နင်မေ့လို့ ရပြီလား (ကြက်ဖ+Ah Boy)

မေ့လို့မရလို့ပါ...
အရင်တချိန်က နေ့တို့ညတို့က ဒီအချိန်မှာ
ဝေးလို့ သွားဖို့လား အကြိမ်ကြိမ် တွေ့လို့ရဖို့ ငါဟာ ကြိုးစား
ငါဘယ်လိုမှ မေ့လို့ မရလို့ပါ
မေ့လို့ သွားဖို့လား အရင်တချိန်က နေ့တို့ညတို့က
နင်ပြန် ခွင့်လွှတ်ပေးဖို့ ငါဟာ ကြိုးစား
နင်ကိုယ်တိုင်မေ့လို့ ရလို့လား

နင်မေ့လို့ ရပြီလား အသုံးမကျတဲ့ ငါ့ကို လုံးဝ အထင်သေးလို့ သွားပြီလား
ငါ့အကြောင်းစုံစမ်းရင်း နင်မေးလို့ ကြားမိတာ ငါတို့ကို မနာလိုတဲ့
အပြင်သွေးထိုးစကားကြီးပါ ဒါပေမယ့် မတတ်နိုင်ဘူး နင်အထင်တွေ လွဲနေတဲ့စိတ်
ဆိုးနေတဲ့စိတ် ဒါတွေကို ပြင်ပေးဖို့ ငါ့စီမှာ ဆင်ခြေကို ရှာမရလို့ နင်မတွေ့တော့ မှားပြီကွာ
ငါဘယ်လို ဖြေသိမ့်မလဲ နင်တရေးနိုး အနားမရှိတာ ငါတို့ နှစ်ယောက် ပျော်ခဲ့ကြတဲ့
အရင်နေ့တို့က ဒီမှာ အဖတ်ဆယ် မရတော့လို့ စိတ်ကူးယဉ် အိမ်မက်နဲ့ လက်တွေ့က တခြားဆီ
နင်တွေးလို့ တခြားဆီကွာ မျှော်လင့်ချက် ပန်းတိုင်းကို မရောက်ခင် တို့နှစ်ယောက်လည်း အရင်ဝေးလို့ သွားပြီကွာ



နင်မေ့လို့ ရပြီလား ငါမေးတိုင်း မျက်ရည်တွေဝဲ ခေါင်းညိတ်ပြီး နင်လိမ်ပါ
ငါ့မှာတော့ ကိုယ့်အမှားကိုယ် ပြင်ချိန်မရ ဖြစ်နိုင်ရင် ပြန်လိုချင်တယ်
နင်နဲ့အတူ ပျော်ခဲ့ဘူးတဲ့ အရင်တချိန်ဘ၀ အရင်တချိန်က

အရင်တချိန်က နေ့တို့ညတို့က ဒီအချိန်မှာ
ဝေးလို့ သွားဖို့လား အကြိမ်ကြိမ် တွေ့လို့ရဖို့ ငါဟာ ကြိုးစား
ငါဘယ်လိုမှ မေ့လို့ မရလို့ပါ
မေ့လို့ သွားဖို့လား အရင်တချိန်က နေ့တို့ညတို့က
နင်ပြန် ခွင့်လွှတ်ပေးဖို့ ငါဟာ ကြိုးစား
နင်ကိုယ်တိုင်မေ့လို့ ရလို့လား

ထောက်ပြလေ ငါနင့်ကို ဂရုမစိုက်ခဲ့တာ ဘယ်နှစ်ခါ ရှိလဲ ထောက်ပြလေ
နင်ခိုင်းရင် ငါမလုပ်ပေးတာ ဘယ်နှစ်ခါ ရှိလဲ တစ်လလုံး လက်အညောင်းခံ
စက္ကူကြယ် ခေါက်သမျှတွေ ပေးခဲ့ဖူးတယ် နင်ကြိုက်တယ် ဆိုလို့ပါ
ထားလိုက်ပါ ဒါတွေက ပေါက်ကရတွေလို့သာ မပျော်နိုင်ဘူး
ငါ့ရဲ့ အမှားတစ်ခုကို နင်ထောက်ပြနေလို့ပါ ပြန်တောင်းပန်ပါတယ်ကွာ
အဲ့ဒီအချိန်က ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်တဲ့ အသိစိတ်က နောက်ကျနေလို့ပါ
ငါကိုယ်ငါ ထိန်းချုပ်နိုင်တဲ့ အင်အား ပျောက်ရှနေလို့ပါ ပြန်တောင်းပန်ပါတယ်ကွာ
နင်ပြန်ပြီးခွင့်လွှတ်ပေးပါ နင်နဲ့ငါ လက်တွဲပြီးတော့ ညဘက်တွေ လမ်းတွေ တခါမှ မလျှောက်ရသေးလို့ပါ
ငါ့သိက္ခာ ငါ့မာန အားလုံးရင်းပြီး တောင်းပန်နေတာ မလောက်ငှသေးလို့လား
နင်နဲ့အတူ ဖုန်းပြောခဲ့တဲ့ ဆောင်းညတွေ ငါ့အတွက် မမေ့နိုင်ပါဘူး
နောင်တနဲ့ ငါပြန်ပြီး တောင့်တနေ အရင်ကလို ငါဒုက္ခ ရောက်သမျှတွေ
ဖြောင့်ဖြပေး ဘယ်လောက်ပဲ အောက်ကျပစေ ငါမျှော်နေဆဲ ဘယ်လောက်ပဲ
စောင့်ရပါစေ ငါမျှော်နေမယ် ငါပြန်ပြီး တောင့်တနေ နင်ဖျော်ပေးတဲ့ ကော်ဖီ တခွက်
နောက်တခေါက်လောက် သောက်ပါရစေ

အရင်တချိန်က နေ့တို့ညတို့က ဒီအချိန်မှာ
ဝေးလို့ သွားဖို့လား အကြိမ်ကြိမ် တွေ့လို့ရဖို့ ငါဟာ ကြိုးစား
ငါဘယ်လိုမှ မေ့လို့ မရလို့ပါ
မေ့လို့ သွားဖို့လား အရင်တချိန်က နေ့တို့ညတို့က
နင်ပြန် ခွင့်လွှတ်ပေးဖို့ ငါဟာ ကြိုးစား
နင်ကိုယ်တိုင်မေ့လို့ ရလို့လား
နင်မေ့လို့ ရပြီလား ငါမေးတိုင်း မျက်ရည်တွေဝဲ ခေါင်းညိတ်ပြီး နင်လိမ်ပါ
ငါ့မှာတော့ ကိုယ့်အမှားကိုယ် ပြင်ချိန်မရ ဖြစ်နိုင်ရင် ပြန်လိုချင်တယ်
နင်နဲ့အတူ ပျော်ခဲ့ဘူးတဲ့ အရင်တချိန်ဘ၀ အရင်တချိန်က
အရင်တချိန်က နေ့တို့ညတို့က ဒီအချိန်မှာ
ဝေးလို့ သွားဖို့လား အကြိမ်ကြိမ် တွေ့လို့ရဖို့ ငါဟာ ကြိုးစား
ငါဘယ်လိုမှ မေ့လို့ မရလို့ပါ
မေ့လို့ သွားဖို့လား အရင်တချိန်က နေ့တို့ညတို့က
နင်ပြန် ခွင့်လွှတ်ပေးဖို့ ငါဟာ ကြိုးစား
နင်ကိုယ်တိုင်မေ့လို့ ရလို့လား........

Download With Mediafire

Comments