Loveholic-ဒိုးလုံး & ၀ီရ

ရေး ~- ဒိုးလုံး နဲ့ ၀ီရ
တီး ~ မျိုးကျော့မြိုင် ၇ဲ့ဟာကို ၀ီရက sampling လုပ်...... :P
ဆို ~ ဒိုးလုံး နဲ့ ၀ီရ
Recored @Home Studio

သီချင်းစာသားတွေရော
ပါ၏



Download With Mediafire


(ဒိုးလုံး) မခံနိုင်ဘူး~ရင်ထဲမှာ~မခံနိုင်ဘူး………………..



(၀ီရ) အိမ်မက်တွေငါထားမိခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့

သစ်စာမဲ့တဲ့နင့်၇ဲ့ကတိတွေ ပစ်လိုက်ပါမြစ်ထဲ

မီးသီးလိုကျွမ်းနေသောအသည်း အိတ်ထဲကိုထည့်ဇစ်ဆွဲ

နင့်နာမည်တောင်မမြင်ချင်တော့ပါ ငါ၏ဖုန်း CALL LIST ထဲ



အစကတော့ချစ်တယ်ပြော ပလီပလာချွဲကာ

နောက်ကျငါကရစ်တယ်ပြော ပြီးသည့်အခါမဲ့လာ

အဲ့ဒါ အချစ်တဲ့လား လိုတဲ့အချိန်ဆိုဂျီကျ

မဖြည့်ဆည်းပေးနိုင်သောအချိန်ကျန်ရစ်သူကမောင်ဝီရ



အချစ်ကို SHARE ချသတဲ့ လက်ဖျားခါအောင်ပြောင်မြောက်တယ်

ငါလုပ်တဲ့အနုပညာကနင့်အတွက်တော့အရောင်မတောက်ခဲ့

ကြိုးပြတ်တဲ့ဖိနပ်လိုပစ်ကာသွား ရေလျှံတဲ့အကောင်တစ်ယောက်နဲ့

တိမ်တွေလိုပဲမျောကာလွင့် ငါ၏ကျောမှာအတောင်မပေါက်လဲ



အချစ်ဆိုတာမှန်တစ်ချပ်လိုအလင်းပြန်သလား

ဖိနပ်အောက်က ရာဘာလိုအရင်တစ်ချိန်ကအနင်းခံသမျှ

နင့်ပါးစပ်ကထွက်လာတာက လက်ထပ်ကျဖို့ငြင်းဆန်စကား

တဘို့ ထဲနင်စဉ်းစားမှာလားချစ်သူ ဒါဆိုရင်တော့မင်းအမှန်ပါ

(ဒိုးလုံး) မခံနိုင်ဘူး ရင်မှာငါ မခံနိုင်ဘူး ရင်ထဲမှာ



(၀ီရ) ရင်ထဲမှာပူလောင်နေ၏ နင်ပေးတဲ့ရတက်မီးတစ်ခု

ငါ့ဖက်မှာ ပျော်ရွှင်မူဆိုတာကလဲတစ်ချက်မရှိဘူး

အမှတ်မရှိသူ အိမ်မက်ထဲတောင်နင့်ကိုနတ်သမီးဟု

တစစီဖြုတ်ပြီး နင်းခြေပစ်ခဲ့ ငါ၏ အသည်းကိုဖျက်စီးသူ



ကန်ဘောင်ကခုံတန်းမှာ ငါတစ်ကောင်ထဲအဖော်တွေမဲ့

နင်ကတော့ဘယ် ပါတီ မှာဘယ်အကောင်နဲ့ပျော်နေမလဲ

ပျက်စီးသောငါ၏ အသည်းကို ALCOHOL နဲ့ဖျော်နေလဲ

ငါမြင်သောအရာရာတိုင်းမှာနင့်မျက်နှာသာပေါ်နေတယ်



နင့်အိမ်ရှေ့ကဓါတ်တိုင်တစ်ခုလိုအထီးကျန်လာလို့

အပေါ်ဆုံးမှသည်အောက်သို့ထိုးကျ ကလေးတွေကစားတဲ့ မီးပန်ကာလို

ငါ့စိတ်ဓါတ်တွေပြိုယိုင်လဲ ရင်ဘတ်ထဲလဲမီးမိုးတွေရွာ

သိမ်ငယ်မူနဲ့ နာကျဉ်မူများငါ၏အတွေးကိုကြီးစိုးနေကြ



သာမက နာရီနဲ့အချိန်တွေအားလုံးရပ်ဆိုင်းသွား

အတိုင်းအဆမရှိအမှောင်ကမ်ဘာသည်တဖြည်းဖြည်းနက်ရှိုင်းလာ

မျှော်လင့်ချက်များကင်းမဲ့နေပါးစပ်ကအသက်ရှူချက်တိုင်းမှာ

ငါ၏လက်ထဲမှာလဲ နင့်၇ဲ့လက်ထပ်ဖိတ်စာဖြတ်ပိုင်းတစ



အဝေးပြေးလမ်းမထက်ကငါသည်မှတ်တိုင်တစ်ခုလိုပဲ

ဘယ်သူမှလဲငါ့၇ဲ့အနားမှာကြာကြာမရပ်နိုင်ဘူးဆိုလဲ

သံယောဇဉ်ကမပြတ်နိုင်သူငါ ကြေကွဲချင်းကိုလက်ကိုင်ပြုကာ

ထာဝရအချစ်ဆိုတာကလဲ ငါနဲ့မသက်ဆိုင်ဘူးလား



(ဒိုးလုံး)မခံနိုင်ဘူး ရင်မှာငါ မခံနိုင်ဘူး ရင်ထဲမှာ



(၀ီရ) အဝေးပြေးလမ်းမထက်ကငါသည်မှတ်တိုင်တစ်ခုလိုပဲ

ဘယ်သူမှလဲငါ့၇ဲ့အနားမှာကြာကြာမရပ်နိုင်ဘူးဆိုလဲ

သံယောဇဉ်ကမပြတ်နိုင်သူငါ ကြေကွဲချင်းကိုလက်ကိုင်ပြုကာ

ထာဝရအချစ်ဆိုတာကလဲ ငါနဲ့မသက်ဆိုင်ဘူးလား



အဝေးပြေးလမ်းမထက်ကငါသည်မှတ်တိုင်တစ်ခုလိုပဲ

ဘယ်သူမှလဲငါ့၇ဲ့အနားမှာကြာကြာမရပ်နိုင်ဘူးဆိုလဲ

သံယောဇဉ်ကမပြတ်နိုင်သူငါ ကြေကွဲချင်းကိုလက်ကိုင်ပြုကာ

ထာဝရအချစ်ဆိုတာကလဲ ငါနဲ့မသက်ဆိုင်ဘူးလား



(ဒိုးလုံး)မခံနိုင်ဘူး ရင်မှာငါ မခံနိုင်ဘူး ရင်ထဲမှာ

Comments