mhc: ပထမဆုံး အကို့နာမည်လေးနဲ့ အရင်ပရိသတ်ကို မိတ်ဆက်ပေးပါဦး
$treetz'-G: ဟုတ်ကဲ့ ကျွန်တော့်နာမည်က $treetz'-G ပါ
mhc: ဟုတ် အကို အဲ့သည့် နာမည်လေး ယူဖြစ်ခဲ့ပုံလေးလဲ ပြောပြပေးပါဦးဗျာ
$treetz'-G: ဟုတ်ကဲ့ ကျွန်တော် ဒီနာမည် ယူဖြစ်တာက ဒီလိုဗျ...။ ကျွန်တော်က လမ်းမပေါ်မှာ ever ရှိနေတာဆိုတော့ streetz'-G ဆိုတဲ့နာမည်ကိုပေးလိုက်တာပါဗျ....။
mhc: အကို Hip-Hop လောကထဲဝင်ဖြစ်ခဲ့ပုံးလေးလဲပြောပြပေးပါဦး
$treetz'-G: ဟုတ်ကဲ့ ကျွန်တော် hip hopလောကထဲ ၀င်ဖြစ်တာကတော့ အစထဲက ကျွန်တော်သီချင်းအရမ်း ဆိုချင်တာ ဒါပေမယ့် အိမ်က ပေးမဆိုတော့ ကျွန်တော့်မှာခိုးလုပ်ရတာပါ...။ အခုမှ ကျွန်တော်က SBA family နဲ့တွေ့ဖြစ်ပြီးတော့ မှ ဒီ hip hop လောကထဲကိုဝင်လာခဲ့တာပေါ့....။ :)
mhc: ဟုတ် အကို SBA Family ထဲ ၀င်ဖြစ်သွားတဲ့အကြောင်းလေးပြောပြပေးပါဦး
$treetz'-G: SBA Family ထဲဝင်ဖြစ်တာကတော့ အခု ကျွန်တော်တို့ အဖွဲ့ Streetz BlAck Boyz က ကို Galal` ပေါ့ သူနဲ့တွေ့ပြီးတော့ ၀င်ဖြစ်ခဲ့တာပေါ့.....။
mhc: အကိုနဲ့ SBA Family ရဲ့ အမှတ်တရ အဖြစ်အပျက်လေးလဲပြောပြပေးပါဦး
streetz.g.hiphop4ever: SBA Family ရဲ့အမှတ်တရ ကတော့ အများကြီးပါပဲဗျာ...။ show ဆိုတဲ့အခါတွေ မှာပေါ့ mic ကမလာတာတို့ ဖြစ်သွားတာမျိုးပေါ့......။ ;)
mhc: အကို Hip-Hop လောကထဲဝင်လာတဲ့သက်တမ်းဘယ်လောက်လောက်ရှိပြီလဲမသိဘူးဗျ
$treetz'-G : မကြာသေးဘူးဗျ...။ တစ်နှစ်ကျော်ရုံပဲ ရှိပါသေးတယ်...။
mhc: အော်ဟုတ်ကဲ့..... ဒါဆို Hip-Hop လောကထဲ ၀င်လာခဲ့တဲ့ လူသစ်တစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေပြောပြပေးပါဦး
$treetz'-G: ပြောပြရရင်တော့ အများကြီးပဲပေါ့....။ ကျွန်တော်ဘာမှ မသိခင်တုန်းက ဆိုရင် ဒီသီချင်းလုပ်ရတာအရမ်းခက်မယ်ထင်ခဲ့တာပေါ့...။ ဒါပေမယ့် တကယ်လုပ်ကြည့်တော့မှ ဒီအလုပ်မခက်ဘူးဆိုတာကို သိလိုက်ရပါတယ်...။ :)
mhc: ဟုတ် အခုတစ်နှစ် အတွင်းမှာ အကို သီချင်းဘယ်နှပုဒ်လောက်လုပ်ပြီးသွားပြီလဲမသိဘူးဗျ
$treetz'-G: အင်း ကျွန်တော်လုပ်ထားတာက အားလုံးဆိုရင်တော့ ၂၅ ပုဒ်ရှိပါပြီ...။
mhc: အဲ့သည့် လုပ်ခဲ့တဲ့ သီချင်း ၂၅ ပုဒ်ထဲမှာ အကို စိတ်ကြိုက်အဖြစ်ဆုံး စိတ်ကျေနပ်မှုအရှိဆုံးသီချင်းလေး အကြောင်းပြောပြပါဦး
$treetz'-G: အကြိုက်ဆုံး သီချင်းကတော့ ၅ပုဒ်ပေါ့...။ အဲ့သီချင်းတွေကတော့ 1. နောက်ဆုံးသောတစ်ခါ 2. မင်းမရှိတော့ 3.မိုက်တယ် ကောင်မလေး 4.နေရာလေးတစ်ခု နံပါတ်5 ကတော့ အခုမှ လုပ်ထားတဲ့ သီချင်းလေးပါ...။ online ပေါ်တော့ မတင်ရသေးပါဘူး.....။
mhc: အကိုပြောခဲ့တဲ့ သီချင်းတစ်ပုဒ် စီရဲ့Theme လေးတွေအကြောင်းပြောပြပေးပါဦးဗျာ
$treetz'-G:ဟုတ်ကဲ့ ကျွန်တော်အဲ့၅ပုဒ်ထဲက နောက်ဆုံးသောတစ်ခါ သီချင်းကတော့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တွေ့တာပေါ့..။ အဲ့ဒါသူရဲ့အကြောင်းလေးကို ရေးထားတာပေါ့...။ မင်းမရှိတော့ သီချင်းကတော့ သူငယ်ချင်းတွေရဲ့ ဖြစ်နေတဲ့ ဟာလေးကိုရေးခဲ့တာပါ မိုက်တယ်ကောင်မလေး သီချင်းကကျတော့ ကျွန်တော်တို့ SBA Family Represent Streetz BlAck Boyz ကအကိုကြီ ကို YoshI နဲ့ဆိုထားတာ သူကဒီလိုလေး ဆိုကောင်းမယ် ဆိုပြီး ပြောလို့ရေးဖြစ်ခဲ့တာပေါ့...။ နေရာလေးတစ်ခု သီချင်းကတော့ ကောင်းမလေးကတော်တော်ဆိုးတယ်ဗျ...။ သူက ကျွန်တော့်အတွက် နေရာမပေးချင်းထင်ပါတယ်..။ အဲ့ဒါကြောင့် အဲ့သီချင်းဖြစ်ခဲ့တာပါ..။ အခုနောက်ဆုံးသီချင်းကတော့ ငါ့ရဲ့ဘ၀မှာ နင်တစ်ယောက်ထဲပဲ ဆိုတဲ့ဟာကိုပဲ ရေးထားတာပါ...။ ရိုးရိုးလေးပါပဲဗျ.....။ :)
mhc: ဟုတ် အကိုက beat တွေရော တီးလားဗျ.....။
$treetz'-G: ဟုတ်ကဲ့ တီးပါတယ်...။ ကျွန်တော်ဆိုတဲ့ သီချင်းတွေကို ကျွန်တော်ပဲ တီးတာများပါတယ်...။ ဘာလို့လဲ ဆိုရင် ကိုယ်ဆိုတဲ့ သီချင်း ကို ကိုယ်တိုင် တီးရင် ကောင်းကောင်း edit လုပ်လို့ရတာပေါ့ဗျာ....။
mhc: ဟုတ် ပြည်တွင်းက Beat ဖန်တီးသူတွေထဲမှာ ဘယ်သူ့ကို အကြိုက်ဆုံးလဲမသိဘူးဗျ
streetz.g.hiphop4ever:ဟုတ်ကဲ့ မြန်မာက ဆိုရင်တော့ ကျွန်တော်ကြိုက်တာက ကို G-Tone ကိုချမ်းအေးဝင်း KGK ကျွန်တော်တို့ Family ထဲက ကို MyoG ရယ်ပေါ့...။ သူတို့တီးတာတွေက မိုက်တယ်လို့တော့ ကျွန်တော်ထင်တယ်...။ :)
mhc: အကိုအတွက် Hip-Hop လောကထဲမှာ စံပြုရတဲ့လူတစ်ယောက် အကြိုက်ဆုံးသူ တစ်ယောက်အကြောင်းပြောပြပေးပါဦး
$treetz'-G: ဟုတ်ကဲ့ဗျ....။ ကျွန်တော်အကြိုက်ဆုံးသူဆိုရင်တော့ ကျွန်တော်တို့family ကကို MyoG ကိုကြိုက်တာပေါ့....။ ဘာလို့လဲဆိုရင် သူက ကျွန်တော့်ရဲ့ဆရာပါ...။ ကျွန်တော်အခု သီချင်းတွေ လုပ်နိုင်တာ သူပဲကူညီခဲ့လို့ပါ...။ သူက ကျွန်တော့်အတွက်တော့ ever အကြိုက်ဆုံးသူပဲဗျ.......။
mhc: လက်ရှိ Hip-Hop လောကနဲ့ပါတ်သတ်ပြီးအကို့အမြင်လေးပြောပြပါဦး
$treetz'-G: ဟုတ်ကဲ့ ကောင်းပါတယ် အားလုံး စည်းစည်းလုံးလုံးနေကြလို့ပေါ့..........။ :)
mhc: ဟုတ် ကျွန်တော်တို့ Myanmar Hip-Hop Channel နဲ့ပါတ်သတ်ပြီး အကို့ထင်မြင်ချက်လေးပြောပြပေးပါဦး
$treetz'-G: ကျွန်တော်က တော့ ကြိုက်တယ်ဗျ...။ အခု တက်သစ်စ U Gကလူငယ်တွေရဲ့ သီချင်းတွေရော Main Stream က နာမည်ကြီး အဆိုတော်တွေရဲ့ သီချင်းတွေရော တင်ပေးတယ် download ဆွဲလို့ ရအောင်လဲmhc admin တွေက သေချာလုပ်ပေးတယ် ဒါကြောင့် downloadဆွဲတဲ့လူတွေအတွက် လဲ အေးဆေးပဲလေ...။ ဘာပဲ ပြောပြော ကောင်းပါတယ်...။ mhc 4ever လို့ပဲပြောချင်ပါတယ်....။
mhc: ဟုတ် ပရိသတ် တွေကို အကို့အနေနဲ့ဘာများပြောချင်သေးလဲမသိဘူးဗျ
$treetz'-G: ပြောချင်တာကတော့ အများကြီးပဲ ကျွန်တော်ရဲ့ သီချင်းတွေကို နားထောင်ပေးတဲ့အတွက် ကျေးဇူးပါဗျာ နောက် သီချင်းတွေကိုလဲ နားထောင်ပေးကြပါလို့ နောက်ပြီး ကျွန်တော့်သီချင်းတွေကို ဝေဖန်ချက်တ်ာဆိုရင်တော့ streetz.g.hiphop4ever@gmail.com ကို add ပြီးဝေဖန်လို့ရပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်.....။:)
mhc: အခုလိုဖြေကြားပေးလို့ Streetz'G ကို ကျေးဇူးတင်ပါတယ်.... အောင်မြင်မှုတွေရပါစေလို့ဆုတောင်းပေးပါတယ်
$treetz'-G:ဟုတ်ကဲ့ ကျွန်တော့်ကို ဆုတောင်းပေးသလို ကျွန်တော်လဲ ဆုတောင်းပေးမယ် myanmar hip hop channel (MHC) site လဲအောင်မြင်မှုတွေရပါစေလို့..........။

Interviewed By MHM.Ghetto.Kingz
www.myanmarhiphopchannel.com
www.myanmarhiphopchannel.com
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...