သူငယ်ချင်း တယောက် ရေးပီးပို့ပေးလိုက်တာပါ။။
ဆက်..ဆက်ဆက်ပီးတော့မှလက်တွဲစရာလဲမရှိခဲ့
ပက်သက်သမျှအကုန်နိဂုံးတည်းပဲ
ပျက်သုဉ်းခဲ့ပီတစ်ကိုယ်လုံးချည့်နဲ့
မေ့သွားခဲ့ပီတစ်ပတ်လုံးအတိပဲ
အိမ်ထဲပဲလွမ်းဆွေးတစ်ချိန်လုံးဂိနေခဲ့
ငါ့အဖြစ်ကိုလူတိုင်း(လူတိုင်း)သိနေလဲ
သတ်မှတ်ကြပါစေတော့လူညံ့ကြီးလို့ပဲ
ပြောနေကြတဲ့လူတွေကလဲအထူအပါးမသိလေပဲ
ပြန်ပီးတော့ပြောရင်တောင်နားထောင်မကောင်းတဲ့
ဇာတ်လမ်းတစ်ပုဒ်ကိုအစရှာကာကြောင်းခဲ့
အစနဲ့အဆုံးအကုန်လုံးကိုပြောင်းလဲ
အချစ်ကအလွမ်းဖော်ထဲ့မြောင်းပဲ
တစ်ကယ်တော့ကံအကျိုးအကြောင်းလွဲလို့
ငါနဲ့ဝေးသွားတာကလဲမင်းအတွက်ပို၍ကောင်းရဲ့
တစ်ကယ်ဆိုအပြစ်လည်းမတင်ခဲ့ရက်ဖူး
မင်းကိုနေ့ညလွမ်းတယ်ထပ်တူ
ညတိုင်းမှာအိပ်ရခက်အခု
ဒါကငါ့ရဲ့ပျော့ညံ့ချက်တစ်ခု
ငါတစ်ကိုယ်ကောင်းမဆန်ရက်သေးပါဘူး
ကောင်မလေးမင်းဘ၀အတွက်တွေးပါဟု
အချစ်ဆိုတာအလကားကလေးကလားတစ်ခု
ငါဘ၀ပါချိပါချက်ကလေးပါဟု
မစွန့်လွှတ်ရက်ပါဘူးသို့သော်ပိုင်ဆိုင်ဖို့လည်းဝေးခဲ့
Telephoneဘေးချကာရူး
ဖုန်းဆက်ဖို့တောင်မလွယ်ခဲ့အရေးထဲ
မျက်လုံးမှိတ်အိပ်လဲမမေ့ခဲ
မျက်ရည်မကျအောင်ငါထိန်းလည်း
တစ်ချိန်ချိန်မှာပြန်လည်တွေ့မယ်
ဒီစိတ်နဲ့အားတင်းတွေးခဲ့
ငါပြန်တွေ့မယ့်နေ့တို့စောင့်နေတယ်
အချိန်မှန်ဖုန်းလေးဆက်ပါဟူး.....
ငါလေမုန်းလဲမမုန်းနိုင်
ုပြန်တွေ့မယ့်နေ့တိုင်းမျှော်လင့်လို့အတွေးနဲ့ရူး
ပြန်ဆုံတွေ့ကတခြားကမ္ဘာခြားပစေကွယ်
ငါလေမပျက်မကွက်စောင့်နေသူ
မင်းကိုမုန်းလဲမမုန်းနိုင်
မတွက်ခဲ့အရှုံးအနိုင်
ဆုံးဖြတ်လိုက်တော့မင်းရဲ့စိတ်သဘောအတိုင်း......
မင်းဘေးမှာအမြဲနေချင်ခဲ့တယ်မင်းအရိပ်လို
မင်းအတိတ်ကိုစိတ်မှာစွဲမီးပိတ်လို့အိပ်တာလည်းမရ
မင်းခိုင်းလို့ခေါင်းညိမ့်လာခဲ့သမျှ
မင်းဘက်ကစိတ်မပါခဲ့ပါ
ငါ့ဘက်ကသိက္ခာနဲ့ငါစိတ်မနာခဲ့ပါ
မျက်ရည်တွေမတိတ်တာနဲ့ပဲ
ကျိတ်မှိတ်လို့အိပ်ယာထဲလည်း
လှိမ့်ပိတ်လို့အိပ်လာခဲ့တဲ့ညပေါင်းကလည်းမနည်းဘူး
တစ်ရက်ရက်တော့ပြတ်မှာပဲတဲ့
အဆက်ဖြတ်တော့တစ်သက်စာလွဲမယ်
ရုတ်တရက်မင်းထွက်ခွာခဲ့လည်းဘယ်သူနဲ့မှငါမတွဲဘူး
အတူတူတိုင်ပင်ဖူးတယ်ငါတို့ခိုးပီးလတ်မှတ်ထိုးထားဖို့
နိုင်ငံခြားသွားတော့မယ်တဲ့မျှော်လင့်ချက်ရိုက်ချိုးသွားလို့
ဝေးသွားမှပဲသိတယ်
အဖတ်မလုပ်ခံရခြင်းထက်အလွမ်းကပိုပီးဆိုးရွားလို့
ဒီကြားထဲဖုန်းတောင်မဆက်တာအဆိုးဝါးဆုံး
အရှုံးနဲ့ငါ့မျက်ရည်ကအဆုံးမဲ့ကျလိုနေ
မင်းအသုံးမဲ့ပစ်ခဲ့တော့လည်း
အမုန်းမဲ့ချစ်လို့နေခဲ့
အပြုံးနဲ့ချစ်လို့နေမယ်
အမုန်းမဲ့ချစ်လို့နေမယ်
အရှုံးနဲ့ချစ်လို့နေမယ်
အဆုံးမဲ့ချစ်လို့နေမယ်

သိပ်ချစ်ခဲ့တယ်သို့သော်လက်ပိုက်ကြည့်နေယုံပဲ
ဆုံးရှုံးတော့မယ်ဆိုတာကိုသိတော့
အတွေးတွေကိုလည်းမေ့ပစ်ဖို့လည်း
မလွယ်ကူတော့နားထဲခါးခဲ့
ဝေးသွားရမယ့်အကြောင်းတွေကိုပဲ
နားထဲဆက်တိုက်ကြားခဲ့
တစ်ကယ်ဆိုငါပဲမှားသလား
ဝေးရမယ်ဆိုတာသိသားနဲ့
သံယောဇဉ်သွားထားတာ
တစ်ချိန်ချိန်စွန့်ခွာသွားမှာ
ငါ့အနားကတစ်ဖက်ခြားကမ္ဘာ
နင်ပြောတဲ့နှုတ်ဆက်စကားငါ့အတွက်အားပါ
သို့သောငါမညာခဲ့ရဘဲနင်ပေးခဲ့တာကအထီးကျန်ဘ၀လား
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲ
ချာတိတ်လေးတစ်ယောက်အရုပ်ကလေးတစ်ရုပ်ကိုပိုက်လို့
ဘယ်နေ့ပြန်တွေ့လိမ့်မလဲသူကိုတိုက်ရိုက်မေးလိမ့်မလည်း
သူရဲ့ကောင်မလေးပြန်လာမှာလားတဲ့
သူ့ရဲ့တစ်ကိုယ်လုံးဖုန်တွေအလိမ့်လိမ့်နဲ
ရူးလားမရူးလားလဲဘယ်သူမှလဲအတိအကျအသေအချာမသိ
သိတာတစ်ခုကအပတ်စဉ်
သောကြာနေ့တိုင်းဒီမှာဒီပုံစံကြီး
ဘယ်နေရကလာပီးဘယ်ကိုပြန်သွားမှန်းလဲ
အတိအကျမသိ
ကိုယ့်ကိုကိုယ်ပဲသိတယ်ငါ
လွမ်းရလွန်းလို့ရူးနေပီ

Download Song Link- [http://www.mediafire.com/?gzl2nzxtzyz]

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...