Chan Aye Win Iz The Hip Hop


vol1_no3_caw_big

တစ်ချိန်တုန်းက ကိုယ့်ရဲ့မုန့်ဖိုးလေး စုပြီးတော့ ကိုကျော်ဇေယျဆီမှာ သီချင်းတီးပေးဖို့ သွားအပ် တယ်။ ကိုကျော်ဇေယျတီးနေတာ ကြည့်ရင်း ဘတ် သီး လင်း သွားပြီး အခုနိုင်ငံကျော် Hip-Hop Sound Producer ဖြစ်နေတာကတော့ ချမ်းအေးဝင်း ပါပဲ။ သူက အမြဲတစေ ရိုးရိုးအေးအေး နေတတ်သူ တစ်ယောက်ပါ။ တခြားသူ တွေလို သူက အိမ်ထောင် သည်ပါလို့ မပြောရဲတဲ့ထဲမှာ သူမပါ ဘူး။ သူက သူ့ရဲ့မိသားစုလေးကို အရမ်းချစ်သလို Hip-Hop ကိုလည်း အရမ်းချစ်ပါတယ်။I ce Ice Baby သီချင်းကို ကြိုက်ပြီး Rap သီချင်းတွ ဖန်တီးလာ တယ်။ နောက်ပိုင်း Free Style ဆုတွေ ရလာ တယ်။ ပြီးတော့ MC ဖြစ်လာတယ်။ King Of Beatz ဖြစ်လာတယ်။ ခုဆိုရင် ပရိသတ်က တော်တော် သိနေပြီ။ နောင်ဆိုရင် တော့ သူ့ရဲ့ အောင်မြင်မှုဟာ Respect အပြည့်နဲ့ ရှေ့ကိုတက်ဖို့လို့ ဦးတည်လာ နေပါပြီ။


သုံးယောက်ပေါင်းလောင်းကျော် Album က ဘယ်လိုလဲ။
သူငယ်ချင်းတွေကတော့ ကြိုက်ကြတဲ့ပုံမျိုး ပေါ်ပါ တယ်။

အဲဒီထဲမှာ ကိုယ့်ရဲ့ Favourite Track က . .။
အဲဒီထဲမှာ ကြိုက်တာတွေကတော့ အများကြီးပဲ။ ကိုယ့်သီချင်းကိုယ် ပြောလိုက်ရင်လည်း တစ်ကိုယ် ကောင်းဆန်ရာ ကျသွားမယ်။ သူများကို ကိုယ့်အမြင် နဲ့ ပြောမယ် ဆိုရင် ရသရဲ့ '' ဟဲဗီးဂေါ်တယ်'' ကို ကျွန်တော် ကြိုက်တယ်။ ကိုယ့်အနေနဲ့ ဝေဖန်ရမယ် ဆိုရင်'' ပရိသတ် '' သီချင်းကို ကျွန်တော် ကြိုက်တယ်။

''Photo Stand'' သီချင်းရဲ့ ရာဇဝင်က ဘယ်ကနေ ဘယ်လိုဆင်းသက် လာတာလဲ။
''Photo Stand'' သီချင်းက ကြာပြီ။ Fire Cracker စပြီးလုပ်ဖြစ်ခါစပေါ့။ ၂ဝဝ၃ လောက်ကတည်းကပဲ။ ဘိုလေးနဲ့ ရသတို့နဲ့စပြီး အဆက်အသွယ် ရသွားကတည်းကပဲ။ သူတို့ အိမ်လာလည်တုန်း ဘိုလေးနဲ့ သီချင်းတစ်ပုဒ် လုပ်ချင်တယ်။ Solo အတွက်ပဲ လုပ်မယ်ဆိုပြီးတော့ အဲဒီကတည်းက စပြီးလုပ်ဖြစ်လိုက်တာ။ ပုံစံကလည်း ကျွန်တော်က ရှေးဟောင်းပုံစံလေးတစ်ပုဒ် လုပ်ချင်တယ်ပေါ့။ ဘိုလေးနဲ့ တိုင်ပင်ပြီးတော့ Music လေး ပြန်တီး ထားတာ ရှိတယ်။ အဲဒီအပေါ်မှာ ဘိုလေးတစ်ချက်လောက် ရေးပေးပါ။ အကြမ်းလေးပဲပေါ့။ သူကလည်းရေးပေးတယ်။ Chorus လေးက တော်တော်မိုက်သွားတယ်။ ပြီးတော့ Old Skool ပုံစံ၊ ရှေးခေတ်ပုံစံလေးဖြစ်အောင် နှစ်ယောက် ပေါင်းပြီး ပြင်ဆင်လိုက်ကြတော့ သီချင်းလေးက တော်တော်ရုပ်ထွက်သွားတာပေါ့။ ပြီးတော့ Rapping တွေ ဘာတွေ ထပ်ထည့်ပြီးတော့ အဲဒီတုန်းက သီချင်းက ပြီးသွားခဲ့တာ။ တစ်ကိုယ်တော်ခွေမှာ ထည့်မလိုနဲ့ သီချင်း လေး ကို ကြိုက်တာလည်းပါတယ်။ ဥထားရင်း၊ ဥထားရင်းနဲ့ ခုကျမှပဲ ထည့်ဖြစ်ခဲ့တာပေါ့။ သီချင်းရေးလိုက်တဲ့ ရည်ရွယ်ချက်ကလည်း အဲဒီတုန်းက ကိုယ်က လူပျိုဘဝ၊ ကလေးပဲရှိသေးတော့ အရမ်းကို အချစ်အကြောင်း ဦးစားပေးချင်တော့ ကိုယ့်ရဲ့ ကောင်မလေး ကိုလည်း ဖားချင်တာလည်းပါတယ်။ ဟား . ဟား . ဟား အဲဒီတော့ ဒီသီချင်းလေးလုပ်ပြီး သူ့ကိုလက်ဆောင်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ကိုယ့်ရဲ့တစ်ဦးတည်းသော ပရိသတ်ပဲပေါ့။ ကိုယ့်ရဲ့အခန်းထဲမှာ ထောင်ထားတဲ့ ကိုယ့်ရဲ့ ကောင်မလေးဓာတ်ပုံအကြောင်းလေးတွေးပြီး ရေးခဲ့တာပေါ့။

Single Album က ဘယ်အခြေအနေ ထိရောက်နေပြီလဲ။
Single Album က လုပ်နေတာကြာပြီ။ ၂ဝဝ၉-ထဲမှာ ထွက်ဖို့ပြင်ဆင်ထားတယ်။ သီချင်းတွေလည်း (၇ဝ) ရာခိုင်နှုန်း လောက်တော့ ပြီးနေပါပြီ။ ၂ဝဝ၉-ထဲမှာတော့ ထွက်နိုင်အောင် ကြိုးစားနေတုန်းပဲ။

အပြင်ကလာတဲ့ အပ်ထည်တွေကိုရော လက်ခံတီးပေးဖြစ်သေးလား။
သိပ်မတီးပေးရတော့ဘူးဗျ။ ခေတ်ကြီးပြောင်းလဲသွားတာ။ အရင်တုန်းကလို သီချင်းတွေ သိပ်မလုပ်ဖြစ်ကြတော့ဘူး။ လူငယ်တွေကလည်း ကျွန်တော်တို့တုန်းကထက်စာရင် ပါရမီပိုလာကြတဲ့ လူငယ်တွေများတယ်။ ကိုယ့်ဟာကိုယ် တီးခတ်နိုင် လာတဲ့သူတွေများတယ်။ အဲဒါလည်း ကျွန်တော်ကြိုက်ပါတယ်။ နောက်တစ်ခုက Solo အနေနဲ့ရော၊ Fire Cracker အနေနဲ့ရော လက်ရှိလှုပ်ရှားနေတဲ့ အခွေလေးအတွက် သီချင်းရေးဖို့ တီးဖို့ ဦးစားပေးလိုက်တော့ အပြင်ကို သူငယ်ချင်း အချင်းချင်းကလွဲရင်ပေါ့ ရင်းနှီးရာရင်းနှီးကြောင်းတွေ သိပ်မတီးပေးဖြစ်တော့ဘူး။ သိပ်အားမစိုက်မိဖြစ်မှာ စိုးလို့။

ချမ်းအေးဝင်းအနေနဲ့ အတီးသမား တစ်ယောက်ရဲ့ Life နဲ့ MC သမားရဲ့ Lief ဘယ်ဟာကို ပို Feel လာလဲ။
ကျွန်တော်ကတော့ MC သမားတွေရဲ့ Life ကို ပိုပြီး လျှောက်ချင်တယ်။ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်လိုက်မိရင် ပါရမီပိုပါလာတာကတော့ အတီးဘက်ကို အလုပ် ပိုလုပ်ဖြစ်လာတယ်လို့ပဲ ပြောရမှာပဲ။ အရင်တုန်းက လျှောက်ခဲ့တဲ့လမ်းတစ်လျှောက်မှာ အတီးပိုင်းနဲ့ ရပ်တည်လာတာ များတယ်။ အခုတော့ တစ်ကိုယ်တော် ခွေလည်း ထွက်အောင်လုပ်နေတယ်။ အခြားခွေ အစီအစဉ်လေးတွေ ရှိတယ်ဆိုတော့ လက်ရှိဆက်သွားရမှာတော့ MC တစ်ယောက်ရဲ့ Life ကိုတော့ ဆက်သွားဖို့ ရည်ရွယ်ချက်ရှိတယ်။

အရင်တုန်းက Free Styler ဘဝကို ပြန်သတိရသေးလား။အဲဒီတုန်းက ဘယ်လိုဖြစ်ရမယ်ဆိုပြီး ကြိုတွေးမိဖြစ်ခဲ့လား။
ကြိုပြီးတွေးထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်တော့ ရှိတယ်။ တစ်ချိန်ချိန်မှာတော့ နေရာတစ်နေရာတော့ ရချင်တယ်။ ဒါပေမဲ့ အရင်တုန်း က Free Styler ဘဝတွေကို ပြန်ပြီးတော့ သတိရပါတယ်။ အရင်တုန်းက သူငယ်ချင်းတွေနဲ့ အတူလျှောက်သွား၊ လျှောက်စား၊ ပျော်ခဲ့၊ ပါးခဲ့ရတဲ့အချိန်တွေကို သတိရပါတယ်။

အဲဒီတုန်းက Free Styler တွေကို ဘယ်လို Learn လုပ်ခဲ့လဲ။
ကျွန်တော်တို့တုန်းက သိပ်ပြီးတော့ ထွေထွေထူးထူးကြီး သိပ်ပြီးတော့ မလုပ်ဖြစ်ခဲ့လိုက်မိဘူး။ အခုခေတ် လူငယ်တွေ ထက် စာရင်ပေါ့။ အဲဒီတုန်းကလည်း ဒီမှာအဲဒီလောက် ခေတ်မစားသေးဘူးပေါ့။ သူငယ်ချင်းတွေထဲမှာလည်း လက်ချိုးရေလိုက်လို့ Rapper အကြောင်း၊ Hip-Hop အကြောင်းသိတဲ့လူဆိုတာ လက်ငါးချောင်း မပြည့်ဘူး။ အဲဒီတုန်းက ဒီဘက်က ဘော်ဒါတွေနဲ့ လည်း မသိသေးတော့ Free Style တွေ လေ့ကျင့်ရ ကောင်းမှန်း လည်းမသိဘူး။ ကိုယ်ကဒီ Music ကို ကြိုပြီး ကြိုက်ထားတယ် ဆိုတော့ နည်းနည်းတော့ ကိုယ့်ခေါင်းထဲ မှာ ဇ လေးတော့ နည်းနည်းရှိတာပေါ့။ တကူးတကကြီး လေ့ကျင့်တာ မဟုတ်ပေမယ့် သူငယ်ချင်းနဲ့ ကြုံလာရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လျှောက်ဆိုပစ်လိုက်တာပဲ။ စည်းစနစ်သိပ်အကျကြီးတော့ မရှိဘူး။

Fire Cracker က ဘာတွေစုလုပ်နေပြီး၊ ဘာတွေဖြစ်နေလဲ။
Fire Cracker ကလည်း လုပ်လာတာ ..အင်း ...။ လုပ်မလာတာလို့လည်း ပြောရမှာပေါ့။ လုပ်မလာတာလည်း တော်တော်ကြာပြီဆိုတော့ သေချာပြန်လုပ်မယ်ဆိုပြီးတော့ အကုန်လုံးတိုင်ပင်ပြီး ဆက်ပြီးလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒါတော့ သေချာတိကျတဲ့တစ်နေ့ကျရင် အားလုံးကို ပြောပြပါမယ်။

Underground က Rapper တွေကို ဘယ်လိုမြင်လဲ။
Underground Rapper တွေ မိုက်တယ်။ တစ်ယောက်ကို အရည်အချင်း တစ်မျိုးစီပဲ။ ဘယ်သူ ဘယ်ဝါ ပိုမိုက်တာထက်စာရင် အားလုံးကို အားရတယ်လို့ ပြောရမယ်။ အခွေတွေအကုန်လုံးကို နားထောင်ရတာ။

ချမ်းအေးဝင်းရဲ့ မဟေသီနဲ့ရော Duet ဆိုဖို့ မရှိဘူးလား။
ရှိတယ်။ ကျွန်တော့်အခွေထဲမှာ သူနဲ့ဆိုဖို့ အပုဒ်လေးတွေလည်းပါတယ်။

သားလေးကရော Hip-Hop ပိုး ဝင်လာပြီလား။
ဒီကောင်က အခုအိမ်မှာ သီချင်းတွေ ဖွင့်ရင်တော့ လိုက်ဆိုနေတာပဲ။ ရသသီချင်းတွေကို ရှေ့ကတိုင်ပေးလိုက်တာနဲ့ နောက်က အကုန်ရနေတယ်။ အဲဒီတော့ သူ ပိုးပါလာတယ်လို့တော့ ထင်တာပဲ။ ဒါပေမဲ့ ကိုယ်နဲ့ နီးစပ်လို့ပါရင်ပါမှာပေါ့။ သူ တကယ်လို့ရည်ရွယ်ချက်ရှိခဲ့ရင်တော့ အရမ်းဝမ်းသာတယ်။ ကိုယ်လည်း အများကြီး ပံ့ပိုးပေးနိုင်တယ်။ အခုတောင် သူနဲ့ တစ်ပုဒ်လုပ်ထားတာရှိတယ်။ သူ့အသံတွေကို Studio သွားရင် အသံသွင်းခိုင်းထားတယ်။ သူ့အသံတွေကို ဖြတ်ပြီးတော့ Sampling ပြန်လုပ်ပြီးတော့ အသံပြန်လုပ်ထားတာ။ သူက Chours ဆိုသလိုတောင်ဖြစ်နေတယ်။

ချမ်းအေးဝင်းတို့ ကိုယ်တိုင် Hip-Hop ကို Promotion လုပ်ခဲ့တာနဲ့ ခုလူငယ်တွေ Promotion လုပ်ကြတာ ခြားနားလား။ ဘယ်လိုကွာခြားကြလဲ။
သိပ်တော့မတူဘူး။ ခုနောက်ပိုင်း Promotion တွေလည်း အများကြီး ပိုလုပ်ခွင့်ရလာတယ်။ နောက်ပိုပြီးအမြင်လည်း ကျယ်လာတာပေါ့။ ကျွန်တော်တို့တုန်းက အဲဒီလောက် အမြင်မကျယ်ဘူးလေ။ Hip-Hop ဆိုတဲ့ ဘောင်လေးက အဲဒီတုန်းက အရမ်းကျဉ်းသေးတယ်။ Promotion လုပ်ဖို့လည်း အရမ်းခက်ခဲတယ်။ ကိုယ့်ကိုယ်ကိုလည်း အရမ်းကြီး Promotion မလုပ်ဖြစ်ခဲ့ဘူး။ သီချင်းတစ်ပုဒ်ကို အိမ်ထဲမှာပဲထိုင်ပြီး ဖန်တီးပြီးတော့ Music ဘက်ကိုပဲ ဂရုစိုက်နေမိတာ များတယ်။ သီချင်းတွေ လုပ်ပြီးတော့ ချပြဖို့ကို သိပ်မလုပ်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အပျော်သဘောနဲ့ပဲ သီချင်းတွေကို ဝေတယ်။ ကျောင်းတွေမှာ ဝေတယ်။ ဒါပေမဲ့ ခုနောက်ပိုင်း လူငယ်တွေလုပ်တဲ့ Promotion တွေက အကြီးကြီးတွေပဲ။ မိုက်လည်း မိုက်ပါတယ်။

Old Skool Beat တွေပေါ်မှာ ဓာတ်ကျနေဆဲပဲလား။ ဘယ်လိုဟာတွေ တီးဖြစ်နေလဲ။
အကုန်တီးဖြစ်တယ်။ Music နဲ့ ပတ်သတ်ရင် လက်လှမ်းမီသလောက် အကုန်လေ့လာတယ်။ လက်လှမ်းမှီသလောက် တီးနိုင် အောင်လေ့ကျင့်တယ်။ ဒါပေမဲ့ လက်တွေ့နေတာကတော့ West Coast Beat လေးတွေ၊ Old Skool Beat လေးတွေပေါ့။ ကိုယ်နဲ့ပတ်သက်ရင် သူငယ်ချင်းတွေ များသောအားဖြင့် လာတီးတာများရင်တော့ Down South တီးပေးတာများတယ်။

ချမ်းအေးဝင်းရဲ့ Flow ဆိုပြီး ဖြစ်လာဖို့အတွက် ကိုယ့်ကို ဘယ်သူတွေက Influence များခဲ့လဲ။
Flow တွေကတော့ အများကြီးပဲ။ အရင်တုန်းက တကယ်ကြိုက်တာကတော့ Snoop ကို ကြိုက်တယ်။ Snoop ရဲ့ Flow နဲ့ အရင်တုန်းက အခွေကြမ်းတွေမှာ လျှောက်ပြီးတော့၊ တချို့Flow တွေသီဆိုထားတယ်။ ဒါပေမဲ့ တကယ်သီချင်းချရေးလိုက်တဲ့ အချိန်မှာကျတော့ ဘယ်သူ့ရဲ့ Flow ဆိုပြီးတော့ ကိုယ့်ကိုယ်ကို မခန့်မှန်းမိတော့ဘူး။ ကိုယ့်နားထဲမှာ Influence ဖြစ်နေတာတွေကတော့ အများကြီးပဲ။ Flow အမျိုးမျိုးလည်းဆိုကြည့်ခဲ့ဖူးတယ်။ ကိုယ်နဲ့ ဘယ်ဟာလိုက်မလဲ။ ခုထိလည်း သုံးသပ်ကြည့်နေတုန်းပဲ။ Flow တွေက ကာလနဲ့အမျှ အမျိုးမျိုးသုံးတတ်ပြီးတော့ ပြောင်းလဲနေဦးမှာပဲ။ အသစ်အဆန်းကို ဆိုနိုင်လာရင်လည်း အသစ်ပြောင်းပြောင်းပြီး ဆိုသွားဦးမှာပဲ။

အားသာချက်နဲ့အားနည်းချက်တွေ Hip Hop မှာရှိလား။
Hip-Hop ရဲ့ အားသာချက်ကတော့ပြောချင်တဲ့ Massage တစ်ခုကို ထိထိမိမိပြောနိုင်တယ်။ ပြည့်ပြည့်စုံစုံထည့်ပြီး တော့ ပြောနိုင်တယ်။ လူတစ်ယောက်ရဲ့ စိတ်က Hip Hop ရဲ့ အဓိက Beat ပဲပေါ့။ Beat တစ်ခုအနေနဲ့ ဆွဲဆောင်လိုက်နိုင်တယ်။ အဲဒီ Beat ပေါ်မှာ ကိုယ့်ရဲ့ စာသားတွေကို ပြည့်ပြည့်ဝဝ အသုံးချနိုင်တာ Hip Hop ရဲ့ အားသာချက်ပဲ။ Hip-Hop ကို အများအမြင်မှာ ဖန်တီးရတာလွယ်တယ်လို့ မြင်တာပေါ့။ ကလေးကအစ လုပ်တော့မယ်ဆိုရင် Hip Hop ကိုဆိုမယ်။ ပြက်လုံးတွေထဲမှာတောင် Rapping ရောရောယောင်ယောင်နဲ့ စွဲစွဲပြီး ကပ်နေကြတယ်။ နောက်ပြောင်စရာကြီးတစ်ခု ဖြစ်နေတာပေါ့။ ကျွန်တော့် အမြင်မှာတော့ Hip Hop မှာ အားနည်းချက် လုံးဝမရှိဘူးလို့ ထင်ပါတယ်။

စတူဒီယိုက Mic Skill နဲ့ On Stange က Mic Skill ကွာခြားပုံကို ပြောပြပေးပါလား။
စတူဒီယိုထဲမှာကလည်း အခွေထဲမှာ အသေအချာပါဖို့ကျ ကိုယ့်Flow ကို ဘယ်နေရာမှာ ဘယ်လို Flow အတတ်အကျနဲ့ ဘယ်လိုအပြောင်းအလဲ ဆိုမလဲဆိုတာတွေကို ထွက်ထားပြီးသား။ Show မှာကျတော့ Show Mood ဒီ Mic ပေါ်မှာ ကိုယ့်ရဲ့အသံ ဘယ်လောက်ထိ ထားနိုင်မလဲ။ ကိုယ့်ရဲ့ အတွေ့အကြုံပေါ်မှာပဲ ဆိုင်သွားတယ်။ ကြံဖန်ပြီး ပြင်ဆင်ထားလို့လည်း မရဘူး။ Show မှာဖြစ်လာတဲ့ အောက်က ပရိသတ်ရဲ့ အခြေအနေနဲ့ တစ်သားတည်း ကျအောင် ဆိုပြနိုင်ဖို့ ကိုယ့်ရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ စက်ရဲ့အနေအထား။ Mic ကောင်းတာ ရှိမယ်။ မကောင်းတာ ရှိမယ်။ ပရိသတ်ကို ဆွဲခေါ်နိုင်ဖို့၊ ဘယ်နေရာမှာ ပြန်ငြိမ်ဖို့ကျတော့ အတွေ့အကြုံပေါ်မှာပဲ မူတည် သွားတယ်။ စတူဒီယိုထဲမှာကျတော့ စိတ်တိုင်းကျ ပြင်ဆင်လို့ရတယ်။ မကြိုက်ရင်လည်း ကြိုက်သလောက် ပြန်ဆိုလို့ ရတယ်။ Skill ကတော့ အမျိုးမျိုးပဲ။ နှစ်ခုစလုံးမှာအားကောင်းအောင် ပြင်ဆင်ထား ဖို့ အရေးကြီးတယ်။

Idea တွေ လိုချင်လို့လာတဲ့ လူငယ်တွေကို ဘယ်လို Guide လုပ်ပေးလိုက်လဲ။ သူတို့ရဲ့ ခံယူမှုကရော . . .။
တကယ် Idea လိုချင်လို့လာခဲ့တဲ့လူဆို တကယ် Idea ပေးတယ်။ တကယ် သေချာလမ်းကြောင်းပေးရတယ်။ Idea ပေးတာ လက်မခံတဲ့လူကျရင်တော့ ဘာမျှမပြောပါဘူး။ အေးဆေးပါပဲ။

ပရိသတ်အတွက်စကားလက်ဆောင်ပါးပေးပါဦး။
ဒီမဂ္ဂဇင်းကို ကြိုက်လို့ပဲဖြစ်ဖြစ်၊ လေ့လာစူးစမ်းပြီးတော့ပဲဖြစ်ဖြစ်၊ ဖတ်တဲ့ စာဖတ်ပရိသတ်အားလုံးကို လေးစားပါတယ်။ Hip-Hop ဝိုင်းတော်သားတွေအကုန်လုံးက ဒီ Hip-Hop လောကကြီး တစ်ခုလုံးအတွက် ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေ အမျိုးမျိုးကြိုးစားပြီး တင်ဆက်နေကြပါတယ်လို့။ အားလုံးကို လက်ခံအားပေးပါလို့ ပြောချင်ပါတယ်။

Credit To The Street Music Magazine

Comments