ်ဘူး။ ၃ယောက်လား မသိဘူး၊ အခုတစ်ယောက်တော့ မပါတော့ဘူး။ အဲဒီ ကနေ စတာပဲ။ စတာကတော့ သူတို့နဲ့ အဲဒီတုန်းကစပြီး သီချင်းကို တီးဖူးပါတယ်။ သူတို့နဲ့ တီးပေမယ့်လည်း ကျွန်တော့်ဘက်ကလည်း အဲဒီဂီတကို ချက်ချင်းကြီး Catch လုပ်ဖို့ အရမ်းခက်တယ်လေ။ ခက်တဲ့အခါ ကျတော့ ဖြည်း ဖြည်းချင်းပေါ့။ ဖြည်းဖြည်းချင်း လုပ်ရတယ်။ အဲဒီတုန်းကဆို သူတို့တီးခိုင်းတဲ့ တချို့သီချင်းမျိုးတွေ ဆိုရင် အရမ်းခက်တော့ (၇)ရက်လောက်တောင် တီးယူရတယ်။ အဲ့ဒီတုန်းကကျွန်တော့်မှာ ဘာပစ္စည်းမှလည်းမရှိဘူးလေ။ ဒါကတော့ အစပိုင်းတွေက ဒီလိုပါပဲ။ ဒီခေတ်ကလေးတွေဖြစ်သလိုမျိုးပေါ့။ ကျွန်တော်တို့လည်း ဖြစ်ခဲ့တာပဲ။ ပစ္စည်းပစ္စယ မစုံမလင်နဲ့လေ။

ဂစ်တာ Player တစ်ယောက်အနေနဲ့ စင်ပေါ်မှာ Solo တွေ စွတ်ဆွဲပြချင်တဲ့စိတ်မျိုးရော။
ကျွန်တော်က နဂိုကတည်းက ကိုယ်လိုအပ်သလောက်ပဲ လုပ်ချင်တယ်ဗျ။ အရမ်းကြီး မလုပ်ချင်ဘူး။ မလုပ်ချင်ဘူးဆိုတာ ကိုယ်ကတော့ အားကျတာပေါ့။ Solo Artist တွေကို တအား အားကျတာပေါ့။ ငယ်ငယ်ကတည်းက တအား Crazy ဖြစ်တယ်။ သို့သော်လည်း ဘယ်လို ပြောမလဲနေရာ အချိန်က အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ ဖြတ်သန်းလာရတဲ့နေရာနဲ့ အချိန်တို့က သူတို့ဖြတ်သန်းရတဲ့နေရာနဲ့ အချိန်နဲ့ မတူဘူးလေ။ သူတို့ လုပ်နိုင်သလို ကျွန်တော်တို့ လုပ်ချင်မှလုပ်နိုင်မှာပေါ့။ ဒါကတော့ ဟုတ်တယ်မဟုတ်လား။ နောက်တစ်ခါ သူတို့ကတကယ်ကို ဂစ်တာသမား တစ်ယောက်ဘက်က ကြည့်ရင်တော့ နတ်ဘုရားတွေပဲ လူမှဟုတ်ရဲ့လားလို့တောင် ခံစားရပါတယ်။ သူတို့တီးတာတွေ ကြည့်ပြီးရင် ကျွန်တော်စိတ်အားတက်ကြွတာက နည်းပါတယ်။ စိတ်ဓါတ်ကျကျသွားတာက များပါတယ်။ အဲဒီတော့ (ဟဲ..ဟဲ) မတီးဖို့ပဲ စဉ်းစားပါတယ်။

ကိုယ်အမြင့်ရောက်ဖို့အတွက် အောက်သက်ကြေခြင်းဆိုတဲ့ အဓိက အစိတ်အပိုင်းက လူတိုင်းအတွက် ဘယ်လိုအရေးကြီးသလဲ။
အောက်သက်ကြေတယ်ဆိုတာ ဘယ်လိုပြောမလဲဘဲ၊ အခြေခံပေါ့၊ Foundation ခိုင်ခိုင်မာမာပေါ့။ တကယ်တမ်း ကျွန်တော် နားလည်တာက အဲဒီလိုမျိုးဖြစ်ဖို့က တကယ်တမ်းတော့ များများလေ့လာရမှာပေါ့လေ.....။ များများ လေ့လာရမယ်ဆိုတာ ဒီဂီတကလည်း Hip Hop မှ မဟုတ်ပါဘူး။ ဂီတဆိုတဲ့ အမျိုးအစားကလည်း လွယ်လင့် တကူ ချက်ချင်းကြီး ထလုပ်လိုက်လို့ရချင်မှ ရမှာကိုး။ ကျွန်တော်တို့တောင်မှ မနေ့ကတီးတဲ့ သီချင်းနဲ့ ဒီနေ့ တီးတဲ့ သီချင်းတူချင်မှလည်းတူမှာ။ အရင်တီးခဲ့တဲ့ဟာက ကောင်းမယ်။ နောက်တီးတဲ့ဟာက ကောင်းချင် မှလည်း ကောင်းမှာ။ ကိုယ့်ကိုယ်ကိုလည်း အာမမခံနိုင်ပါဘူး။ ယုံကြည်နိုင်တာကတော့ ကိုယ်ဒီသီချင်းတွေအပေါ် ဘယ်လောက်သစ္စာရှိရှိ လုပ်နိုင်မလဲပေါ့။ ဘာပဲဖြစ်ဖြစ်ပါ။ ဘယ်ဂီတမဆိုပေါ့။ တစ်ခုခုကိုဘယ်လောက်အထိ စွဲစွဲမြဲမြဲ လုပ်နိုင်မလဲပေါ့။ ဒါကတော့ အရေးကြီးတယ်လို့ မြင်ပါတယ်။

အစ်ကို့အနေနဲ့ Hip Hop ဂီတ ကို စတင်စိတ်ဝင်စားပြီး အသက်သွင်းတဲ့အခါ ဘယ်လိုအခက်အခဲနဲ့ ကြုံရသလဲ။
အခုနက ဟို On Track ပေါ့။ စစချင်း ဒုက္ခပေးတဲ့အဖွဲ့ပေါ့။ သူတို့ လုပ်ခိုင်းထားတဲ့ဟာတွေက အဲဒီတုန်းက Eminem တောင်မထွက်သေးဘူး။ အဲဒီတုန်းက တော်တော်များများပဲ လုပ်ခိုင်းတဲ့ဟာတွေက တော်တော်ကို စားပါတယ်။ စားတယ်ဆိုတာ အဲဒီတုန်းက ပစ္စည်းပစ္စယလည်း မစုံမလင်၊ ဒီဂီတကိုလည်း သိပ်နားမလည်။ နောက် သီချင်းတွေတောင် အမှန်ဆိုရင် ကျွန်တော်ပြန်ရှာရင်တော့ ရှိဦးမယ်ထင်ပါတယ်။ တော်တော်ခက်ခက်ခဲခဲ တီးရတယ်။ F.L နဲ့ အဲဒီလိုမျိုး (၇)ည၊ (၈)ညမအိပ် ဘဲနဲ့ တီးရတာပေါ့။ သူတို့ကတော့ သဘောကျ ကြတယ်ပေါ့နော်။ အဲဒီတုန်းကလည်း ငွေရေး ကြေးရေးက အဓိကမဟုတ်ဘူးကိုး။ လုပ်ချင်လွန်းလို့သာ လုပ်ခဲ့ကြတာ။ သူတို့ အမြဲတမ်း နောက်လေ့ရှိပါတယ်။ ကျွန်တော်လည်း ပြန်ဖွပေးပါမယ်။ တီးတုန်းက စပီကာတောင် မရှိပါဘူး။ အဆင်ပြေသလို လုပ်ရတာကိုး။ အဲဒီတုန်းက မရှိရှိတဲ့ပစ္စည်းလေးနဲ့ အဆင် ပြေသလိုလုပ်ရတော့.. ဟိုဘယ်လိုပြောမလဲ Speaker Cabinet မဟုတ်ဘူးဗျာ။ ရိုးရိုး ဟို ဈေးကွက်ထဲမှာရောင်းတဲ့ Speaker အရွတ်ကြီးတွေ ရိုးရိုးအလွတ်ကြီးတွေ lose ကြီးတွေ၊ အဲ့ဒါကြီးကို ယူ.. ယူပြီးတော့ ကြိုးတွေဘာတွေနဲ့ ခဲတွေဘာတွေ ဆော်။ ကိုယ့်ဟာကို ဆော်ပြီးတော့ စဉ့်အိုးတွေနဲ့ သေချာလုပ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက ကျွန်တော်လည်း Electronic လည်း တအားလုပ်နေတဲ့ အချိန်ပေါ့။ Electronic လည်း လေ့လာနေတဲ့အချိန်ဆိုတော့ အရမ်းကလိဖြစ်တဲ့ အချိန်ပေါ့  ။ အဲ့ဒီတုန်းကတော့ ပေါက်ပေါက်ရှာရှာတွေ အများကြီး လုပ်ခဲ့ရတာပေါ့။ အခက်အခဲတွေကတော့ ဒါတွေပေါ့လေ။ ပြောရမယ်ဆိုရင်တော့ အခုပြန်စဉ်းစားကြည့် တဲ့အခါကျတော့လည်း သြော်.. ဘာမဟုတ်တဲ့ဟာလေးနဲ့ တော်တော် ဒုက္ခရောက်ခဲ့ပါလားပေါ့။ အဲဒီတုန်းကတော့ အကြီးကြီးပေါ့ဗျာ။

Hip Hop ကို ဒီမှာကြိုက်တဲ့ ဖန်တီးတဲ့သူ အများစုက Teenager တွေ များတယ်လို့ K.G.K အနေနဲ့ ဒါကို သုံးသပ်ပေးပါဦး။
သူကတော့ ဒီလိုပေါ့၊ Hip Hop ရယ် လို့တော့ မဟုတ်ပါဘူး။ ဥပမာ Popular ဖြစ်တဲ့ Music တစ်ခုက တကယ်တမ်း Popular က ဘယ်မှာသွားဖြစ်သလဲဆိုရင် Teenage ထဲမှာ အမြဲတမ်းသွားပြီးတော့ ဖြစ်လေ့ရှိတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ တကယ့် Market အကြီးဆုံးပေါ့။ ဒီ Media လောကရဲ့ အကြီးဆုံး Market ပေါ့နော်။ Target Market က Teenage ပဲ။ ဘာကြောင့်လဲဆိုတော့ လူဦးရေကလည်း အဲဒီမှာ အများဆုံးပဲ။ သီချင်းနားထောင် အားလည်း အကောင်းဆုံးပဲ။ အဲဒီအချိန်မှာ။ နောက်တစ်ခါ အသက်ကြီးလာတယ်ဗျာ။ ဥပမာ ကျွန်တော်တို့ဆို ၃ဝ ကျော်ပြီး ၄ဝ နားကပ်လာပြီ။ ဒီ အလုပ်လုပ်နေလို့သာ ဒီဂီတကို ဆက်လုပ်နေတာလေ။ ကျွန်တော်တို့ရဲ့ သာမန်သူငယ်ချင်းတွေ ဆိုရင် သူတို့က ကြားတဲ့အချိန်မှာ နားထောင်လိုက်တာမျိုးပဲ ရှိတော့တယ်။ သူတို့အတွက် အလုပ်လုပ်ရတာတွေလည်း အရမ်းများလာတယ်ဗျာ။ ရင်ဆိုင်ရတဲ့ဟာတွေလည်း တအားများလာတဲ့ အခါကြတော့ ရှင်းရှင်းပြောရင်တော့ အဲဒီလောက်အထိ သူတို့အချိန်မပေးနိုင်တော့ဘူး။ တကယ်တမ်း အချိန်ပေးနိုင်တာ ဒီအရွယ်လေ။ Teenage က ဘာပဲပြောပြော သူတို့ လမ်းသွားရင်းနဲ့ နားထောင်လို့ရတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင်းနဲ့ နားထောင်လို့ရတယ်။ အဲဒီတော့ မှန်ပါတယ်။ အခု ဒီအချိန်မှာ ဒီ Hip Hop က အရမ်း Popular ဖြစ်နေတဲ့ Music တစ်ခုဖြစ်နေတဲ့အတွက် ပေါ့နော်။ ဒါကတော့ Teenage တွေ အကြိုက်ဖြစ်မှာပါပဲ။ အဲဒါကတော့ ကျွန်တော် ယုံကြည်ပါတယ်။

Song Producer တစ်ယောက် အနေနဲ့ Behind the Scence ရဲ့ကောင်းခြင်းနဲ့ ဆိုးခြင်းကို ဝေငှပေးပါလား။
Behing the Scence နောက်ကွယ်က ပံ့ပိုးတဲ့လူတွေကြတော့- ဥပမာဗျာ- ကျွန်တော်တို့က တတ်နိုင်သမျှပေါ့။ နောက်ကွယ်ကနေပြီး ပို့ပေးတာပါပဲ။အဲဒီအချိန်မှာ စေတနာထားတာလေးတွေတော့ ရှိတာပေါ့။ ဒီလူကို သူ့စိတ်တိုင်းကျ ဘယ်လောက်ထိ ဖြစ်အောင်လုပ်ပေးမလဲ။ သူလွဲနေတာလေးတွေရှိရင် ကိုယ်ဘယ်လောက် အထိပြင်ပေးမလဲ။ ဒီလိုမျိုးလေးတွေ ရှိပါတယ်။ တစ်ခါတလေ ကျတော့လည်း ကိုယ့်ရဲ့ဝမ်းစာအရပေါ့။ ကိုယ် ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စမျိုးတွေကျတော့လည်း (Behing the Scence) က လူက ဘာမှမလုပ်ပေး နိုင်ဘူးပေါ့လေ။ ဒါကတော့ ရှိပါတယ်။ ကျွန်တော် တို့လည်း ဖြစ်ပါတယ်။ ကိုယ်လည်း တချို့ ဂီတမျိုးတွေကြတော့ ဘယ်လိုမှစိတ်ထဲသွင်းလို့ မရဘူးဗျာ။ နားထောင်တော့ နားထောင်ပေးလို့ရတယ်။ သို့သော်လည်း ကျွန်တော်တို့က တီးတဲ့အခါကျတော့ ဒါကို ခံစားပြီးမှ အတိုင်းအတာတစ်ခုအနေနဲ့ တီးလို့ရမှာကိုး။ သမားရိုးကျ ကြားရုံလောက်နဲ့ 'ဒါပဲကွ..တီးပြလိုက်မယ်ကွ' ဆိုပြီး ကျွန်တော်တို့လည်း လုပ်လို့ မရဘူး။ မရတဲ့အခါကြတော့ နည်းနည်း ခံစားပြီးတော့မှ တီးတယ်ဆိုတော့။ ကိုယ်ဘယ်လိုမှ ခံစားလို့လည်းမရ၊ ရှေ့ဆက်ပြီးတီးလို့လည်း မရတဲ့တာမျိုး ကျတော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးပေါ့။ အဲဒီတော့ မဖြစ်မနေပေါ့။ အတင်းဝမ်းစာအတွက် လာပြီးတော့'လုပ်ပါ၊ လုပ်ပါ' ပိုက်ဆံတွေ ပုံပေး၊ ဘာပေးနဲ့ဆိုတော့ ဘယ်လောက်ပဲ ငြင်းငြင်းပေါ့။ လူဆိုတာတော့ ငွေရဲ့သားကောင်ပဲလေ။ တစ်ခါတလေ အရမ်းငွေလိုအပ်လာရင် ဒီလိုပဲလုပ်ပေးလိုက်တာပေါ့။ အဲဒီလို လုပ်ပေးလိုက်တဲ့အခါကြတော့ ကိုယ်ကိုတိုင်လည်း စိတ်တိုင်းမကျပါဘူး။ အဲဒါမျိုးကျတော့ Behind the Scence ရဲ့ Post က မကောင်းဘူးပေါ့ဗျာ။ (ဟား ဟား) ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း မကောင်းပါဘူး။ ကိုယ်ကိုယ်ကိုသိပါတယ်။ အဲဒီလိုမျိုးကျတော့ မတတ်နိုင်ဘူးပေါ့လေ။ အဲဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

K.G.K လတ်တလော ဒါမှမဟုတ် အမြဲတမ်းလက်ခံတဲ့ ပြည်တွင်းက Hip Hop Song Producer က ဘယ်သူ ဖြစ်မလဲ။
ပြည်တွင်းက Song Producer ကတော့ ကိုမြင့်ဇော်တို့ဘာတို့လည်း ကျွန်တော် ကြိုက်တာပဲ။ သူတီးခတ်တဲ့ ဟန်တွေ Style တွေကိုပေါ့။ တကယ်တမ်း ပြောရမယ်ဆိုရင် ကျွန်တော်တို့က ကိုမျိုးကျော့ကြီးကို မေ့နေကြတယ်။ ကိုမျိုးကျော့ကြီးက အများကြီး စောတာပေါ့။ ကျွန်တော်တို့အတွက် အသိပညာပေးနိုင်တာ အများကြီး ပါခဲ့ဖူးတယ်။ ဒီတီးတာခတ်တာနဲ့ ပတ်သက်တဲ့ဟာတွေပေါ့။ ဟိုခေတ်တုန်းက ထင်ရှားတဲ့ သီချင်းမျိုးလေးတွေကို သူဘယ်လို Remix လုပ်သလဲ။ ရှင်းရှင်းပြောရရင် အဲဒီကနေပြီးတော့ Sampling တွေ ဘာတွေက ကွဲထွက်လာတာပဲလေ။ Remix တို့ဘာတို့လုပ်ရင်းနဲ့ ကွဲထွက်လာတာ။ သူကတော့ အများကြီးစောပါတယ်။ သူ့ကိုလည်း ကျွန်တော်တို့တအား ကြိုက်ခဲ့ပါတယ်။ သူ့ရဲ့ဟန်ပန်တစ်ခု ထွက်တယ်ပေါ့။ ကျွန်တော်ကတော့ တစ်ယောက်ချင်းစီ ဘယ်သူ့ကို ပိုကြိုက်သလဲရယ်လို့တော့ မပြောဘူး။ ဘာကြောင့်လဲဆိုတော့ ကိုမျိုးကျော့ဆိုလည်းသူ Remix လုပ်တဲ့ ဟန်ပန်နဲ့ သူ့ music တီးခတ်ပုံနဲ့ကလည်း စံတစ်ခုထွက်တယ်။ နားထောင်လိုက်တာနဲ့ ဟာ.. ကိုမျိုးကျော့တအားမိုက်တယ်။ သူတီးတာ တအားကောင်းတယ်။ အဲဒီလိုပဲ ကိုမြင့်ဇော်တို့ ဘာတို့ဆိုလည်း Low End (Bass) တအားမာတယ်။ သူ့ဆိုရင် ပြင်းပြင်းထန်ထန်လေးတွေထွက်တယ်။ ကိုကျော်ဇေယျဆိုရင်လည်း တော်တော်ပြည့်ပြည့်စုံစုံနဲ့ လုံးဝကြွေ လောက်တဲ့ဟာမျိုးလေးတွေ ထွက်တယ်လေ။ ပြောမယ်ဆိုရင် သူ့ဟာနဲ့သူတော့ ကောင်းတာတွေပဲပေါ့။ မိုးမိုး ဆိုရင်လည်း ကြည့်ဗျာ။ သီချင်းတစ်ပုဒ်ကို ဘယ်လိုပေါက်ထွက်သွား အောင်တီးမလဲ။ ဒါ သူတအား ကျွမ်းကျင်တာ။ အဲဒီတော့ အကြိုက်ဆုံးရယ်လို့တော့မရှိဘူးပေါ့။ နိုင်ငံတကာမှာလည်း အဲဒီလိုပါပဲ။ Timberland ကို ကျွန်တော်တို့လည်း နားထောင်ကြည့်တယ်။ Timberland ရဲ့ music လေးတွေကို သဘောကြတယ်။ သူ့ရဲ့ အသံပေါ့၊ Timberland's Sound ဆိုတာကြီးတို့ တသီးတသန့် ထွက်သွားစေတယ်။ သမားရိုးကျ သီချင်းတွေ ထက်စာရင်ပေါ့။ Dr.Dre ဆိုရင် သူ့ရဲ့ထင်ရှားတဲ့ Beat တွေရယ်၊ သူ့ရဲ့ Bass နဲ့ Beat ရဲ့ အတွဲအစပ်တွေရယ်က တအားကောင်းတယ်။ သူ့ဟာနဲ့ သူကတော့ အကုန်လုံးက ဆရာတွေချည်းပါပဲ။ဘယ်သူ့ကို အကြိုက်ဆုံးလည်းတော့ ကျွန်တော်လည်း မပြောတတ်ပါဘူးဗျာ။

K.G.K ကို သီချင်းတစ်ပုဒ် စိတ်ကြိုက် ဖန်တီးခွင့်ပေးထားမယ်ဗျာ။ အဲဒီသီချင်းက Tempo ဘယ်လောက်နဲ့ Beating Color တွေဟာ ဘယ် Hip Hop အမျိုးအစားပိုင်းကို ယိမ်းနေမလဲ။
အဲဒါမျိုးကျတော့ ကျွန်တော့် ကိုယ်ပိုင်စိတ်ကူးမျိုးဖြစ်သွားပြီ။ အပ်ထည်မဟုတ်တော့ ကျွန်တော့်အတွက် ဘောင်မရှိတော့ဘူးလေ။ ကျွန်တော်ကလည်း ကျွန်တော့် စိတ်သွားတဲ့အတိုင်း ကျွန်တော်လိုက်မှာပဲ။ ကျွန်တော်လည်း K.G.K Produced ဆိုပြီး သီချင်းတွေအများကြီး လုပ်ထားတာပဲ။ အဲဒါတွေမှာလည်း ကျွန်တော့်စိတ်ဦးတည်ရာက ဘယ်ကိုသွားနေလဲပေါ့။ ဥပမာ-Psycho အကြောင်း တစ်ခုခု ဆိုရင် Psycho လို့ ခေါင်းစဉ်တပ်ပြီးတော့ အဲဒါကိုပဲ နားထောင်ပြီးတော့ သွားနေမှာပဲ။ ကိုယ် Feeling ဖြစ်နေတဲ့ Psycho လမ်းကြောင်းကို သွားနေမှာပဲ။ ဘယ်သူနဲ့မှ တူရပါစေရဲ့လို့လည်း စိတ်ကူးမရှိဘူး။ Tempo ဘယ်လောက်နဲ့ ထားမယ်ဆိုတာလဲမရှိဘူး။ ကျွန်တော် ခံစားရသလို ကျွန်တော်တီးတာကိုး။ ကျွန်တော့်မှာ ဘောင်မရှိပါဘူး။

Hip Hop သီချင်းတစ်ပုဒ်ရဲ့ Mastering နဲ့ Mixing အရေးပါပုံကိုလည်း ပြောပြပေးပါဦး။
မြန်မာပြည်မှာ အဓိကလိုနေတဲ့ အချက်လေးပေါ့။ ကျွန်တော်တို့ဆီမှာက Mastering Facility ကောင်းကောင်းမရှိဘူး။ Mixing ကတော့ တော်တော်များများက ကျွမ်းကျွမ်းကျင်ကျင် ကောင်းနေကြပါတယ်။ အရမ်းကောင်းတယ်။ ကျွန်တော့်ထက်အများကြီးကောင်းတယ်။ ကိုမြင့်ဇော်တို့ဆိုရင် Mixing တအားကာင်းတယ်။ ကိုကျော်ဇေယျတို့ ဆိုလည်း Mixing တွေရှင်းပြီး သန့်နေအောင်ဆွဲနိုင်တယ်။ မာနေအောင်လည်း ဆွဲနိုင်တယ်။ အမျိုးစုံ ပဲလေ။ သူ့သက်ဆိုင်ရာ သက်ဆိုင်ရာပေါ့။ ဒါပေမယ့် ကိုမြင့်ဇော်တို့၊ ကိုကျော်ဇေယျတို့လည်း Mixing တွေ လုပ်ပါတယ်။ သူတို့လည်း ဒီလိုပဲ ကြိုးစားလာရတာပဲ။ အဓိကကျွန်တော်တို့ဆီမှာ လိုအပ်တဲ့အချက်က Mastering Facility ပဲ။ ဆိုလိုတာက ကျွန်တော့် Studio လာအပ်ရင် ကျွန်တော် Mixing ဆွဲတယ်။ Master ဆွဲတယ်။ ကိုမြင့်ဇော်ကိုအပ်ရင် သူပဲ Mixing ဆွဲတယ်။ Master ဆွဲတယ်။ အဲဒီလိုပဲလုပ်နေကြရတာပေါ့။ တကယ်တမ်းပြောရရင် Mixing Engineer ကနေပြီးတော့ ထွက်လာတဲ့ Mix ပေါ့။ အဲဒီ Mix Two Channel ကို ဘယ်ကို ပို့မှာလည်း အရမ်းအရေးကြီးတယ်။ နိုင်ငံခြားမှာဆိုရင်တော့ Mastering House တွေ သပ်သပ်ရှိတယ်။ ရှိတဲ့အခါကျတော့ အဲဒီမှာသွားပို့၊ အဲဒီကနေပြီး Mastering Engineer က သူ့လိုအပ်တဲ့ Need ကိုတောင်းတယ်။ သူက ဘာလိုချင်တာလဲ။ ဥပမာ- ဒီ Two Channel Stereoကိုပဲ လိုချင်ရင်လိုချင်မယ်။ ဒီ Stereo ကို သူ နားထောင်ကြည့်မယ်။ Left, Right ကို နားထောင်ကြည့်လို့ သူမကြိုက်ဘူး။ သူ တစ်ခုခုထပ် လိုချင်တယ်ဆိုရင် ထပ်တောင်းမှာပဲ။ Stem Mix (သို့) Drum Bounce ပေးပါ။ Bass ပေးပါ။ တခြား Instrument တွေပေးပါ။ သို့မဟုတ်လည်း Vocal ပဲ သပ်သပ်ပေးပါ။ ဒါမျိုးပေါ့။ Mastering ဘာကြောင့်လဲဆိုတော့ သူဟိုမှာ ပြင်စရာရှိရင် ပြင်လို့ရအောင်။ Mastering ဘာကြောင့် အရမ်းအရေးကြီးလည်း ဆိုတော့ကာ ပရိသတ်လက်ထဲကို ရောက်သွားမယ့် အခွေက သူ့ဆီက အဓိကထွက်တာ။ ကျွန်တော့်ဆီမှာ တီးတယ်ဆိုတာ ကျွန်တော်တို့ ပုံဖော်ပေးလိုက်ရုံပဲရှိတာ။ ဒါကို Mixing က ပြန်ပြီးသန့်ပြန့်မယ်။ မလိုတဲ့ဟာတွေ လျှော့မယ်။ တင်မယ်။ အမျိုးစုံလုပ်တယ်။ အဲဒီလို လုပ်ပြီးထွက်လာတဲ့ဟာတစ်ခုက ဒီသီချင်းနဲ့ နောက်သီချင်း Color ချင်း တူချင်မှတူမယ်။ (အဲဒါတွေ အကုန်လုံးကို Over all နားထောင်လိုက်ရင်) Vocal အတိုး၊ အကျယ်လည်း တူချင်မှတူမယ်။ ပရိသတ်နားထဲ ဘယ်လိုရောက်အောင် ပို့မလဲ။ ဒီသီချင်းစီတာကအစ Mastering က အရမ်းအရေးပါတယ်။ ရှေ့က သီချင်းတအားဆူ၊ နောက်ကသီချင်းက ဘယ်လိုဟာမျိုး ပြန်ထည့်ပေးမလဲ။ ဒါ မျိုးတွေကို Mastering Engineer က စဉ်းစားရတယ်။ ကျွန်တော်တို့လည်း လေ့လာဆဲပါ။မဖြစ်နိုင်တာတွေကတော့ အများကြီးပါ။

K.G.K မိတ်ဆက်ပေးချင်တဲ့ Software နဲ့အတူ တွဲသုံးလို့ကောင်းမယ့် Hardware တွေများရှိမလား။ ဒီ Hip Hop သီချင်းတွေ ဖန်တီး၊ တီးတဲ့အခါပေါ့။
ပြောရမယ်ဆိုရင် ဒါအခုလောလောဆယ် တီးခတ်နေတဲ့လူတွေ အတွက်လည်း တကယ်လိုအပ်တယ်ထင်လို့ ကျွန်တော် ပြောတာပါ။ တော်တော်များများက ဒီ Computer Music ပေါ့နော်။ Hip Hop ရယ်လို့မဟုတ်ပါဘူး။ Computer နဲ့ Generate လုပ်တဲ့ Music တွေကို အမြင်စောင်းနေတာလေးတွေရှိတယ်။ တော်တော်များများ ထင်နေကြတာက Computer ထဲကနေပြီး Mouse နဲ့ ဟိုဟာထောက် ဒီဟာထောက် လုပ်လိုက်ရင် သီချင်းဖြစ်တယ်လို့ ထင်နေတာ တော်တော်ဆိုးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများလည်း အဲဒီလို တီးကြ တာကိုး။ ဒါပေမယ့် Idea ကို Catch လုပ်တဲ့အချက်က ပိုအရေးကြီးတယ်လေ။ Software တို့ Hardware တို့ထက်ပေါ့။ အဓိကကတော့ ဒီသီချင်းကို ဘယ်လိုတီးမှာလဲ။ ဘယ်လို Color မျိုး လိုချင်တာလဲ။ Down South လိုချင်တာလား၊ Gangster လိုချင်တာလားပေါ့။ အဲဒီ Idea တစ်ခုကို ယူပြီးတော့ ဒီအသံကို ဘယ်လို Gangster လုပ်မလဲဆိုပြီး လေ့လာတာ ပိုခက်တာ။ အဲ့ဒီကနေပြီးတော့မှ ဘယ်လို Software တီးရင်ကောင်းမလဲ။ ကိုယ်ကျွမ်းတဲ့ Software ကတော့ အကောင်းဆုံးပေါ့။ ကိုယ်ပိုင်တဲ့ Software မှာမှ ဒီလို Color ကိုရအောင်တော့ ကိုယ့်ဘာသာကို လေ့လာရမှာပဲ။ နောက်ပြဿနာတစ်ခုက အဲဒီလို Color မျိုးကို တစ်ခါတည်းများ Looping ရှိရင် ဒီခေတ်ကလေး တော်တော်များများ (အခုမှ စလုပ်ကာစ)က ရှိတဲ့ Color တစ်ခုကို ကောက်ကောက်ပြီး ပစ်ထည့်ကြတာများတယ်။ အဲ့ဒါက မကောင်းဘူးတော့ မဟုတ်ပါဘူး။ သူ့ဟာသူတော့ သီချင်းနဲ့ လိုက်ဖက်ညီရင် ကောင်းသွားမှာပဲ။ ဒါပေမယ့် ကိုယ်ပိုင် Color တော့ မဖြစ်တော့ဘူးပေါ့။ အဲဒီလိုမျိုးလေးတွေကိုတော့ နည်းနည်းသတိထားသင့်တယ်ပေါ့ဗျာ။ နောက်တစ်ချက်ကတော့ 'Computer ကနေပြီးတော့ Generate လုပ် တယ်လို့ ''လက်နဲ့တီးခတ်သူ တော်တော်များ များယူဆကြတယ်။ Computer နဲ့ဖန်တီးလိုက်ရင် မိုက်သွားတာပဲ။ Computer ကြောင့်ကောင်းနေတာပါလို့ ထင်နေကြတယ်။ အဲဒီလိုကောင်းအောင်လို့လည်း ကျွန်တော်တို့အများကြီး လေ့လာထားရတာပါ။ Software တွေ့လိုက် ဖြုတ်၊ ဖျက်နဲ့ တီးလိုက်ပြီးနောက်နေ့ကျ သီချင်းကောင်းထွက်တယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ဒီ Software ထဲမှာ ဘာတွေပါလဲဆိုတာမျိုးကိုတော့ အချိန်ယူပြီး လေ့လာရတာပါပဲ။ အဓိကကတော့ တီးခတ်တဲ့နေရာမှာ များသောအားဖြင့် Acid နဲ့ပဲဖြစ်ဖြစ် Loop တွေကို စီတယ်။ Sample Sequencer လို့ခေါ်တဲ့ F.L လိုဟာ မျိုးတွေ။ ဒါမျိုးဆိုရင် Sample လေးတွေကို First Beat မှာ On, Second Beat မှာ On ဒါမျိုးလေးတွေပေါ့ဗျာ။ မီးလုံးလေးတွေ လင်းတယ်။ မှိတ်တယ်။ အဲဒါလေးတွေ တီးတာမှန်သမျှ အကုန်လုံးကလည်း ရှင်းရှင်းလေးပဲ။ Computer ဖြစ်တဲ့အတွက်သူ့တာဝန်က ဒီနေရာမှာ ဒီမီးလုံးလင်းနေရင် သူအသံထုတ်ပေးရမယ်ဆိုပြီး ထုတ်ပေးလိုက်တာပါပဲ။ အဲဒီလိုမျိုး အရမ်းလွယ်နေ တဲ့အခါမှာ သူကချက်ချင်း Generate လုပ် ချက်ချင်း အသံထွက်တယ်။ ဒါပေမယ့် ပြဿနာနောက်တစ်ခုက တကယ်လို့များ ဒီအသံသည် ခံစားချက်နဲ့ လိုက်ဖက်ညီအောင် လှုပ်ရှားနေအောင် ဘယ်လိုတီးမလဲဆိုတာပဲ။ စက်ကတော့ ထုံးစံအတိုင်းပဲ ဒီနေရာမှာ အမြင့်ဆုံး Level တင်ပေးပါဆိုရင် သူလုပ်ပေးလိုက်တာပဲ။ အသံက သေနေတယ်။ လှုပ်ရှားမှုမရှိဘူး။ တိုးတယ်။ ကျယ်တယ် ဆိုတာမရှိဘူး။ တန်းနေတယ်ပေါ့ဗျာ။ လွယ်လွယ်ကူကူ ပြောရရင်တော့ စက်သံကြီး ဖြစ်နေတယ်ပေါ့ဗျာ။ လိုက်တဲ့ဟာမျိုးကြတော့ လိုက်တာပေါ့။ ဥပမာ Down South လိုဟာမျိုး။ အဲဒီလိုတန်းနေမှ လှတာ။ တချို့ကကြတော့ အဲဒီလိုမဟုတ်ဘူး။ Down South ထဲမှာမှ အခုန်လေးတွေရှိတယ်။ အတိုးအကျယ်လေးတွေရှိတယ်။ အဲဒါမျိုးကျတော့ တီးတဲ့ Programmer ကိုယ်၌ ကိုယ်က ကျွမ်းကျင်ရတယ်။ (တိုးမယ်၊ ကျယ်မယ်) အဲဒီလိုဆိုရင် Drum လိုဟာမျိုးက ကိစ္စမရှိဘူး။ သို့သော် Instrument လိုဟာ မျိုးကျတော့ ဘယ်လိုဖြစ်လာပြီလဲဆိုတော့ ဒီအသံကိုတီးရင် Instrument တစ်ခုခုကို ယူပြီးတီးမယ်ဆိုရင် ဒီ Character ကို မသိဘဲ ရမ်းပြီးတီးလို့မရဘူး။ မသိဘဲနဲ့ Programming မှာ လုပ်လိုက်တဲ့အခါ အသံအနေနဲ့တော့ ကောင်းတာပေါ့။ ဒီ Instrument ရဲ့ Character အပြည့်မရတော့ဘူး။ စက်တွေနဲ့ "C" ဆိုရင် "C", "C" ဆိုပြီးပဲ တီးနေရင် ဘယ်လိုမှ အဲဒီ Color မရတော့ဘူး။ အဲဒါ ကိုမှ အတိုး၊ အကျယ်လေးတွေ ကစာားချင်ရင်လည်း တစ်လုံးချင်းစီ Mouse နဲ့ လိုက်စီနေရင်လည်း ပင်ပန်းတယ်။ အဲဒါကျတော့ ကျွန်တော်တို့ ဘယ်ဂီတမျိုးမဆို စိတ်ကနေ ထွက်လာတဲ့ အသံ တကယ် Generate လုပ်ပေးနိုင်တာ၊ ပါးစပ်ရှိတယ်။ လက်ရှိတယ်။ ခြေထောက်ရှိတယ်။ ဒီလိုမျိုးရှိတဲ့ Movement တစ်ခုခုကနေပြီးတော့ပဲ အသံထုတ်စေတာကိုး။ လက်နဲ့ဆိုရင်လည်း လက်နဲ့ပေါ့။ ခြေထောက်နဲ့ဆိုရင်လည်း ခြေထောက်နဲ့ပေါ့။ အဲဒီလိုမျိုး လူကနေ တိုက်ရိုက် Software ထဲကို တန်းနေအောင်ပေးနိုင်တဲ့ လမ်းကြောင်းရှိရင် ပိုကောင်းတာပေါ့။ လွယ်လွယ်ကူကူ ပြောရရင် ဒီမှာတော့ Midi Keyboard ပေါ့ဗျာ။ ဖိလိုက်တာနဲ့ ဖိလိုက်တဲ့ အားအပြင်း၊ အပျော့ကအစ Software မှာသွားပြီး Response သွားဖြစ်တယ်။ အဲဒါမျိုးလေးတွေနဲ့တော့ လုပ်စေချင်တယ်။ ကျွန်တော်လည်း စစချင်းတော့မရှိပါဘူး။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့ မဖြစ်နိုင်တော့ဘူးဆိုတာ သိလာတယ်။ တယောထိုးရင် သိပ်သိသာတာပေါ့။ ဒီ Software နဲ့တီးရင် Notes တွေသာစီနေရင် ဘယ်လိုမှတယောသံက ခံစားလို့ကောင်းမှာ မဟုတ်ဘူး။ ဒါကြောင့် Hardware ကိုတော့ လိုပါတယ်ဗျာ။

Hip Hop Music သည် တခြား Music တွေထက် ဒီကိုရောက်တာ နောက်ကျပေမယ့် လူတိုင်းစိတ်ဝင်စားတဲ့ Music ဖြစ်တယ်ပေါ့။ Hip Hop Music သည် ဒီမှာဘယ်လောက် အတိုင်းအတာအထိ နေရာယူနေဦးမယ်။ ပရိသတ်က လက်ခံနေဦးမယ်လို့ထင်လဲ။
ဒါကတော့ဗျာ။ Industry ထဲက ပုဂ္ဂိုလ်တွေကို မေးရင်ပိုကောင်းမှာပေါ့။ တကယ်တမ်းပြောရင် ကျွန်တော်တို့က နောက်ကနေပြီး ပံ့ပိုးသူတွေလေ။ သူတို့က ရှေ့ကနေ ဦးဆောင်တဲ့လူ။ ထိန်းသိမ်းထားတဲ့ လူတွေကို ကျွန်တော်တို့က နောက်ကပံ့ပိုးတဲ့ လူဆိုတော့ သိပ်မပြောလိုဘူး။ ဂီတတစ်ခုက အသိုင်းအဝိုင်း တစ်ခုလုံးကောင်းမှ ကောင်းမှာ။ ရှေ့ကလည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရမှာပေါ့။ ဒီ Hip Hop ကို လူငယ်အခေါ်အဝေါ်နဲ့ ဆိုရင်တော့ မဂွမ်း အောင်ပေါ့။ ကျွန်တော်တို့ဘက်ကလည်း ယုံကြည်တယ်။ ဒီကလေးတွေ တော်တော်များများကလည်း ယုံကြည်တယ်။ ဒီ Hip Hop က Main Stream ထဲရောက်အောင် ပို့ရဦးမယ်။ တကယ်တမ်းတော့ အခုလိုမျိုးဆိုနေတာတွေက အခုမှ စတင်တုန်းရှိသေးတာ။ Main Stream ဆိုတာ Commercial အရလည်း အလုပ်ဖြစ်နိုင်တယ်။ ပရိသတ်အများစု ကလည်း လက်ခံတယ်ဆိုတဲ့ ဂီတမျိုးဖြစ်အောင် ကျွန်တော်တို့လုပ်ရမယ်။ အခုလောလောဆယ်မှာတော့ Teenage ဆိုတဲ့ အုပ်စုလေးတစ်ခုကိုသာ ကိုယ်စားပြုနေတယ်။ အမှန်က အဲဒီလို မဖြစ်ရဘူးလေ။ လူကြီးတွေလည်း ကြိုက်ကြတာပဲ။ ဟိုမှာကတော့ အရမ်းအခြေခိုင်ခဲ့ပြီကိုး။ ကျွန်တော်တို့ဆီမှာတော့ Introduction က တော်တော်ရှည် ခဲ့တယ် လေ။ အခုအချိန်အထိကို ခရီးမရောက်သေးဘူး။

K.G.K အခုတလော ဘယ်လို Beating Color တွေကို ဖန်ဆင်းဖြစ်နေလဲ။
အခုတလောကတော့ Kanye West ကို တော်တော် အာရုံကျနေတာဖြစ်တဲ့အတွက် သူ့ဟာတွေတော့ နားထောင်ဖြစ်နေတယ်။ နောက်တစ်ခုကတော့ Timberland ပေါ့။ သူတို့ရဲ့ဘဝကအစ လိုက်လေ့ လာပြီးတော့ ဘာဖြစ်လို့ သူတို့က ဒီလို အသံမျိုးတွေ ဖန်တီးနိုင်တာလဲပေါ့။

K.G.K အနေနဲ့ Hip Hop စာသားတွေကို တစ်ပုဒ်စာ အပြည့်ရေးဖူးလား။ စကားမစပ် Sampling လုပ်ရတာကို သဘောကျလား။
စာသားအနေနဲ့ ပတ်သတ်ရင်တော့ ကျွန်တော်က သိပ်ပြီးမလုပ်ချင်ဘူး။ နဂိုကတည်းကိုက စာသားဖတ်တဲ့ လူဆိုတော့ သိပ်မရတတ်ဘူး။ ဖတ်ရတာ ပိုဝါသနာပါတဲ့သူပေါ့။ ရေးတာကို ဝါသနာပါရင်တော့လည်း ရေးဖြစ်မယ်ထင်ပါတယ်။ သီချင်းတစ်ပုဒ်လုံး အနေနဲ့ကတော့ ကျွန်တော်မရေးပါဘူး။ J.Me တို့ အဖွဲ့တွေကိုတော့ ဒီလိုမျိုးလေးတော့ ကောင်းရင် ကောင်းမယ်။ ဒါမျိုးလောက်ပဲ အကြံပေးတာ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကိုက ဝင်မပါပါဘူး။ Sampling ဆို တာမျိုးကကြတော့ ကျွန်တော်တို့လည်း လုပ်ဖို့အစီ အစဉ်အများကြီးတော့ရှိတာပေါ့။ အရင်ကလည်း J.Me တို့နဲ့တော့ လုပ်ခဲ့ဖူးတယ်။ သို့သော်လည်း Sampling က မြန်မာပြည်မှာတော့ ထူးထူးခြားခြားလုပ်ဖို့ နည်းနည်းခက်မယ်ထင်တယ်။ ကျွန်တော်တို့လည်း သီချင်းတွေ လုပ်ထားတာရှိတယ်။ ဒါပေမယ့် သိပ်မဖြစ်နိုင်ဘူး။ Public ကို ဖြန့်ဖို့ ဆိုတာ။ လုပ်တော့လည်း လုပ်နေကြတာပါပဲ။ ဒီမှာလည်း အများကြီးပါ။ ကျွန်တော် ကိုယ်၌ကိုကလည်း သိပ်မကျွမ်းကျင်တာပါ မှာပေါ့။

K.G.K ရဲ့ Studio ကနေ ထွက်လာမယ့် Album တွေက။
ကျွန်တော့်ဆီက ထွက်လာမယ့် Album တွေကတော့ ရဲလေးအခွေ။ သူ့အခွေကတော့ Mixing ဆွဲတာလောက်ပဲ။ ကျွန်တော်တီးတာ တစ်ပုဒ်လား နှစ်ပုဒ်လား
ပဲပါတယ်။ ဒါတောင်မှ Co-Produce အနေနဲ့ ပဲပါတာပါ။ အခု လုပ်နေတယ်။ စိုးကြီးနဲ့ တစ်ခွေရှိမယ်။ အဲဒီမှာတော့ ကျွန်တော် တစ်ဝက်လောက် တီးထားတယ်။ နောက်ရှိဦးမယ်။ ကျွန်တော့်ဆီမှာ အခွေလုပ်တဲ့လူတွေက နှစ်ရှည်လများ ဆွဲလုပ်တဲ့ လူတွေများတယ်။ ဘယ်နေ့မှာ အပြီးထုတ်မယ်ဆိုတဲ့ လူတွေနည်းတယ်။ နောက်တစ်ခုက Rock Star နဲ့လည်း တီးဖို့ပြောထားတယ်။

K.G.K ရဲ့ Studio မှာဆို Hip Hop ဂီတတွင်းက လူတွေများတယ်ဗျာ။ Rock ဒါမှမဟုတ် Punk Music တွေလာပြီး Record လုပ်မယ်ဆို ဘယ်လိုကူညီပေးနိုင်မလဲ။
လောလောဆယ်တော့ ပစ္စည်းပစ္စယ အစုံအလင်တော့ မရှိဘူးပေါ့။ဂစ်တာ ကောင်းကောင်းတို့၊ Drum တို့မရှိဘူးလေ။ ကျွန်တော့် Studio က Project Studio သေးသေးလေးပါ။ Project by Project ကလေးပဲ အလုပ်လုပ်တာကိုး။ သို့သော်လည်း တစ်ခြား Techinical ကိစ္စမျိုးတွေ အသံဖမ်းတာနဲ့ပဲဖြစ်ဖြစ်၊ Mixing ဆွဲတာပဲဖြစ်ဖြစ်၊ Mastering ပဲဖြစ်ဖြစ်။ တစ်ခုခုကို အကူအညီ တောင်းလာရင်လည်း ကျွန်တော် ကူညီနိုင်တာကို ကူညီမယ်။ ကျွန်တော်မနိုင်တာကို ကူညီနိုင်မယ့် လူတွေဆီကို ပို့ပေးမယ်။ ကျွန်တော်လည်း ဂီတလောကထဲက လူပဲလေ။

K.G.K လိုအပ်တဲ့ Hardware တွေကို ဘယ်ကမှာယူသလဲ။ နည်းပညာက ဒီ Hop Music အတွက် ဘယ်လောက်တောင် အကျိုးပြုနိုင်သလဲ။
Hardware အေ န နဲ့ကတော့ ကိုကျော်ဇေယျတို့နဲ့ တစ်ဆင့်မှာတာတွေလည်းရှိတယ်။ ကိုယ်ကိုတိုင်လည်း ရောက်ရင်တော့လည်း ဆွဲခဲ့တာပေါ့။ ဒါပေမယ့်လည်း သိပ်တော့မရောက်ဖြစ်ပါဘူး။ အဲဒီတော့ သူများနဲ့ပဲ မှာရတာပေါ့။ နည်းပညာကတော့ နည်းနည်းအရေးပါတယ်ထင်တယ်။ ကျွန်တော်တို့ သွားရတဲ့ ဂီတအမျိုးအစားကိုက Computer Music ကိုး။ Computer ကိုအခြေခံပြီးသွားရတာဖြစ်တဲ့အတွက် Computer ကနိမ့်နေရင်တော့ သိပ်အလုပ်မဖြစ်ဘူး။ အဲဒီလိုပါပဲ Software တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင်လုပ်တယ်။ အသံတွေပိုကောင်းအောင် လုပ်လာတဲ့အတွက် ပိုပိုပြီးတော့ စုံလင်လာတယ်။ တီးရတဲ့ Feature တွေလည်း ပိုကောင်းလာတယ်။ Computer နဲ့ Technology တွေကတော့ အနည်းနဲ့ အများတော့ အကျိုးပြုနိုင်တာပဲ။

ကိုယ့်ရဲ့ Creation တွေ မထပ်အောင်၊ ကိုယ့်ကိုယ်ကို Improve ဖြစ်အောင် ဘယ်လို Learn လုပ်သလဲ။
လေ့လာတာတော့ ဘယ်တော့မှ မဆုံးပါဘူး။ အမြဲတမ်း လေ့လာရမှာပါပဲ။ အခုဆိုရင်လည်း ဟိုကထွက်တာလဲ လေ့လာရသလို။ ဒီမှာလဲ ဘာလုပ်နိုင်မလဲဆိုတာကို လေ့လာရတာပေါ့။ ဒီမှာလည်း စမ်းတဝါးဝါးလုပ်နေရတဲ့ကိစ္စတွေ အများကြီးပဲလေ။ ဥပမာ-သားစိုးတို့ဆိုရင်လည်း ထူးထူးခြားခြား လုပ်တာပဲလေ။ ဗုံတွေ ဘာတွေနဲ့ သေသေချာချာကို အသံတွေဘာတွေ သွားစမ်းပြီးတော့လုပ်တာပဲ။ လုပ်နိုင်တဲ့လူတွေကတော့ ရှိတာပေါ့။ သားစိုးတို့ကို ချီးကျူးရမယ်။ တစ်ခြားလူတွေလည်း အများကြီးပါ။ ဒါမျိုးလုပ်နိုင်တဲ့ လူတွေပေါ့။ ကျွန်တော်တို့ ကတော့ သိပ်မလုပ်နိုင်သေးတာလည်း ပါမှာပေါ့။ တစ်ခါတစ်လေတော့လည်း ကျွန်တော်တို့ ပိတ်မိနေတာပေါ့။ အတွင်းလေးထဲမှာပဲ။

K.G.K သာ အခု (၂ဝ) ဝန်းကျင် အရွယ်ဆိုရင် ဒီ Hip Hop လောကတွင်းမှာပဲ ရှိနေနိုင်မလား။
အသက်ပြန်ငယ်သွားမယ်ဆိုရင် (၂ဝ) ဝန်းကျင်မှာပဲ ဆိုရင်တော့ ကျွန်တော် Professional သိပ်မလုပ်ချင်ဘူး။ Hip Hop တင်ပဲမဟုတ်ပါဘူး။ Music ဆိုတာကို ခံစားသူပိုဖြစ်ချင်တယ်။ အခု Professional ဖြစ်လာတဲ့အခါမှာ တာဝန်ယူမှုအပိုင်းလည်းပါလာတာပေါ့။ ဖန်တီးတယ်ဆိုတာကတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လိုက်ပြီး 'နားထောင်ကြဟေ့' ဆိုပြီး လုပ်လို့ရတယ်။ Professional ဆိုတာတော့ အဲဒီလိုမျိုးမဟုတ်ဘူးလေ။ ကိုယ်လုပ်ချင် တာကို လုပ်ပြရသလို၊ သူများလုပ်ချင်တာကိုလည်း ပံ့ပိုးပေးရတယ်။ အဲဒါမျိုးကျတော့ တာဝန်ယူမှုအပိုင်း နည်းနည်း များတယ်။ ထုံးစံအတိုင်းပေါ့။ အသက်ကြီးလာတော့ တာဝန်ယူမှုအပိုင်းက ပိုများလာတာပေါ့။ အဲဒီတော့ (၂ဝ) ဝန်းကျင်မှာ သီချင်းနားထောင်တဲ့သူ ပိုဖြစ်ချင်တယ်။

The Street Magazine ရဲ့ ပထမဦးဆုံးတာထွက်ကို ဘယ်လိုမြင်လဲ။ ပြီး တော့ ပရိသတ်တွေကို ပြောချင်တဲ့စကားက။
The Street Magazine ကို ကြိုဆိုပါတယ်။ ဒီလို Hip Hop ကြီးပဲ သီးသန့် မဂ္ဂဇင်းက မရှိသေးဘူးလေ။ ရှင်းရှင်းပြောရရင် ကိုယ့်လောကတိုးတက်ရာ တိုးတက်ကြောင်းလုပ်တဲ့အတွက် ဒီ Magazine ထွက် လာတာကိုတော့ အားပေးတယ်။

Credits To The Street Music Magazine

Comments