K.H.S မတူရင် မတုနဲ့




ကျော်ထွဋ်ဆွေ ဂီတလောကထဲကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်နှစ်ခုနှစ် လောက်မှာ ၀င်လာတာလဲ။

ကျွန်တော် ဒီ Hip Hop လောကထဲကို ၂၀၀၄၊ ၂၀၀၅ ကြားထဲလောက်မှာ စရောက်တာ။
အဲဒီမှာ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်နဲ AJL ဆိုပြီး အဖွဲ့တစ်ဖွဲ့ စဖွဲ့ဖြစ်တာ။

AJLရဲ့ ကနဦးပိုင်း Movement ကိုရွှေ့စေတာက ကျော်ထွဋ်ဆွေ ကြောင့်လား။

AJL မှာဆိုသမျှ သီချင်းအားလုံး ကျွန်တော်ပဲရေးခဲ့တယ်။ မှန်တယ်။ ဒါပေမယ့် Movement အနေနဲ့
ပြောရရင်တော့ အားလုံးအတူတူ လှုပ်ရှားရတာပါပဲ။
ဘာလို့လဲဆိုတော့ အဲဒီသုံးကောင်ပေါင်းမှ AJLဖြစ်တာကိုး။

Underground လောကမှာတုန်းက Repect တစ်ခုကိုရဖို့နဲ့ ပွဲတစ်ပွဲကို ဆိုနိုင်ဖို့ဘယ်လိုတွေ ကြိုးစားခဲ့ရသလဲ။

ကျွန်တော့်အသံကို ပထမဦးဆုးံ စက်ထဲ CD ရောက်အောင် ဖမ်းပေးတဲ့ ကျေးဇူးရှင်က ဦးမြတ်မင်း။ သူကသူ့အိမ်မှာပဲ တီးပေး၊ သွင်းပေးတယ်။ အဲ့ဒါ အစပိုင်းပေါ့။ အဲဒီခေတ်တုန်းက ကျွန်တော်တို့ Free Show တစ်ပွဲဆိုရင် စီစဉ် သူကို ၁၅၀၀၀ ပေးရတယ်။ တစ်ခါတလေ ၂၅၀၀၀ လောက်ထိပေးရတယ်။ အဲလိုနဲ့ စခဲ့ရတယ်ပေါ့။ သိပ်တော့ မခက်ခဲ့ပါဘူး။ တစ်ခုပဲခက်တာ။ အဲဒါက ပိုက်ဆံပြည့်အောင်စုတဲ့ အချိန်ပဲ။ AJL မှာ ပင်တိုင် Lyric ထုတ်လာတာဆိုတော့ Flow တွေကို ခုထက်ထိ ဘယ်လို Create လုပ်ပြီး ရေးသားဖြစ်နေလဲ။ Lyrics အပိုင်းကတော ကျွန်တော်စာအုပ်တွေဖတ်တယ်၊ အဲ ... စာဖတယ်ဆိုပြီး အထင်မကြီး န။ဲ့ ဟာသစာအုပ်တွေ ဖတ်ဖြစ်တာပိုများတယ်။ အဲဒါ ကြောင့် ကျွန်တော့်စာသားတွေက ပေါက်ကရတွေ ပါနေတာ။ ကျန်တာကတော့ အခြား|Rapper တိုင်းနဲ့ အတူ တူပါပဲ။ ကြုံတွေ့၊ ဖြစ်ပျက်နေတာတွေကို ချရေးဖြစ်တာများတယ်။ Flow ကတော့ ကျွန်တော် သိပ် ဂရုမစိုက်ဘူး။ ကျွန်တော်ဆိုချင်သလို ဆိုနေတာ။ ဆိုတတ်သလိုပဲ ဆိုနေတာ။ တကယ်ဆို ကျွန်တော်က ဘာမှတတ်တဲ့ကောင် မဟုတ်ဘူး။

Sound Producer အဖြစ်လဲ သိနေတာမို့ ဘယ်တုန်းက ဘယ်လို သီချင်းတီးဖြစ်သွားတာလဲ။ Producer တစ်ယောက်ရဲ့ အခန်းကဏ္ဍက သီချင်း တစ်ပုဒ်ကို ဘယ်လိုဘယ်လောက်အတိုင်းအတာအထိ လွှမ်းမိုးလို့ရနိုင်သလဲ။

ကျွန်တော်တီးသမျှက Sample တွေပဲ များတယ်။ Professional သုံးလို့မရလို့။ အဲ့လောက် လည်း မကျွမ်းဘူးလေ။ သူများတွေနဲ့ယှဉ်ရင် လွဲ နေမှာစိုးလို့ သိပ်မသုံးဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော် သိသလောက်ကတော့ သီချင်းတစ်ပုဒ်မှာ Music Producer က အရမ်းအရေးပါတာပေါ့။ ဘာလို့လဲ ဆိုတော့ Hip Hop သီချင်း နားထောင်တဲ့ပရိသတ်က စာသားကြီးပဲ ဒီတိုင်းနားထောင်မှာမဟုတ်ဘူးလေ။ တီးလုံးနဲ့ ခေါင်းပါ လိုက်ညိတ် ကြဦးမှာ။


Anti-Generation ဆိုတာတွေကို လက် ခံလား။ ဘယ်လိုမြင်လဲ။

အဒါကတောရှင်းပါတယ်ဗျာ။ ကျွန်တော်တို့က အမှန်အတိုင်းပြောရရင် 1st နဲ့ 2nd Generation တွေရဲ့ တပည့်တွေပါ။ ကျွန်တော်တို့သီချင်းစလုပ်ကြတဲ့အချိန် အပိုင်းအခြားဘယ်လောက်ပဲမကွာပါစေအုံး။ ဆရာနဲ့ တပည့်ဆိုတာဘယ်တော့မှ တန်းမတူဘူး။ Generation လဲဘယ်တော့မှတူမှာမဟုတ်ဘူး။ ဥပမာ-G-Tone ဆို ရင် ကျွန်တော့်ထက်အသက်ငယ်တယ်။ ဒါပေမဲ့သူသီချင်းတွေ လုပ်တာကြာပြီ။ ကျွန်တော်တို့ထက် အဆပေါင်းများစွာ ပိုမိုက်တယ်။ အဲ့ေ တာ့  ကျွန်တော် သူ့ရှေ့မှာ ဘယ်တော့မှ Level မရိုက်ဘူး။ အဲ့ဒါ Respect ပဲ။

KHS က Party Rap တွေပဲ အဆိုများတယ်နော်။ ဘာဖြစ် လို့လဲ။

ကျွန်တော်က Partyကြိုက်တယ်လေ။ ပျော်တယ်။ အဲတော့ Party အကြောင်းရေးဖြစ်တာများတယ်။ အခြားအကြောင်းအရာတွေနဲ့ သီချင်း တွေလည်း အများကြီး ရှိပါတယ်။ အပြင် မရောက်လို့ပါ။

VIP ထဲ ဘယ်လိုရောက်လာပြီးတော့ျွသခှုအမေ ရဲ့ ရွေ့လျား မှုကကော။

၂၀၀၇ ကုန်ခါနီးလောက်မှာ VIP ပွဲ စဖွဲ့ဖြစ်ကြတယ်။ စစ ခြင်းကတော့ အဲဒီအချိန်တုန်းက ကျွန်တော် Sixty Five ကို ရောက်နေ ပြီ။ ကိုရသတို့ ကိုလင်းပင်တို့နဲ့ သီချင်းတွေလုပ်နေပြီ။ AJL ရပ်သွားပြီ လို့လည်း ကြားရော အဲ့ဒီကောင်တွေ ကျွန်တော့်ဆီ Phone ဆက်တာ။ 3rd Generation Family လုပ်နေတယ်ပေါ့။ ပါမလားပေါ။့ ကျွန် တော် လည်း အားတက်သရောပေါ့။ အဲ့ဒီမှာ MC သုံးယောက်ရပြီ။ နောက် Sixty Five မှာ အစ်ကိုတွေက ကျွန်တော်နဲ့ Jouk Jack နှစ်ယောက်တွဲအခွေ လုပ်ပေး နေတော့။ Jouk Jack ကိုပါ ကျွန်တော် ဆွဲထည့်လိုက်တယ်။ အဲ့ဒီကောင် ပါလာတော့ စုစုပေါင်း(၄)ယောက်။ အဲ့ဒီမှာ အင်အား အရမ်းတောင့် သွားတာ။ အဲ့မှာစတွေ့တာပေါ့။ အခုတော့ Rock Star ပေါ့။ အဲ့ဒီ Rock Star အဖွဲ့အခွေက လုံးဝပြီးနေပြီ။ အချောသတ်ဖို့ကျန်နေသေးလို့ ကြာ နေတာ။ VIP ကနေ Rock Star ပြောင်းသွားတဲ့အပေါ် ဘယ်လို Comments တွေပေးမလဲ။ VIP ပဲဖြစ်ဖြစ် Rock Star ပဲဖြစ် ဖြစ်၊ နာမည်က အဓိကမကျဘူး လို့တော့ ထင်တာပဲ။ ကျွန်တော်တို့ ဘာတွေ လုပ် ခဲ့လဲ။ ကျွန်တော်တို့ ဘာတွေ ထပ်လုပ် ပြမှာလဲ။ အဲဒါတွေကို ပရိသတ်က အဓိက ထားမှာပါ။ အခုဆို Rock Star မှာ Member အသစ် "လွှမ်းပိုင်" လည်း ပါလာပြီ။ အခုထွက်မယ့် အခွေမှာလည်းပါမှာ အဲတော့ ပိုပြီးမတူညီတဲံ ပုံစံတွေကို ချပြနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြတယ်။ နာမည်အပြောင်း အလဲပေါ်လိုက်ပြီး ပြောင်းလဲမယ့် ပရိသတ် တော့ရတယ်။ အားမပေးချင်နေပါ။ နာမည် ပိုလှတဲ့ အဖွဲ့ကို သွားအားပေးပါစေ။

ကိုယ့်သီချင်းတစ်ပုဒ် သူများ နာမည်နဲ့ပေါက်နေတယ်ကြားတယ်။

ရပါတယ။် ဘယ် လိုနည်းနဲ့ပဲ ပေါက်ပေါက် ဘယ်လိုနည်းပဲလူကြိုက်များ ပါစေ။ ကျွန်တော့်သီချင်းက ကျွန်တော့် သီချင်းပဲလေ။ သီချင်းပေါက်လေ ၀မ်းသာ လေပေါ့။ နာမည်မှားတာတော့ မတတ် နိုင်ဘူး။ အဲကောင်ကလည်း ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းပဲ။ သူ့သီချင်းတွေက ပိုတောင်ကောင်းသေးတယ်။ အဲဒီကြားထဲ မှာညပ်သွားတာ။ အေးဆေးပါ။ လာမှာ ပေါ့...။

ပရိသတ်ကို မေတ္တာလက်ဆောင် ပေးတဲ့ အလေ့အထဟှာုံ တို့ လက် ထက်မှာ ပိုခေတ်စားလာတာဆိုရင် လက် ခံလား။

လက်ခံချင်ပါတယ်။ ဒါပေမဲ့ မသေချာလို့ ။ ဟဲ ဟဲ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ရှေ့ကအစ်ကိုတွေ လုပ် သွားသလိုလိုက်လုပ်တာပဲ။ သူတို့ပြီးမှ ကျွန် တော်တို့။ အဲ. . ကျွန်တော်တို့ပြီးမှ ... ဟုတ်တယ်။ အရင်ကထက်ပိုလုပ်လာကြ တယ်။ ပရိသတ်ကို မေတ္တာလက်ဆောင် ရှိလာကြမယ်။ အကုန်လုံးက ဒီနည်းကို လက်ခံလာကြပြီလေ။

ဒီလိုမျိုးအလေ့အထတွေနဲ့ စင် ပေါ်တက်ချင်လာတာ၊ နေရာယူလိုလာတဲ့သူတွေကိုဘယ်လိုပြောချင်လဲ။

ကောင်းပါတယ်။ အရမ်းလည်း မိုက်ပါတယ်။ ကျွန်တော်တို့တုန်းကလည်း အလဲ ပို အလကားပေးဖို့ အများကြီး ရင်း ကြရ တာပဲလေ။ ဘာပဲပြောပြော တန်ပါတယ်။ အောက်သက်ကျေတာပေါ့။ ကိုယ့်ကို Foul ထုထားတဲ့ သီချင်း တစ်ပုဒ် နားထောင်ခဲ့ရတဲ့အခါ ဘယ်လို သုံးသပ်မိသလဲ။ ကြားဖူး တယ။် တစ်ပုဒ်နားထောင် ဖူးတယ။် ဘယ်လိုသုံးသပ်မိလဲဆိုတော့ အင်း အားနာတယ်ဗျ။ သြော် .. သူသိတဲ့ ဒီ မ ကောင်းကြောင်း နည်းနည်းလေးကို သီချင်း တစ်ပုဒ်လုံးရအောင် ၀င်အောင် မနည်းချဲ့ ပြီး ရေးထားရပါလားဆိုပြီးတော့။ သူသိ ထားတဲ့ ကျွန်တော်မကောင်းကြောင်းက နည်းနည်းလေးကိုး။ တကယ်ဆို ကျွန်တော့် ကို ရေးစရာအများကြီးရှိတယ်။ သိချင်ရင် Phone ဆက်လိုက်။

ကျော်ထွဋ်ဆွေကြိုက်တဲ့ MCက ဘယ်သူလဲ။ ရန်ကုန်ထဲကကော။

ရန်ကုန်မှာလား။ အဲ့ဒါဆို ကျွန် တော် အကြိုက်ဆုံး MCနှစ်ယောက်ရှိ တယ်။ 'YATHA'နဲ့ Bigg-Y ၊ ကိုရသရဲ့ Flow နဲ့  စာသားက အရမ်း ခကတ် ယ။် တစခ်ါ တလေလိုက်မမီဘူး။ အရမ်းလည်း အားကျ တယ်။ ကျွန်တော့်ဆီမှာသူ့ Influence တွေ အများကြီးပါတယ်။ Bigg-Y ကျတော Flow အဲ့လောက် မပြဘူး။ သူက အတက် အကျ ကစားရုံလောက်ပဲ။ အထာကျတယ်။Beat နဲ့ အရမ်းလိုက်တွဲ့Rhyme တွေ ကောင်းကောင်းထုတ်တတ်တယ်။ 16 bar တစ်ပိုဒ်တည်းနဲ့ သူပေးချင်တဲ့ message ကို ကောင်းကောင်းသိနိုင်တယ်။ အရမ်းလေး စားဖို့ကောင်းတယ်။

Show ပွဲပေါင်း ဘယ်နှခုလောက် တက်ပြီးခဲ့ပြီလဲ။ ဒုတိယ စင်ပေါ်တက်တိုင်း လန်နေတဲ့ အလေ့အထကောရှိသေးလား။ ကိုယ့်ဘ၀မှာ တကယ်အားအရဆုံှး့သတ ပွဲတစ်ပွဲလောက် ပြောပြပေးပါလား။ှ့

Show ပွဲပေါင်းတော့ ၂၀ ကျော် ၃၀ နီးလောက်ရှိပြီ။ စင်ပေါ်ရောက်တိုင်း လည်း အခုထိ ဘာလုပ်ရမှန်းမသိ၊ ဟို လျှောက်လိုက်၊ ဒီလျှောက်လိုက်ပဲ။ ever လျှောက်နေတာ။ အားအရဆုံးကတော့ ဒီ 2009က ကိုရဲလေးBirthday Show ။ အဲ့ဒါမျှော်စင်ကျွန်းမှာ လုပ်သွားတာ။Free Show ဆိုတော့ ပရိသတ်ကပုံမှန် Hip Hop Show နဲ့ မတူတော့ဘူး။ လူတန်းစား လူ အမျိုးအစား အရမ်း စသွုာံးတယ။် ကျွန်တော့် သီချင်းကို တစ်ကွင်းလုံးအားပေးတော့ မှတ် မှတ်ရရ အဲ့ဒီသီချင်းရဲ့ ဒုတိယအပိုဒ်မှာ စာ သားတောင် မှားဆိုလိုက်သေးတယ်။ တော် တော်ဖြုံသွားတယ်။

ကိုယ့်ကိုယ်ကို မိန်းကလေး ပရိ သတ်အများဆုံးရှိတဲ့သူလို့ သတ်မှတ် ထားတဲ့သူတွေထဲမှာပါလား။

ဒီရုပ်၊ ဒီရည် ဒီအပြော မတတ်ပုံနဲ့ တော့ ဒီဘ၀မှာ ဒီလိုမမှန်းရဲပါဘူး။

ပရိသတ်ကိုပေးချင်တဲ့ သီချင်းထဲ က message နဲ့ သူတို့ရသွားတဲ့message လွဲသွားတာမျိုးတွေ ခံခဲ့ရဖူးလား။

အင်း ၊ ကြုံဖူး တယ။် ကယို က် ပညာ ပေးချင်တာ။ အဓိပ္ပာယ်ကောက်လွဲသွား တော့ မိုက်ရိုင်းတယ်ဖြစ်သွားရော။

ဒီ The Street Magazine အပေါ် ဘယ်လို သုံးသပ်မလဲ။

အရမ်း မိုက်ပါတယ။် ဒါဟာ မြန်မာပြည်က Rapper တွေရော Hip Hop ပရိသတ်တွေအတွက် တကယ်လိုအပ်တဲ့ Magazine ပဲ။ မြန်မာHip Hop Business မှာ ဒါသမိုင်းပဲ။

ပရိသတ်ကို ဒီမဂ္ဂဇင်းကတစ်ဆင့် ပြောချင်တဲ့စကားက . . .

ကျွန်တော် ဘယ်နေရာပဲရောက် ရောက် ကျွန်တော့်ကိုအားပေးတဲ့ ပရိ သတ်အတွက် သီချင်းဆက်လုပ်သွားမယ်။ ကျွန်တော့်အတွက် လက်ခုပ်တီးမယ့်လူ တစ်ယောက်ပဲရှိပါစေ ကျွန်တော့်သီချင်း ဆက်လုပ်သွားမယ်။ ဒီ 2009 မှာပဲ ကျွန် တော Single Album ထွက်အောင်ကြိုးစား နေပါတယ်။ အခွေနာမည်ကတော့ လော လောဆယ် "မတူရင် မတုနဲ့ " လို့ ပေးထား တယ်။ အားပေးပါ။ျRapper တွေအားလုံး ကို NCE က ကြိုဆိုပါတယ်။ွ

Graffiti ကို စတင်အကောင်အထည်ဖော်ခဲ့တဲ့နှစ်။

ချာတိတ်ဘ၀ထဲက အဲဒီ Graffiti ဆိုတာကို ရူးသွပ်ခဲ့တာပါ။ သေချာအာရုံစိုက်ပြီး အကောင်အထည် ဖော်ခဲ့တာကတော့ (၁၀)တန်းပြီးမှပါ။

Costume တွေမှာ ဘာတွေနဲ့ဆွဲလဲ။

ကျွန်တော်သုံးတဲ့ ပစ္စည်းတွေကတော့ မျိုးစုံပဲဗျ.. ဒါပေမယ့် အဲဒါက ကျွန်တော့်ဆီမှာ အလုပ်လာအပ်တဲ့သူ အပေါ်ပဲ မူတည်ပါတယ်။ ဥပမာဗျာ..Rapper လေးတစ်ယောက်က ကျွန်တော့်ဆီမှာ ဖိနပ်လာအပ်တယ်ဆိုပါစို့.. သူ့ဖိနပ်ကAF.1 ဆို ကျွန်တော်သုံးတဲ့ ဆေးက တစ်မျိုး။ Timberland Boot ကြီးဆို တစ်မျိုး။အမျိုးမျိုးပေါ့ဗျာ။Basically ကတော့ Permanent Marker တွေပဲ သုံးပါတယ်ဗျာ။

Graffiti Art ကိုဘာကြောင့် စိတ်ဝင်စားတာလဲ။

ကျွန်တော် ငယ်ငယ် တည်းက ပန်းချီဆွဲတာ အရမ်း ၀ါသနာပါ သလို၊ Hip Hop ကိုလည်း အရမ်းနှစ်သက်ပါတယ်။ ဒါကြောင့် Hip Hop ခေါင်း စဉ်အောက်က Graffiti ဆိုတဲ့ အနု ပညာကို စိတ် ၀င် စားမိ သွားတာပါ။

ASH ရဲ့လက်ရာတွေကို ဘယ်လိုမှာယူနိုင်မလဲ။

09-5181407ကို ဆက်သွယ်လို့ ရပါတယ်။ \n Aung3in@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it ကနေလည်း ဆက်သွယ်လို့ရပါတယ်။

ပြည်ပက ဘယ်သူတွေရဲ့ လက်ရာတွေကို ကြိုက်လဲ။

ကျွန်တော် ဂျာမနီက Loomit ကိုကြိုက်ပါတယ်။ Omen လည်း ကြိုက်ပါတယ်။ KWS နဲ့  SODE ကတော့ အကြိုက်ဆုံးပါပဲ။

ဒီ Art ကိုမှ စိတ်ဝင်စားတဲ့သူတွေကို ဘာပြောချင်လဲ။

ကျွန်တော်တို့  Graffiti Art ကို အမြင်မမှားဘဲနဲ့  အနု ပညာတစ်ခု အနေန့ဲ လက် ခံ ပေးစေချင် ပါတယ။် ပြီးတော့ ဒီ Art ကို စိတ်ဝင်စားတဲ့သူတွေကို သိစေ ချင်တာလေးတစ်ခု ကကျွန်တော်တို့  ဖန်တီးလိုက်တဲ့ Sketch တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ ဥပမာဗျာ အစ်ကို့ ဦးထုပ်မှာ ကျွန်တော်က "Phyo" လို့ဆွဲပေးလိုက်တယ်ထားပါတော့။ အဲ..အစ်ကို့ ဘော် ဒါ တစ်ယောက်က အစ်ကို့ ဦးထုပ်ဒီ ဇိုင်း လေးကို ကြိုက်လှချည်ရဲ့ဆိုပြီး လိုက်ရှာဝယ်မယ်ပေါ့ဗျာ။ သြူကိုက်တဲ့ ဆိုင်မြှာူကိုက်သလို လိုက်ရှာဝယ်ပါစေ ။ အစ်ကို့ဦးထုပ်နဲ့တစ်ထပ်တည်းတူတဲ့ ဦးထုပ်မျိုး ဘယ်မှာမှ ရှာမတွေ့နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ "အဲဒီ P.h.y.o" ဆိုတFont, Design, နဲ့ Styleက တစ်မျိုးတည်းပဲ ကိုယ်ပိုင်ဖန်တီးထားလို့ပါ"

နောက်ဆုံးတစ်ခုကတော့ ရည်ရွယ်ချက်။

ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ DIEC GAME ဆိုတဲ့ Crew လေးတစ်ခုအနေနဲ့ ပရိသတ် လက်ခုပ်သံရှာဖွေနေဆဲအချိန်မှာ ASH ရဲ့Graffiti Skill က Element တစ် ခုအနေနှဲ့Supporting ဖြစ် စေ ချင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်ဖန် တီးပေးလိုက်တဲ့ Art ကြောင့် အလုပ်အပ်တဲ့ သူကို စိတ်ကျေနပ်မှု အပြည့်အ၀ ရစေချင်ပါတယ်ဗျာ။

credit to the street music magazine

Comments