Myanmar Hip Hop Souljas မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်
V1: စက္ကန့်တွေလွန်သွားရင် မိနစ် အဲဒီနောက်နာရီ
ကုန်သွားတယ် ရက်လနှစ် မိန်းမ မရသေးနဲ့အိုလာပြီ
လိုတာ ဒီအချစ်ဆိုတာကြီးအတွက် စိတ်က ထိန်းမရ သိမ်းမရ အောင် နုပျိုပါ၏
မင်းနဲ့တွေ့မှ နုပျိုခြင်း သက်သေပြလို့ ရပြီ
သီချင်းနဲ့ နေတာ သီချင်းသေရင် သေရမယ့် ဘ၀ ကျွတ်လွတ်လာလို့သွားပြီ
တချိန်က ရည်းစားအများကြီးထားသည်ဆိုပေမယ့် နှလုံးသားကို Format ချ
တစ်ကပြန်စပြီ အ၀တ်ဟောင်းလဲလိုက်သလို နှလုံးသားသစ်တည်ဆောက်
မကောင်းတဲ့ အကျင့် ပြောင်းလဲလိုက်ပြီ အဲဒီနောက်
အဲ အဲ ဒီနောက်လဲ သစ္စာမဖေါက်ပဲ မင်းတယောက်တည်း
ပျက်ဖို့ အကြောင်းမဲ့ သူသိပ်ချစ်ဖို့ ကောင်းတယ်
ဘယ်လောက်ပဲ အသက်တွေအရွယ်တွေကွာနေပါစေ..
ဘယ်လောက်ပဲ အတွေးအခေါ်အယူအစ မတူသမျှတွေဟာလေ
လူက လူပါဟေ့ အချစ်နဲ့ပတ်သတ်ရင် level တန်းပဲ
ချစ်တတ်ဖို့ သင်စရာမလို လူတိုင်း specail ကျွမ်းတယ်
CHO: ဒါအချစ်ပဲ ဒါအချစ်ပဲ ငါသူ့ကိုချစ်တယ်
အနားနား မရှိတဲ့အချိန်တိုင်း သူ့ကို လွမ်းတယ်
စိတ်ညစ်တဲ့ အချိန်တွေမှာ အင်အားများ အမြဲပေးကာ
အမြဲတမ်း သူလက်တွဲထား Forever Forever
အရိုးသားဆုံးပြောရင် အချစ်ပဲ ဒါအချစ်ပဲ ငါသူ့ကိုချစ်တယ်

Rap2: Forever ever ever
အမြဲထာဝရ ကိုယ့်အနားမှာနေပါ မင်းကို ever never
ဘယ်တော့မှ ခွဲမသွားပါ သေချာ …
how much i love you
ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး ချုပ်ချယ်တိုင်မပတ်ဘူး
But Online တက် Gtalk မှာ chat တာလျှော့
သူငယ်ချင်း ကောင်လေးတွေ ဖုန်းဆက်ပြီးမှပြောရင် ပြသနာတက်မှာနော်
Yatha minus you is equal to nothing
Yatha plus you is equal to everything
what’s everything ကြည်နူးခြင်းနဲ့ ၀မ်းနည်းခြင်း
အွန်း မင်းနဲ့ငါ နောက်ဆုံးချစ်သူမို့ လမ်းမခွဲကြေး
အဲလောက်ထိ ချစ်မိခဲ့တာ ငါဘာကြောင့်လဲ
အို ချစ်လို့ပြောသမျှ ပြောစကား ဆိုစကား နားထောင်ကွယ်
စိတ်လဲမညစ် သိပ်ရစ်တယ် မထင်ပါနဲ့
တခြား ဘယ်လောက်ပဲလှလှ ကောင်မလေးတွေ စိတ်မ၀င်စားပါဟေ့
ချစ်တယ် မင်းတယောက်တည်း တကယ် မင်းတယောက်တည်းပဲ
လွယ်လွယ် မဖြေရှင်းနိုင်လောက်တဲ့ ပြသာနာဘာမှ မရှိ လက်တွဲပြီးတူတူနေ
လျှောက်မယ် ပွင့်ပွင့်လင်းလင်း ရိုးသားခြင်း အကောင်းနဲ့ရင်ဆိုင်
နောက်မလှည့် သတ္တိ မင်းခေါင်းထဲ သွင်းမကြောက်နဲ့
အချစ်နံနက်ခင်း အလင်းအောက်ဝယ် အတင်းနှောင့်ယှက်မယ့်
ခလုတ်ကန်သင်း ပျောက်ကွယ် ချက်ချင်းပျောက်ကွယ်
ရောက်လာမယ့် နေ့တွေအတွက် ကြိုတွေးထား
တည်ဆောက်ကြရမယ့် ဘ၀အတွက် ဒီသီချင်းကို ငါရေးသား
နားလည်မှုများစွာထားပါ တယောက်ပေါ်တယောက် အလျှော့ပေးကာ
သွားမယ် အတူတူဟေ့ တွေ့လား အရှေ့မှာ မဝေးပါ

စိတ်ညစ်တဲ့ အချိန်တွေမှာ အင်အားများ အင်အားများ အမြဲပေးကာ
အမြဲတမ်း သူလက်တွဲထား Forever Forever
အရိုးသားဆုံးပြောရင် ဒါအချစ်ပဲ ဒါအချစ်ပဲ ငါသူ့ကိုချစ်တယ်

Download This Song Here

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...