သူမကကော်ဖီ…ကျွန်တော်ကဂျယ်လီ-Lyrics

Verse :စေ့စပ်လက်စွပ်ငါ့လက်မှာဆင်မြန်းထား…. ငါသည်ယုံကြည် သစ္စာရှိမယ့်သူပါ.. မင်းနဲ့ငါ့ရဲ့ ဘ၀တွေက.. မဆုံနိုင်နေ့နဲ့ ညတို့ဝေးကွာ… လက်ထပ်ဖို့အထိမဖြစ်နိုင်  ငါဟာယုံကြည်မိပါတယ်… baby baby baby… ပေါင်းစပ်မရတဲ့ငါတို့ရဲ့ဘ၀တွေ
Cho    :ကောင်မလေးကဂျယ်လီဆို…  ကာလာအရောင်သွေးစုံတဲ့လည့်ကွက်များလို.. အရွဲ့တိုက်တတ်တဲ့ အကျင့်တွေများနဲ့လား…  ကောင်ကလေးက ကော်ဖီဆို.. ဘယ်လိုမှပေါင်းစပ်မရနိုင်ခဲ့ပါ.. ပေးဆပ်ခြင်းနဲ့ချစ်တဲ့မင်းကို.. ငါ့ရဲအသက်ပါပေးလိုက်ပါမယ်ကွာ……..
………………………………………..

Rap 1 : မင်းရဲ့စကားပဲနားထောင်ခဲ့တယ် ငါ့ကိုပစ်သွားလဲ.. စိတ်မလျော့ခဲ့ဘူး အသံထက်မြန်တဲ့ စိတ်ကိုထွင်ထားတယ်… မင်းဒီလိုလုပ်ခဲ့မယ်လို့ တစ်ရက်ရက်မှာထင်သားပဲ.. ကဗျာဆန်တဲ့ ကော်ဖ်ီလိုအချစ်များနဲ့.. သူမကဂျယ်လီဆိုတော့ နာကျင်ခဲ့.. မင်းဘယ်လိုချစ်ခဲ့မိလဲ ရင်နာတယ်…

ဒါပေမယ့်ငါ့ဘ၀ရဲ့ အချစ်ဆုံးစာရင်ထဲနင်ပါတယ်… ငါတဆိုတဲ့သီချင်း ဘယ်နေရာပေါက်ပေါက်မပေါက်ပေါက် နင့်ရင်ထဲပဲရောက်ပါစေ.. My Angel လိုနောက်တစ်ခါမရေး.. တစ်သက်စာမင်းအတွက်ငါ့ကာရံ တစ်ပုဒ်ထဲနဲ့ပဲလောက်ပါစေ… နင့်ရဲ့ဘေးနားကလူတွေကအချစ်ကိုပြန်လို့တန်ဖိုးထားတဲ့ပွဲစားသာသာ.. ဒါကိုနင်ကမှန်လို့ပြန်လို့တန်ဖိုးထားပြီး ခွဲခြားတာလား.. မြတ်နိုးရတဲ့နင့်ကိုဘ၀နဲ့ယှဉ်ပြီး လဲထားတာပါ.. ပိုင်ဆိုင်ဖူးခဲ့တဲ့အချစ်တွေကတော့ သူ့အချစ်တွေ ထားပါတာ့…အတုအစစ်တွေများလာတော့… မခံနိုင်တော့တာမူးယစ်ဆေး… နင်မရှိပဲနဲ့ကုန်ဆုံးသွားခဲ့တဲ့ ခုနှစ်တွေ… ဒါပါပဲ ရာသီဥတုသုံးပါး ပြောင်းသွားလဲမဟောင်းသွားတဲ့ မင်းရဲ့မေတ္တာအကောင်းစား… ပြန်လိုချင်တယ်နောက်တစ်ခါ.. ပြန်လိုချင်တယ် နောက်တစ်ခါ………………
(CHO )
Rap 2 : နှုတ်ခမ်းပါးထက်ကပြောမထွက်ခဲ့ဘူး ငါတို့နှစ်ယောက်ရဲ့လမ်းခွဲစကား… ကွဲကွာခြင်းလမ်းကိုချိုးကွေ့နေလဲ အခုထိအလွမ်းပဲများ.. လွမ်းခဲ့ရ အရင်အချိန်ကအတိတ်ကာလပြန်လွမ်းနေသလား.. မဖြစ်နိုင်တော့ပါဘူး ငိုရှိုက်နေမယ်ငါအခန်းထဲမှာ…
နင်ကြိုက်တာကကော်ဖီ ငါကြိုက်တာကဂျယ်လီ… ချစ်ရင်းလဲအမြဲတမ်းမတည့် ပြဿနာရှာတည်ဆောက်ခဲ့သည်… ကွဲပြီ ငါပဲ သော်လည်းအမှတ်မရှိပဲချစ်ခြင်ပါသေးသည်… ဖြစ်နိုင်ရင်အမှတ်မရှိပဲ အနမ်းတွေငါပေးမည်… ငါ့ဘ၀ရဲ့အမ်မတ်ထဲ အမြတ်နိုးဆုံးကတော့ နင်ပါပဲ… ဒို့နှစ်ဦးရဲ့ဆန့်ကျင်ဘက် မျက်ရည်ဘာဖြစ်လို့မြင်တာလဲ… ငါကိုယ်တိုင်မသိထားရတဲ့ကိစ္စတစ်ခုကြောင့် အထင်ပါလွဲချန်ခဲ့သူက မသိလောက်ပေမယ့် ကျန်ခဲ့သူငါကရင်ပါကွဲ.. မိုးရွာတဲ့အချိန်တွေတိုင်း ထီးတစ်ချောင်းအောက် ငါတို့လျောက်ကာသွား… လမ်းမခွဲဘူးထင်ခဲ့ပေမယ့် အမှတ်တရအဖြစ်နဲ့အခုဒဏ်ရာရ… ဘ၀ရဲ့ဒိုင်ယာရီစာအုပ်မီးကိုရှို့ အပြီးကိုမေ့… I keep in trust with you..you would never be replace……
(CHO)
Pre : အစွဲအလမ်းကြီးတဲ့ငါ့ရဲ့စိတ်တွေ ငါ့ကိုပြန်ပေးပါ… ပြန်လည်ချစ်ချင်ပါတယ်ဘယ်တော့မှမဝေးကွာ… အရွဲ့တိုက်တတ်တဲ့ မင်းရဲ့အကျင့်တွေ… ကလေးလိုဆိုးလို့ ခွင့်လွှတ်ပေးပါတယ်… နောက်ထပ်ချစ်ဖို့မင်းဆီမှာ စိတ်၇ှိသေးလား… တော်ပါတော့ မိန်းကလေးရယ်… အမျိုးမျိုးနိုင်တဲ့မင်းရဲစိတ်ကို… ခွင့်လွှတ်ပေးပါတယ်……….
(CHO)

Download This Song Here

Copy From MC Yan Yan Facebook Fan Page

Comments