Myanmar Hip Hop Channel ၏ ပထမဆုံး Interview အစီအစဉ်ကို SBA Family မှ Dabo ဖြင့် စတင်လိုက်ပါသည်....။ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ UG Rapper များ၏ ခံစားချက်များနှင့် သူတို့၏ စိတ်ကြိုက်သီချင်းများအားမျှဝေပေးစေနိုင်ရန် ရည်ရွယ်ပါသည်........။
Interview အစီအစဉ်ကိုစိတ်ဝင်စားသော မည်သည့် EMCEE မဆို MHC.MHM.GHETTO.KINGZ@GMAIL.COM သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်.........။
mhc : ညီ့ နာမည် လေး တစ်ချက်လောက်ပြောပြပါဦးdabo : Dabo ပါခင်ဗျာ
mhc: ဘယ်ကနေ ဘယ်လိုစ၀င်ဖြစ်တာလဲဆိုတာလေးလဲပြောပြပေးပါဦး
mhc: ညီ တို့လို့ လူငယ်တွေ ဒီ Hip-Hop Underground ထဲ စ၀င်တော့ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေ ပြောပြပါဦး
dabo : အင်း ..... အများကြီးပေါ့ဗျာ...။ ဖောတာမဟုတ်ဘူး အကိုရ....။ တော်တော်များတယ်...။ အရင်ဆုံး ဘယ်ကနေ စပြီးလုပ်ရမှန်းတောင်မသိဘူး...။ ပြီးရင် သီချင်းဘယ်လိုရေးရမလဲပေါ့ဗျာ...။ သီချင်းရေးတတ်တော့လဲ နောက်တစ်ခုက Beat ကိစ္စ...။ အဲ့Beat ကိစ္စကပြဿနာ ဖြစ်ရော...။ ပြီးရင် Studio တွေဘာတွေလဲ ဘာမှမသိသေးတော့ ဘာမှလဲလုပ်လို့ မရဘူးဗျ...။ အဓိကကတော့ ကျွန်တော် တို့ SBA Family ကအကိုတွေရဲ့ ကျေးဇူးတွေ အများကြီးပါ ပါတယ်...။ Family ကအကိုတွေလုပ်ပေးလို့ ခုလောက်လုပ်တတ်လာတာပါ...။ Show တေဘာတွေလည်း ဘယ်အချိတ်အဆက်မှမရှိတော့ မဆိုရဘူး..။ နောက်ပိုင်းမှ ဒီလိုပဲ လိုက်လုပ်ရင်းနဲ့ သိလာတာပါပဲ......။ တကယ်တမ်းပြောမယ်ဆိုရင် အများကြီးပါပဲဗျာ...။
dabo:ဟုတ် ၁၀ယောက်ပါခင်ဗျ...။ လူတွေက ခုထက်ပြီးလဲ တိုးလာဖို့ရှိပါတယ်...။ သေချာ စီစစ်နေလို့ပါ...။
mhc: ဟုတ်ကဲ့ ညီ့ အနေနဲ့ ခုလက်ရှိ Hip-Hip UG လောက အပေါ်ဘယ်လိုမြင်လဲမသိဘူးဗျ စည်းလုံးတယ် မစည်းလုံးဘူး အားရတယ် အားမရဘူး စသဖြင့်ပေါ့.........။
dabo:ဟိုဘယ်လိုပြောမလဲဗျ တော်တော်များများကတော့ မစည်းလုံးကြဘူးလို့ထင်တာပဲဗျ....။ ဒါက သီချင်းတွေကိုကြည့်ပြီးပြောတာပါ...။ ကောင်းလဲ ကောင်းတယ်...။ မကောင်းလဲမကောင်းဘူးပေါ့...။ အကုန်လုံးကတော့ ကိုယ့်ဟာနဲ့ကိုယ် စည်းလုံးကြမယ်ထင်တာပါပဲ...။ ဒါပေမယ့် Beef တွေ တော့ တော်တော်များတယ်လို့ထင်လို့ပါ....။ သီချင်းတွေကတော့ ကျွန်တော်တို့ ထက် ကောင်းတဲ့လူတွေလဲ UG မှာ အများကြီးပဲရှိပါတယ်...။ ကျွန်တော်တို့လဲ သီချင်းတစ်ခုကို မကောင်းကောင်းအောင် လုပ်နေတာပါပဲ။ အကုန်လုံးကတော့ ကောင်းအောင်လုပ်နေကြတာလို့ပဲမမြင်ပါတယ်...။ ကောင်းပါတယ်ခင်ဗျာ...။ ခုထက်ပိုပြီး စည်းလုံးရင်တော့ပိုကောင်းတာပေါ့ဗျာ...။ မြန်မာ Hip-Hop လောကဖို့ ပို အလားအလာကောင်းတာပေါ့... ဟုတ်တယ် ဟုတ်.....။
mhc: ကျွန်တော်တို့ Myanmar Hip-Hop Channel အပေါ် ညီ့ရဲ့ အမြင်လေးတွေလဲ ပြောပြပေးပါဦး
mhc: ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ ညီတို့ကို ပေါ်တင်ရော နောက်ကွယ်ကရော သိသိသာသာရော မသိမသာရော အားပေးနေတဲ့ ပရိသတ် တွေကို ဘာများပြောချင်သေးလဲ မသိဘူးဗျ
dabo: ဟုတ်.... ပေါ်တင်ရော နောက်ကွယ်ကရော အားပေးတဲ့ လူတွေကို ကျွန်တော်မှမဟုတ်ပါဘူး...။ ကျွန်တော်တို့ Family ကိုလဲ အားပေးကြပါလို့.....။ ကျွန်တော်လဲ ကောင်းအောင် တင်ဆက်သွားမှာပါလို့ ....။ ကျွန်တော်လဲ နာမည်ကြီးတဲ့ လူမဟုတ်လို့ အမှားတွေရှိရင်လဲ ဝေဖန်ပေးကြပါလို့ အားလုံးသော Hip-Hop ပရိသတ်တွေကိုလဲ Dabo(SBA) က အထူး Thanks ပါလို့..........
mhc: ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ညီ့ကို အကို တို့ Myanmar Hip-Hop Channel အဖွဲ့ ကအထူးပဲကျေးဇူးတင်ပါတယ်.... နောက်ကို ညီလဲ အောင်မြင်ပြီးတော့ Main Stream ပေါ်တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.........။
dabo : ဟုတ် ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်...။
Interview အစီအစဉ်ကိုစိတ်ဝင်စားသော မည်သည့် EMCEE မဆို MHC.MHM.GHETTO.KINGZ@GMAIL.COM သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်.........။
mhc : ညီ့ နာမည် လေး တစ်ချက်လောက်ပြောပြပါဦး
mhc: ဟုတ် ညီ Hip-Hop လောက ထဲဝင်လာတာ ဘယ်လောက်လောက်ကြာပြီလဲမသိဘူးဗျ
dabo :ဟုတ် ၂ နှစ်ပေါ့....
mhc: ဘယ်ကနေ ဘယ်လိုစ၀င်ဖြစ်တာလဲဆိုတာလေးလဲပြောပြပေးပါဦး
dabo : ကျွန်တော် အရင်ကတော့ အဲ့လောက်မလုပ်သေးဘူးဗျ.... နောက် ၈တန်းလောက်ရောက်မှ သူငယ်ချင်းတွေ စုပြီး Sample လုပ်မယ်ဆိုပြီး လူစုရင်းနဲ့ အဲ့မှာ SBA Family က ကိုမျိုးကြီးနဲ့ တွေ့ဖြစ်တယ်ပေါ့ဗျာ...။ အဲ့သည်က စပြီးတော့ SBA Family ထဲကိုရောက်တယ်...။ နောက် ခုထက်ထိ ဆက်ပြီး music တွေလုပ်နေတာ ဆိုပါတော့......
mhc: ၈တန်းထဲက စလုပ်ခဲ့တာဆိုတော့ ညီက ခု အသက်ဘယ်လောက်ရှိပြီလဲမသိဘူးဗျ
dabo : 17 ခင်ဗျmhc: ၈တန်းထဲက စလုပ်ခဲ့တာဆိုတော့ ညီက ခု အသက်ဘယ်လောက်ရှိပြီလဲမသိဘူးဗျ
mhc: ညီ တို့လို့ လူငယ်တွေ ဒီ Hip-Hop Underground ထဲ စ၀င်တော့ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေ ပြောပြပါဦး
mhc: ဟုတ်ကဲ့ SBA Family မှာက Member ဘယ်နှယောက်ပါလဲမသိဘူးဗျ
mhc: ဟုတ်ကဲ့ လူတွေအရမ်းများရင် အချင်းချင်း မညီညွတ်တဲ့ပြဿနာတွေ ဘာတွေရောမကြုံရဘူးလားဗျ.... နောက်ပြီး Family နဲ့ပါတ်သတ်ပြီး အမှတ်တရဖြစ်ရပ်လေး တစ်ခုလောက်ပြောပြပေးပါဦး
dabo: ဟုတ် ဖြစ်တာကတော့ မပြောကောင်းပြောကောင်းပေါ့ဗျာ...။ လင်နဲ့မယား လျှာနဲ့သွား ဆိုသလိုပေါ့ဗျာ...။ အဲ့လိုပဲ တစ်ခါတစ်လေတော့လဲ ဖြစ်တာလေးတွေရှိတာပေါ့ဗျာ...။ အမှတ်တရဆိုရင်တော့ ကျွန်တော်တို့ အများကြီးပဲဗျ..။ အဲ့ထဲက တစ်ခုဆိုရင် ကျွန်တော်တို့ 369 မှာ Show ဆိုတုန်းကပေါ့... အဲ့မှာ ကျွန်တော်က Show ဆင်းခါနီး SBA လို့အော်တာ mic က ဘယ်လိုဖြစ်သွားလဲမသိပါဘူး SBA မလာပဲ SPA ဖြစ်သွားလို့ အကုန် ရီရမလို ငိုရမလို ဖြစ်ခဲ့တာပေါ့...။ အဲ့ဒါလေးပါ....။mhc: ဟုတ်ကဲ့ အခု ဆိုရင် ညီလုပ်ခဲ့တာ သီချင်းဘယ်နှပုဒ်လောက်ရှိပြီလဲ မသိဘူးဗျ.... နောက်ပြီး လုပ်ခဲ့သမျှ ထဲ က အမှတ်တရအဖြစ်ဆုံး ဒါမှမဟုတ် အကြိုက်ဆုံးသီချင်းလေးအကြောင်း ပြောပြပေးပါဦး
dabo: ဟုတ် ကျွန်တော် လုပ်ထားတာ အရမ်းကြီးမများသေးပါဘူး...။ Site မှာ တင်ထားတာရော မတင်ထားတာရော ဆိုရင် ၁၈ပုဒ်လောက်ရှိပြီထင်တယ်..။ အဲ့ထဲကမှ ကျွန်တော်အကြိုက်ဆုံးသီချင်းဆိုရင်တော့ U Wanna Beatz Down ဆိုတာလေးကို တော်တော်လေးကြိုက်တယ်ဗျ...။ ဘာလို့လဲဆိုတော့ အဲ့သီချင်းလေးက Family ကလူတွေလဲပါတယ်...။ ပြီးတော့ အဲ့သီချင်းလုပ်တုန်းက CHO ပဲရှိသေးတယ်... ကျွန်တော် တော်တော်လေး သဘောကျနေပြီဗျ...။ လုပ်တော့လဲသီချင်းက ကောင်းသွားတယ်လေ....။ သူများတွေတော့ဘယ်လိုလဲမသိဘူး... ကျွန်တော်တော့ တော်တော်လေးကြိုက်တယ်ဗျ...။ Site မှာလဲ တင်ပေးထားပါတယ်....။dabo:ဟိုဘယ်လိုပြောမလဲဗျ တော်တော်များများကတော့ မစည်းလုံးကြဘူးလို့ထင်တာပဲဗျ....။ ဒါက သီချင်းတွေကိုကြည့်ပြီးပြောတာပါ...။ ကောင်းလဲ ကောင်းတယ်...။ မကောင်းလဲမကောင်းဘူးပေါ့...။ အကုန်လုံးကတော့ ကိုယ့်ဟာနဲ့ကိုယ် စည်းလုံးကြမယ်ထင်တာပါပဲ...။ ဒါပေမယ့် Beef တွေ တော့ တော်တော်များတယ်လို့ထင်လို့ပါ....။ သီချင်းတွေကတော့ ကျွန်တော်တို့ ထက် ကောင်းတဲ့လူတွေလဲ UG မှာ အများကြီးပဲရှိပါတယ်...။ ကျွန်တော်တို့လဲ သီချင်းတစ်ခုကို မကောင်းကောင်းအောင် လုပ်နေတာပါပဲ။ အကုန်လုံးကတော့ ကောင်းအောင်လုပ်နေကြတာလို့ပဲမမြင်ပါတယ်...။ ကောင်းပါတယ်ခင်ဗျာ...။ ခုထက်ပိုပြီး စည်းလုံးရင်တော့ပိုကောင်းတာပေါ့ဗျာ...။ မြန်မာ Hip-Hop လောကဖို့ ပို အလားအလာကောင်းတာပေါ့... ဟုတ်တယ် ဟုတ်.....။
mhc: ကျွန်တော်တို့ Myanmar Hip-Hop Channel အပေါ် ညီ့ရဲ့ အမြင်လေးတွေလဲ ပြောပြပေးပါဦး
dabo: တော်တော်လေးကိုကောင်းတယ်ဗျ...။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လို နာမည်မကြီးသေးတဲ့ လူတွေအတွက် ဒါလေးပဲ အားထားနေရတာပဲမဟုတ်လား...။ ပြီးတော့ သီချင်းတွေအကုန်လုံးလဲ ဒီ Site ထဲမှာ ကြည့်လို့ရတယ်...။ ယူလို့ရတယ်... ။ တော်တော်လေးကိုကောင်းပါတယ်..။ Admin တွေလဲ တော်တော်လေး ကောင်းကြပါတယ်..။ ကျွန်တော်ကတော့ myanmar hiphop chennal 4ever လို့ပဲပြောချင်ပါတယ်...။
mhc: ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ညီ့ကို အကို တို့ Myanmar Hip-Hop Channel အဖွဲ့ ကအထူးပဲကျေးဇူးတင်ပါတယ်.... နောက်ကို ညီလဲ အောင်မြင်ပြီးတော့ Main Stream ပေါ်တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်.........။
dabo : ဟုတ် ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်...။
Dabo ၏ U Wanna Beatz Down သီချင်းကို ဒီနေရာမှာ Download လုပ်နိုင်ပါသည်......။
Interviewed by MHM Ghetto Kingz
www.myanmarhiphopchannel.com
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...