နေ့ရက်တို့ ပြောင်းလဲခြင်းမနက်မှာ
မင်းပေးတဲ့အနမ်းတွေကို ငါဟာတမ်းတ
လိုအပ်တိုင်းချစ်သူက အနားနားမှာရှိနေလို့
အနားနားရှိနေလို့
မင်းအနမ်းတွေပျက်ကွက်ခဲ့တာ များပြီ အခု
မင်းအကြည့်တွေ လေးလေးနက်နက်မရှိတော့ဘူး...
ဟန်ဆောင်ကာပြုံးပြနေလည်း...
မေးချင်တယ် ...ငါဟာ...ရင်မှာရှိသေးရဲ့လား???
သေချာစဉ်းစားပြီးဖြေငါဟာမင်းရဲ့ချစ်သူလား??

အချိုးတွေကိုပြင်ဦး အမုန်းများမဖြစ်ချင်လို့
နှလုံးသားက ခံနိုင်ရည်အားနည်းနေလို့
မင်းကြောင့် အခုထိကိုငါ့ရင်ထဲ
မင်းကြောင့် မပျော်နိုင် အိပ်ပျက်ခဲ့ညတွေထဲ
မေ့ပစ်ဖို့ခက်တဲ့ အပြစ်တွေနဲ့
ငါလေရူးသွပ်ခဲ့ပြီပဲ အမြဲတမ်း...
Yo.. မနက်အိပ်ရာနိုးနိုးချင်း ပေးနေကျ မင်းလေးရဲ့အနမ်းတွေ
ဘယ်ရောက်လို့သွားပြီလဲ?? မေးချင်တယ် မင်းရဲ့အကျင့်တွေကပျက်နေ
ဘယ်လိုအကြောင်းနဲ့ ပြောင်းလဲတွေးတိုင်း ငါ့ရဲ့ခေါင်းထဲ မွန်းကျပ်နေခဲ့
နေ့ရက်တွေထဲ ဒီအဖြစ်တွေ ဘယ်တော့ဟောင်းမလဲ??
ညဘက်တွေအိပ်လို့မရတော့ဘူး ငါ့စိတ်တို့မချတော့ဘူး
မင်းအနားမှာ မရှိတဲ့ရက်ဆိ ငါရင်ခုန်သံတွေရပ်လို့ မနေနိုင်ခဲ့
ငါသေနိုင်တယ် အလိုချင်ဆုံးတစ်ခုက မင်းလေးရဲ့အယုအယတွေပါပဲ..

Download This Song Here
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...