MHC မှ ဒုတိယမြောက် အင်တာဗျူးလေးကို
ကိုဇေရဲနဲ့တင်ဆက်လိုက်ပါတယ်
UG လောကကိုဝင်ရောက်လာပုံ
ကိုဇေရဲရဲ့ ဖြစ်တဲ့သီချင်းတွေ နောက်ထပ်လာဦးမဲ့ သီချင်းတွေအကြောင်းတွေကို စတာတွေကို ဗျူးပေးထားပါတယ်
အချိန်အကုန်ခံပြီး ဖြေကြားပေးတဲ့ ကိုဇေရဲကိုလဲ MHC ကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်းပါ
MHC: မင်္ဂလာပါ ကိုဇေရဲ
ZayYe: ဟုတ် မင်္ဂလာပါ....
MHC: အကို ဟစ်ဟော့လောကထဲ စ၀င်လာတုန်းက တစ်ယောက်ထဲလား ဒါမှမဟုတ် အပေါင်းအပါတွေ ပါသေးလားဗျ
ZayYe: အင်း... တစ်ယောက်ထဲပဲ သူငယ်ချင်းမပါပါဘူး....။
MHC: ဟုတ် အကို ဟစ်ဟော့လောကထဲ ရောက်တာ ဘယ်လောက်လောက်ကြာပြီလဲ မသိဘူးဗျ
ZayYe:2004 ဧပြီ ထဲကစပြီးဝင်လာတာပါ...။ တွက်ကြည့်မယ်ဆိုရင်တော်တော်တော့ ကြာပြီ...။
MHC: ဟုတ် အကို နာမည်မရခင် ကြုံတွေ့ခဲ့ရတဲ့ UG ကအတွေ့အကြုံလေးတွေပြောပြပေးပါဦး
ZayYe: ဂျင်း တွေအထည့်ခံရတယ်..။ studio တစ်ခုမှာပေါ့...။ တော်တော်များတယ်...။ အဲ့နောက်ပိုင်းကျတော့ အိမ်က ပိုက်ဆံမပေးတော့ဘူး...။ အဲ့တော့ ကိုယ့်မုန့်ဖိုးနဲ့ ကိုယ်လုပ်လာရတာပါ...။ မကြာသင့်ပဲ ကြာသွားတာတွေလဲရှိတယ်ဗျ....။ ဘယ်လိုလဲ ဆိုတော့ producer က album ထုတ်ပေးမယ်ဆိုလို့ မျှော်နေတာ..။ နောက်ကျတော့မှ မထုတ်ဖြစ်ဘူးတဲ့...။ အဲ့တော့ ကိုကျော်ထွဋ် တို့ကလဲ ရပ်ကွက်ထဲမှာပဲလေ...။ သူတို့ VIP sample ဝေကြတယ်ဗျ...။ သူတို့ကို အားကျတာနဲ့ ပထမဆုံး sampleဝေလိုက်တယ်...။ Qualityကတော့ တော်တော်ဂွမ်းတယ်ဗျ...။ Underground sample album ဆိုပြီးဝေလိုက်တာပါဗျာ...။ အဲ့မှာ နည်းနည်းသိသွားကြတာပဲ...။ အဲ့ဒါက U.G မှာဖြတ်သန်းခဲ့သမျှ အကျဉ်းချုပ်ပေါ့နော်...။
MHC: ဟုတ် အကို့ ကို အကူအညီ ပေးခဲ့တဲ့ စီနီယာတွေရှိခဲ့လားဗျ..... ရှိခဲ့ရင် သူတို့နဲ့ပါတ်သတ်ပြီး အကို့ အမြင်လေးပြောပြပါဦး
ZayYe: စီနီယာ ထဲမှာ အရင်တုန်းက အသိမရှိဘူးဗျ...။ sample ဝေခါနီးမှ ကိုကျော်ထွဋ်နဲ့က လမ်းကပ်ရပ်ဆိုတော့ တစ်ပုဒ်လောက်လုပ်ကြည့်ချင်တယ်လို့ ပြောတော့ ကိုကျော်ထွဋ်ကလဲ လုပ်လေဆိုပြီး ကျိုက္ကဆံရပ်ကွက် သီချင်းလုပ်လိုက်တယ်..။ ပြီးတော့ မှ ဂျောက်ဂျက်ကြီးနဲ့ လုပ်မယ်ဆိုပြီး... ကိုကျော်ထဋ်နဲ့ ကျွန်တော်နဲ့ ဂျောက်ဂျက်ကြီး ၃ယောက်ပေါင်းပြီး တစ်ပုဒ်လုပ်ဖြစ်တယ်...။ အဲ့သည့် sample အတွက် သီချင်းစစုတယ်...။
MHC: ဟုတ် အကို့ ကို ပရိသတ်က စ သတိထားမိသွားတာ ဘယ်သီချင်းဖြစ်မယ်ထင်သလဲဗျ
ZayYe: အွန်လိုင်းချစ်သူ လို့ထင်တာပဲ...။
MHC:အဲ့သီချင်းရေးဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး
ZayYe: အဟက်....။ အဲ့မေးခွန်းအတွက် ရှော့ခ်နည်းနည်းရှိတယ်ဗျ...။ ဒါပေမယ့်ပြောပြပါမယ်ဗျ...။ ဒီလိုဗျ...။ US ကကောင်မလေးတစ်ယောက်ကို ဖွန်ကြောင်ပြီး ရေးထားတာ အပြင်မှာတော့မမြင်ဖူးဘူး...။ အွန်လိုင်းမှာပဲမြင်ဖူးတယ်..။ အဲ့သီချင်းနဲ့ကြောင်လိုက်တာပေါ့...။ အဲ့ဒါပါပဲ...။ဝမ်းသာစရာပြောရဦးမယ်...။ အဲ့ကောင်မလေးနဲ့ ငြိခဲ့တယ်ဗျ...။ :P အဲ့သီချင်းနဲ့ အွန်လိုင်းပေါ်မှာ ဖွန်ကြောင်ပါလို့ :P
MHC: အကို ဒီ ဖြတ်သန်းခဲ့တဲ့ ၆နှစ်အတွင်းမှာ သီချင်းဘယ်နှပုဒ်လုပ်ပြီးပြီလဲမသိဘူးဗျ
ZayYe: အများကြီးပဲ...။ အတိအကျတော့ မသိဘူးဗျ...။ ဒါပေမယ့် Quality မမှီတဲ့ သီချင်းတွေ ကပိုများတယ်...။(ရယ်လျက်)
MHC: ဟုတ် အကို လုပ်ခဲ့တဲ့ ကျောင်းသားဘ၀ သီချင်းလဲ တော်တော်ပေါက်တယ်နော်.... အဲ့သီချင်းလေးကရော true story ပဲလားဗျ
ZayYe: ဟုတ်ပ .....။ ဟုတ်ပ ဆိုတာ ပေါက်တာကိုပြောတာနော်...။ True story လားဆိုတာကတော့ ဖြေတော့ဘူး...။ ကိုယ့်ဟာကိုယ်မှန်းကြည့် :P အဲ့သီချင်းက sampleဖြန့်ထားတာကြာပြီ...။ ပြီးခဲ့တဲ့ ၂နှစ်၃နှစ်လောက်ထဲက အခုမှ လက်လက်ကိုထလို့ ဆိုတဲ့album မှာပါလာတာပေါ့....။
MHC: အကိုလုပ်ခဲ့သမျှ သီချင်းတွေထဲမှာ အကို အကြိုက်ဆုံး စိတ်အကျေနပ်ဆုံး သီချင်းတစ်ပုဒ် အကြောင်းပြောပြပါဦး
ZayYe: တစ်ပုဒ်တော့မပြောတော့ဘူးနော်...။ ၃ပုးလောက်ပြောချင်တယ်..။ ဘာလို့လဲဆိုတော့ လောလောဆယ်ထွက်ထားတဲ့ထဲက ၃ပုဒ်လောက်ကို ခုထိ ကြိုက်လို့။ ပထမဆုံးက ကျွန်တော် ကို လူစသိတဲ့ အွန်လိုင်းချစ်သူ အဲ့သီချင်းအကြောင်း ကပြောပြီးပြီ...။ နောက်တစ်ပုဒ်ကကျွန်တော့် သူငယ်ချင်းကြီး လွှမ်းပိုင်နဲ့လုပ်ထားတဲ့တစ်ပုဒ်ပါ...။ အရမ်းကြိုက်ပါတယ်...။ ကျွန်တော်တို့ ၂ယောက်စိတ်တိုင်းကျလုပ်ထားသလို ပရိသတ်လဲ အကြိုက်တွေ့တယ်လို့ တော့ ပြန်ကြားတာပဲ...။ နောက်တစ်ပုဒ်ကတော့ အဟောင်းထဲကတော့မဟုတ်ဘူး...။ coming soon out မယ့်album မှာပါမယ်ဗျ...။ ကျွန်တော်တစ်ယောက်ထဲဆိုထားတာပါ..။ icecream ဆိုတဲ့သီချင်းပါ...။ R & B ပါပဲ...။ Rap မပါပဲ ဆိုကြည့်ပါလားဆိုတဲ့ ပရိသတ်အတွက်ပါ...။ အဲ့သီချင်းကလဲ ထိမှာပါ...။
MHC: အကို နောက်ဆုံးပြောသွားတဲ့icecream ဆိုတဲ့သီချင်းက ဘယ်အချိန်လောက် ဖြန့်မလဲမသိဘူးဗျ
ZayYe: ဒီလကုန်မှ MTV ရိုက်မှာဆိုတော့ ဘယ်တော့လောက်ထွက်မလဲ မသိဘူးဗျ...။ ဒါပေမယ့် အမြန်ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်..။
MHC: ဒါနဲ့ အကိုတို့ ဂွက်ထော်မ သီချင်းလုပ်ဖြစ်ပုံလေးပြောပြပါဦး
ZayYe: အော် ဟားဟ Roll-one နဲ့ဟာလား...။ ပြောပြမယ်...။ အဲ့တုန်းက Roll one ပေါ့..။ ဖုန်းဆက်တယ်...။ သားကြီး တစ်ပုဒ်လောက်လုပ်မယ်တဲ့...။. ဒီကောင်နဲ့က ငယ်ငယ်ထဲကသိတာလေ...။ အဲ့မှာ ကျွန်တော်က စဉ်းစားပြီးသား ဟာသလေးချပြချင်တယ်လို့ Roll one ကို Theme ပြောပြလိုက်တယ်...။ ဒီကောင်ကလဲ ကြိုက်တယ်တဲ့...။ အဲ့ဒါကတော့ တကယ့်အဖြစ်အပျက်ဗျ...။ ကျွန်တော်လဲ ကြုံဖူးတယ်..။ Roll one ကအခုလက်တွေ့ ကြုံနေရပါပြီ..။ just kidding* အွန်လိုင်းက ဓါတ်ပုံလှလှလေးတွေနဲ့ Q ရင်အရမ်းမယုံပါနဲ့လို့ vzoချက်ကြည့်ပါလို့....။ :P
MHC: အော် အကို က နိုင်ငံခြားပြန်လေး ထဲကအဖြစ်မျိုးကြုံမှာ ဆိုးလို့ ထင်တယ်.... အဲ့သီချင်းအကြောင်းလေးလဲ လုပ်ပါဦး
ZayYe: ဟာဟ အဲံဒါကြီးကတော့ တော်တော်ခံရခက်မယ်နော်...။ ကျွန်တော် တကယ့်အဖြစ်အပျက်မဟုတ်ဘူး...။ သူငယ်ချင်းတစ်ယောက် အကြောင်းပါ...။ သိပ်ထွေထွေထူးထူး ပြောစရာမရှိပါဘူး...။ အဲ့ဖက်တီးမက အရမ်းလေကြီးတယ်...။ ကိုယ်တွေ့ ကိုယ်တွေ့.......။ :D
MHC: ဟုတ် အကို့အနေ နဲ့ ခုနောက်ပိုင်းတက်လာတဲ့ လူငယ်တွေအပေါ် အမြင်လေးပြောပြပါဦး
ZayYe: $ ရမ်း $ ရမ်းမိုက်လာတယ်..။ အဲ့လိုပြောလို့ ကျွန်တော် လူကြီး မဟုတ်သေးပါဘူး...။ ကိုယ့်ကိုယ်ကို စီနီယာလို့လဲ မသတ်မှတ်ပါဘူး...။ ဒါပေမယ့် တကယ့်ကိုတော်ကြတာပါဗျာ....။ အမြင်တွေကအစ တောတော်မိုက်လာတယ်...။ စဉ်းစားတာတွေမတူတော့ဘူး.....။ တကယ့်ဟစ်ဟော့လောကကြီး တိုးတက်လာပါပြီဗျာ...။ အားရစရာကြီးပေါ့....။
MHC: ဟုတ် နောက်ထပ် ဟစ်ဟော့လောကထဲဝင်လာချင်တဲ့ လူငယ်တွေကို အကို ဘယ်လိုများအကြံပေးချင်လဲမသိဘူးဗျ
ZayYe: ဘယ်လိုအကြံပေးချင်လဲဆိုတော့ စော်ကြည်ချင်လို့ လုပ်မယ်ဆိုဂင်တော့ အလွဲကြီးဖြစ်သွားမှာပဲ...။ Hip-Hop ဆိုရင် စော်မကြည်ဘူး...။ ဒါပေမယ့် ကိုယ်ပြောချင်တာ လုပ်ချင်တာရှိရင် လုပ်လိုက်ပါ...။ လုပ်ပြီဆိုရင် နောက်ဆုတ်ဖို့ မစဉ်းစားပါနဲ့...။ အေးရာအေးကြောင်းဆက်လျှောက်ပါ...။ ရှေ့မှာ Hip-Hop ပန်းတိုင်ကြီးရှိတယ်...။ မြင်နေရပြီ...။ မယုံရင်ကြည့် ကြည့်...။ Hip-Hop ရဲ့အောင်မြင်မှုတွေ စနေပြီ လုပ်သာလုပ်လို့......။
MHC: ဟုတ် ကျွန်တော် တို့ Myanmar Hip-Hop Channel နဲ့ပါတ်သတ်ပြီးအကို့အမြင်လေးလဲပြောပြပါဦး
ZayYe:တော်တော်ကိုအောင်မြင်နေတဲ့ 0nline website ပါပဲ...။ Hip-Hopနဲ့ပါတ်သတ်တာတွေ U.G တွေအရမ်းကို စုံပါတယ်..။ အဆိုတော်တွေကအစ ပရိသတ်တွေကအဆုံး ဒီ ဆိုဒ်ကို သတိထားမိနေကြပါပြီ...။ ကိုယ်ကျိုးမကြည့်ကြပဲ လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ အတွက် အများကြီးအောင်မြင်နေမှာပါဗျာ....။ အလွန် မိုက်ပါသည်ဗျာ....။
MHC: ဟုတ်နောက်ဆုံးအနေနဲ့ အကို့ကို အားပေးနေတဲ့ပရိသတ် Hip Hop ပရိသတ်တွေကို အကို ဘာများ အမှာစကားခြွေချင်သေးလဲမသိဘူးဗျ
ZayYe: ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေကိုပြောချင်တာ က ကျွန်တော်အဖြဲသီချင်းတွေဆိုချင်တာပါ...။ ဒါပေမယ့် အချစ်သီချင်း နဲ့ပဲ လိုက်တယ်လို့ လူပြောများလာတာကြောင့် အချစ်သီချင်းလုပ်တာ များပေမယ့် ကြုံရင်ကြုံသလို တခြား ကျွန်တော် နဲ့လိုက်မယ့် Theme တွေကို ချပြသွားမှာပါလို့ Hip-Hop နဲ့ ပါတ်သတ်ရင်တော့ h...i..p... h.o..p.... ဆိုတာ စကားလုံး၆လုံးထဲပါ...။ အဲ့ဒါကို ကျွန်တော်တို့ အကျယ်တ၀င့်လုပ်နေကြပါတယ်...။ တစ်နေ့ တစ်မျိုး မရိုးအောင်လုပ်နေပါတယ်...။ အားလုံးအသားကုန် အားပေးလိုက်ပါ...။ ရင်ဘက်ထဲအထိ ရောက်လာပါလိမ့်မယ်...။
MHC: ဟုတ်ကဲ့ အခုလို ကျွန်တော်မေးသမျှကို စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီးဖြေပေးတဲ့ ကိုဇေရဲ ကိုလဲ ကျေးဇူးအထူးတင်ပါတယ်...။ ဒီ့ထက်မက အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ.........
ZayYe:ဟုတ်ပေးတဲ့ဆုနဲ့ပြည့်ပါစေ...။ ကျွန်တော်လဲ ပြန်ဆုတောင်းပေးလိုက်ပါတယ်..။ ဒီ့ထက်ပိုပြီး U.G ကို ကိုယ်စားပြုပြီး Hip-Hop အတွက် အထောက်အကူဖြစ်မယ့် ဆိုဒ်လေးအမြဲအောင်မြင်ပါစေလို့....

Interviewed by MHM.Ghetto.Kingz
www.myanmarhiphopchannel.com
www.myanmarhiphopchannel.com
P.S ကိုဇေရဲသီချင်းများကိုဒေါင်းလုတ်လုပ်ချင်ရင်တော့
ဒီနေရာတွင် ရှာဖွေနိုင်ပါတယ်
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...