အချစ်သီချင်း(စန္ဒီမြင့်လွင် Feat.. ၀ိုင်းစုခိုင်သိန်း)

အခုတော့ မုန်းသွားပြီလား??
နင့်စကားပုံ ဆုံးသွားပြီလား??
ငါ့စကားကြုံတုန်းကြားကြည့်ပါ
ဒီရင်ထဲရှိခဲ့ အုံ့ပုန်းစကားသည်များ ဒီမှာ
မမျှော်လင့်ပဲငါ့ဆီလာပြီးတော့လည်း ခါးသီးစွာ
ကော်ဖီလိုအရသာခံပြီးတော့မှ တားကာပြန်
ဖြစ်နိုင်ရင် အစကပြန်ပြီးတော့ချစ်ချင်တယ်
အားလုံးဝိုင်းပြီးအပြစ်တင်လည်း

အခုငါမင်းကိုလွမ်းတယ် တကယ်မညာဘူး
ရင်ထဲကအရမ်းပဲ အမှန်တိုင်းပဲ ပြောနေကျ ငါ့ပါးစပ်က
မင်းရဲ့အသံလှိုင်းထဲမှာမျောနေခဲ့တာရပ်ပါ
ငါယုံခဲ့တယ်..အလိမ်အညာတွေ..မင်းနှုတ်ခမ်းကပြောတိုင်း..
မထင်မှတ်တဲ့အချိန်ကျမှ ကျောခိုင်းနှလုံးသားက
တောင်းဆိုလျက်ပေါ့..မရှိလည်း..
မင်းရယ် ကိုယ်ရယ် ဘလက်ခ်ကော်ဖီရယ်..



မိုးလင်းတိုင်းမှာ ငါအမြဲတမ်းသောက်ခဲ့ရတဲ့
နေ့နဲ့ညအချိန်တွေကိုယ့်အနားလာပြီး ပေးဆပ်ခဲ့တာပဲ..
ဒါဆိုရင်လည်းငါမှားခဲ့တာ များခဲ့တယ်..

ဒီအကြောင်းမရှိဘဲ မေ့ခိုင်းတာကိုလည်း နားမလည်ခဲ့
နင့်ကိုတွေ့တိုင်း ငါငိုမြဲ
ငါ့အချစ်ကဟောင်းခဲ့လည်း..မပြောင်းလဲဘဲ..
ရင်ထဲမှာ အခုမှအသစ်စနှစ်..
အချိန်တွေကြာခဲ့ပြီပဲနော် နင့်ပါးစပ်ကပြောခဲ့တယ်..
ချစ်သမျှ လိမ်နေတာလည်းသိ ငါထပ်မခေါ်မိ..
မင်းဝေးသွားတော့ လျှောက်မြဲလမ်းတွေထဲ ဘလက်ကော်ဖီ
သီချင်းလေးနားထောင် တယောက်တည်းလွမ်းနေမယ် လွမ်းနေမယ်..

စိတ်အမှောင်ချကန်းနေခဲ့တာကြာပြီ
အတိတ်မှောင်ကမ္ဘာမှာပိတ်လှောင်ကာလွမ်းနေဆဲ..ငါ
ငါမသိတာကြောင့်ဖြေ ခြေလှမ်းတစ်လှမ်းခြင်းစမ်းလို့ မလှမ်းရဲပါ
ဒီလိုအလွမ်းနဲ့သာ တိတ်တဆိတ်အတိတ်ရဲ့ အခန်းထျွဲာမျှော်ပြီး
မှန်းလို့နမ်းခဲ့တာတော်ပြီ ထပ်လို့မလွမ်းရဲပါတော့ ဒီကော်ဖီတခွက်ကို..

မိုးလင်းတိုင်းမှာ ငါအမြဲတမ်းသောက်ခဲ့ရတဲ့
နေ့နဲ့ညအချိန်တွေကိုယ့်အနားလာပြီး ပေးဆပ်ခဲ့တာပဲ..
ဒါဆိုရင်လည်းငါမှားခဲ့တာ များခဲ့တယ်..


Download This Song Here

Comments