သီရိဆွေ (အင်တာဗျူး)

မသီရိဆွေ မင်္ဂလာပါ။
မင်္ဂလာပါရှင်။

ကျွန်တော်ကတော့ MYMC online radio က သုညပါ။ အမကိုချစ်တဲ့ ပရိသတ်တွေအတွက် အမအကြောင်းလေး နည်းနည်းသိချင်လို့ အင်တာဗျုးလေး စလိုက်ရအောင်နော်။
ဟုတ်ကဲ့။

ပထမဆုံးအနေနဲ့ အမရဲ့နာမည်အရင်းနဲ့ မွေးနေ့ကိုပြောပြပေးပါလား။
နာမည်အရင်းကလဲ သီရိဆွေပါပဲ။ မွေးနေ့ကတော့  ၂၀ ရက် ၇ လ ၁၉၈၄ ပါ။

အမကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ခေါ်တဲ့နာမည်ပဲဖြစ်ဖြစ်၊ အိမ်ခေါ်နာမည်ပဲဖြစ်ဖြစ် ရှိရင်လဲ ပြောပြပေးပါဦး။
သူငယ်ချင်းတွေကတော့ မျိုးစုံခေါ်ပါတယ်။ သီရိလို့ ခေါ်တဲ့သူကတော့ အများဆုံးပေါ့နော်။ ဒါပေမယ့်လို့ ကိုယ့်နာမည်ကို ဖျက်ပြီးတော့မှခေါ်နေကြ  အဲဒီ့ ကိုစိုင်းစိုင်းတို့အုပ်စု ဆိုရင်တော့ ဘာမှန်းမသိတဲ့ ဆွီ ဆိုတဲ့ နာမည်တစ်ခွန်းကို ခေါ်ပါတယ်။

အနုပညာလောကထဲကို အမဘယ်အချိန်လောက်ကစပြီး ၀င်ရောက်လာလဲဆိုတာနဲ့ ဘယ်လိုဝင်ရောက်လာတယ်ဆိုတာကို ပြောပြပေးပါဦး။
အဲ.. ပြီးခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်ကပေါ့။ မောင်တို့ချယ်ရီမြေ ဆိုတဲ့အခွေ။ အဲဒီအခွေကနေ စပြီးဝင်လာတာပါ။

အမ လေးစားအတုယူရတဲ့ ပြည်တွင်းပြည်ပ အနုပညာရှင်ရှိရင်လဲ ဘယ်သူတွေလဲဆိုတာနဲ့ ဘာကြောင့် အတုယူရတာလဲ ဆိုတာကိုလဲ ပြောပြပါဦး။
အင်း.. ပြည်တွင်းပြည်ပ အနုပညာရှင် ဆိုရင်တော့ ပြည်ပက အနုပညာရှင်တွေကတော့ တစ်ယောက်ချင်းစီ သူတို့ရဲ့ quality ပေါ့နော်။ သူတို့မျိုးစုံ သူတို့ personality ကြိုက်တာလဲရှိတယ်။ သူတို့ရဲ့ဟို art form  ကြိုက်တာလဲရှိပါတယ်။ အဲဒီထဲမှာမှ အကြိုက်ဆုံး အနှစ်သက်ဆုံး  vocalist အနေနဲ့ အနှစ်သက်ဆုံး သူတွေကတော့ Christina Aguilera နဲ့ Alicia Keys တို့ပါ။ သူတို့နှစ်ယောက်ကိုတော့ စွဲစွဲလန်းလန်းကြီးကို နှစ်သက်ရပါတယ်။
2အမမှာ အနုပညာမျိုးရိုးရော ရှိသလား။ ဒါမှမဟုတ် ဂီတ လောကထဲကို အမကိုယ်တိုင် ၀ါသနာပါလို့ ၀င်လာတာလား။ဝါသနာ အရင်းခံပြီး ၀င်လာတာပါ။ ဟို.. ဘယ်လို ပြောရမလဲ။ အနုပညာ မျိုးရိုးဆိုရင်တော့ သီရိအဖေက အရင်တုံးက Playboy Band မှာ ဂစ်တာ တီးပါတယ်။ ဦးကျော်မင်းပါ။ သီရိ မောင် အငယ်ကတော့ အခု လောလောဆယ်တော့ သူတို့ Idot  ဆိုတဲ့ Band လေးဖွဲ့ပြီးတော့မှ သူတို့တီးနေပါတယ်။  သူက guitarist ပါပဲ။

အမရဲ့ တစ်ကိုယ်တော်အခွေလဲ ဘယ်တော့လောက် ထွက်မလဲ ဆိုတာ သိပါရစေ။
အင်း.. တစ်ကိုယ်တော် အခွေက အားလုံးနီးပါး ပြီးသွားပြီဆိုတဲ့ သဘောပေါ့နော်။ အဲဒီတော့ အခု ဒီ mixing ပြီးတဲ့အချိန် January မှာထွက်မှာပေါ့နော်။
3အမဂီတလောကထဲကို စစ၀င်ဝင်ချင်း ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိရင်လဲ ပြောပြ ပေးပါဦး။အခက်အခဲရယ်လို့ ဆိုတာကတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီဂီတလောကမှ မဟုတ်ပါဘူး။ ဘယ် အလုပ်ပဲဖြစ်ဖြစ် အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာ ကြုံရမှာပါပဲ။ ထူးထူးခြားခြား ပြောရမယ့် အခက်အခဲလေးတွေတော့ မရှိပါဘူး။ ဒီလိုပဲ ဖြတ်သန်းခဲ့ရတာပါပဲ။အမအနေနဲ့ အနုပညာအပြင် တခြားလုပ်ငန်းတွေရော လုပ်ဖို့အစီအစဉ်ရှိသေးလား။
အင်း......ရှိပါတယ်။

အမ အ၀တ်အစား ၀တ်တဲ့နေရာမှာ ဒီဇိုင်းခပ်ဆန်းဆန်းလေးတွေနဲ့ ကိုယ်နဲ့လိုက်အောင် ၀တ်တတ်တယ်နော်။ အဲဒါ အမကိုယ်တိုင်ရွေးချယ်ပြီး ၀တ်တာလား။ ဒါမှမဟုတ် Designer သက်သက်ရှိလား။
Designer တွေနဲ့လဲ တိုင်ပင်ပြီးတော့မှ စီစဉ်ဖြစ်ပါတယ်။ ကိုကိုယ်တိုင်လဲ ခေါင်းထဲမှာ ကိုယ်ပေါ်ရင် ပေါ်လာသလိုမျိုး စဉ်းစားပြီးလုပ်ဖြစ်ပါတယ်။
အခုဆို နိုင်ငံကျော် အနုပညာသမားတစ်ယောက် ဖြစ်လာတဲ့အခါကျတော့ သာမန် အရပ်သူဘ၀ကို ပြန်တမ်းတမိသေးလား။ ဆုံးရှုံး သွားတာတွေရှိတယ်ဆိုရင် ဘယ်အရာကို ပြန်လိုချင်လဲ အမ။
အစကတည်းက ဟို ဖြစ်ချင်တယ်၊ လုပ်ချင်တယ်ဆိုတဲ့ အရွယ်ငယ်ငယ်လေးမှာ လုပ်ခဲ့တာ မဟုတ်ဘဲနဲ့ ဘွဲ့ရပြီးတဲ့ အချိန်လောက်မှ လုပ်ခဲ့တာဆိုတော့ ဒီဖြစ်မယ့် pros and cons ပေါ့နော်။ ဖြစ်လာလောက်မယ့် ကောင်းတာဆိုးတာတွေကို နဂိုကတည်းက ကြိုတွေးထားပါတယ်။ အဲ အနည်းနဲ့ အများတော့လဲ နည်းနည်းကျဉ်းကျပ်သွားမယ် ဆိုတာကလဲ အစကတည်းက ကြိပြီးမျှော်လင့်ပြီးသားပါ။ အဲဒါကြောင့် ဟိုအရမ်းထွေထွေထူးထူး ခံစားရတာမျိုးလဲ မရှိပါဘူး။

အမအခု လက်ရှိရောက်နေတဲ့ အောင်မြင်မှုအတိုင်းအတာကိုရော ကျေနပ်မှုရှိရဲ့လား။
အင်း.......... အောင်မြင်မှုအတိုင်းအတာ ဆိုတာထက်ကို ကိုယ်ဘာဆက်လုပ်ရမလဲ ဆိုတဲ့ဟာနဲ့ ကိုယ်လုပ်တဲ့အလုပ်တွေပေါ် မကျေမနပ် ဖြစ်နေတာလေးတွေ အားမရတာလေးတွေပဲရှိပါတယ်။ အခုဆိုရင် တစ်ကိုယ်တော်အခွေကို ပြီးအောင်လုပ်ချင်တယ်။ တစ်ကိုယ်တော် အခွေပြီးလာတဲ့အခါကျရင်လဲ နောက်တစ်ခွေအတွက် ဆက်တည်ထားတာလေးတွေရှိတော့ နောက်တစ်ခွေအတွက်လဲ ပိုကောင်းအောင် ကိုယ်နောက်ထပ်ပုံစံလေး မတူအောင် ကိုယ်ဘယ်လိုလုပ်ရင်ကောင်းမလဲ အဲလိုမျိုးစဉ်းစားနေတာမျိုးလောက်ပဲ ရှိပါတယ်။
4အမက အနုပညာသမားတစ်ယောက် အနေနဲ့ဆိုတော့ ကောလဟာလ တွေကြုံရမှာပဲလေ။ အမ အနေနဲ့ ဘယ်လိုခံယူပြီးတော့ ဖြေရှင်းလဲမသိဘူး။
ကိုယ်ချင်းစာတဲ့စိတ် နည်းပါးတဲ့သူတွေ အတွက်ကတော့ ဒီလိုမျိုးမြင်လိုက်၊ ကြားလိုက်၊ သိလိုက် ရတာတစ်ခုကို မှန်လား မမှန်လား ကျိုးကြောင်း ဆင်ခြင်ခြင်းမရှိဘဲနဲ့ ရေးကြတယ် ပေါ့နော်။ ဒါမှမဟုတ်လဲ အွန်လိုင်းမှာတင်တယ်။ အဲဒါမျိုးတွေ ဖြစ်တဲ့အခါကျရင်တော့ မှန်နေရင်တောင်မှ နားဝင်ခံခက်တဲ့ ကိစ္စလေးတွေရှိပါတယ်။ မဟုတ်ဘဲနဲ့ အရေးခံရတယ်။ မဟုတ်ဘဲနဲ့ အပြောခံရတယ်ဆိုရင်တော့ ဘယ်လောက်ခံစားရမလဲဆိုတာ သူ့အတိုင်းအတာ အမျိုးမျိုး ကွာခြားသွားမယ်ထင်ပါတယ်။
အမရှေ့ဆက်ပြီးတော့ ဘာတွေဆက်လုပ်ဖို့ ရှိတယ်ဆိုတာလဲ ပြောပြပေးပါဦး။
အင်း ..ရှေ့ဆက်ပြီးတော့ အခုလောလောဆယ်တော့ အနီးကပ်ပေါ့။ goal ကတော့ အခု လောလောဆယ် အဲဒီ တစ်ကိုယ်တော်အခွေလေး ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ အဲဒီ အခွေလေး ထွက်လာရင်တော့ ပရိသတ်တွေကို အချိန်ပေးပြီး နားဆင်ပေးစေချင်ပါတယ်။
အမက အနုပညာလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ပညာရေးဘက်မှာရော ဘာလုပ်နေသေးလဲ။
ပညာရေးဘက်မှာတော့ အခု ဟို Master လုပ်နေပါတယ်။ ပြီးသလောက်ပါပဲ။

အခုအချိန်မှာ အမသာ အနုပညာရှင် တစ်ယောက်ဖြစ်မနေဘူးဆိုရင် အမ ဘာလုပ်နေမယ်လို့ထင်လဲ။
အလုပ်အနေနဲ့ဆိုရင်တော့ ဘ၀ဆိုတာ ဘာမှပြောနိုင်တဲ့ အနေအထားမရှိတဲ့အတွက် ဟိုခန့်မှန်းယုံလောက်ပဲပေါ့နော်။ ဟိုဒါပေမယ့် ကိုယ့်ကိုကိုယ်ဘာဖြစ်မယ်ဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး။ ဒီပညာရေးဘက်နဲ့ နှီးနွယ်တဲ့ကိစ္စမျိုးတွေပဲ လုပ်ဖြစ်နေမယ်ထင်ပါတယ်။ ဒီသီချင်းဆိုတဲ့အလုပ်ကတော့ အဆိုတော်ဖြစ်လာခြင်း ဖြစ်မလာခြင်းပဲ ကွာခြားသွားမှာပါ။ အိမ်မှာပဲ ဟိုး ငယ်ငယ်ကလေးတည်းက သိတတ်တဲ့အရွယ်ကတည်းက ဆိုနေတဲ့အတိုင်းပဲ ဆိုဖြစ်သွားမှာပါ။

အမသီချင်းတွေကိုလဲ ကိုယ်တိုင်ရေးတယ်နော်။ ဘယ်လိုခံစားချက်မျိုးနဲ့ ရေးလေ့ရှိလဲမသိဘူး။
ကိုယ်တိုင်ခံစားချက် ကိုယ်ပိုင်ခံစားချက်လဲ ဖြစ်ချင်မှဖြစ်မှာပေါ့နော်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ နောက် သီရိ များသောအားဖြင့် သီချင်းရေးတယ်ဆိုရင် စာအုပ်လေးတွေ အဲလို  ရုပ်ရှင်တွေ ကြည့်ပြီးတဲ့အချိန်မှာ ဖြစ်လာတဲ့  Inspiration အဲဒီ Mood လေးတွေကို မူတည်ပြီး ရေးဖြစ်တာများပါတယ်။ အဲဒီအချိန်တွေဆိုရင်တော့ စကားလုံးလေးတွေလည်း ထွက်တတ်ပါတယ်။
5အမအနေနဲ့ ရုပ်ရှင်တွေ ကြော်ငြာတွေရိုက်ဖို့ရော အစီအစဉ်ရှိသေးလား။
အမ်း... နည်းပါတယ်။ ဟိုကြော်ငြာလောက်ကတော့ သိပ်ခက်ခက်ခဲခဲ မဟုတ်တာဆိုရင်တော့ အကူအညီတောင်းတာလေးတွေ ဆိုရင်တော့ ကြိုးစားပမ်းစား လုပ်ပေးသွားပါတယ်။  လုပ်သွားဖို့လဲ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကတော့ ဟိုမဖြစ်နိုင်လောက်ပါဘူး။

အမဆီမှာ ဟိုရည်ရွယ်ထားတဲ့ ချစ်သူရောရှိပြီလား။ ဘယ်လိုလူမျိုးကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်မယ်လို့ စိတ်ကူးထားလဲ။
အဲ... ကိုယ်ချင်းစာစိတ်ရှိတဲ့ လူမျိုးပေါ့နော်။ ပြီးတော့ ကိုယ့်ကိုလာလုပ်ရင် ကိုယ်ကမကြိုက်ဘူး။ အဲဒါကြောင့် ငါလည်း သူများကို ဒါမျိုးမလုပ်ဘူးပေါ့။ အဲလို ကိုယ်ချင်းစာစိတ် ရှိတဲ့လူ၊ ဆင်ခြင်တုံတရား ရှိတဲ့လူ။ နောက်ပြီးတော့ အဓိကကတော့ စိတ်သဘောထား မျှမျှတတရှိတဲ့ လူမျိုးပေါ့နော်။ အဲဒါမျိုးကိုပဲ လက်တွဲသွားဖို့ အစီအစဉ်ရှိပါတယ်။

ပြည်တွင်းပြည်ပက ပရိသတ်တွေအတွက် အမကို ဆက်သွယ်လို့ရမယ့်  အီးမေးလ် ၊ facebook တို့ ၀က်ဘ်ဆိုဒ်တို့ရှိရင်လဲ ပြောပြပေးပါဦး။
အီးမေးလ်က thireetthiri@gmail.com။ အဲဒီကနေ သီရိကို ဆက်သွယ်လို့ရပါတယ်။ facebook ရှိပါတယ်။ facebook မှာကကျတော့ ဟို ..အဲဒီ  .. fanclub သဘောမျိုး လုပ်ထားလေးရှိပါတယ်။ အဲဒီမှာ ပရိသတ်တွေ အကုန်လုံး သီရိကို အဲဒီမှာ သီရိ လတ်တလော အကြောင်းအရာလေးတွေကို တတ်နိုင်သမျှ recently  updated ဖြစ်အောင် လုပ်ပေးနေပါတယ်။

Myanmar Youth Media Club လိုမျိုး Online Radio တွေ Online Media တွေကို အမအနေနဲ့ ဘယ်လိုမြင်လဲမသိဘူး။
နောက်ထပ် media form တစ်မျိုးပေါ့နော်။ ပရိသတ်တွေကို ရင်းရင်းနှီးနှီး ရှိသွားစေတဲ့ နေရာလေးလို့ မြင်ပါတယ်။

နောက်ဆုံးအနေနဲ့ အမကိုချစ်တဲ့ ပရိသတ်ကို စကားလက်ဆောင်လေး ပြောပေးပါဦး။
အားလုံးခု 2011 ပေါ့။ အဲဒီနှစ်သစ်မှာ အလုပ်အကိုင်တွေအားလုံး ပြီးမြောက်အောင်မြင်တဲ့ အလုပ်အကိုင်တွေ အားလုံးဖြစ်ပါစေလို့။ ပြီးတော့ ကျန်းကျန်းမာမာနဲ့ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်လို့။ သီရိရဲ့ အခွေလေးထွက်လာတဲ့ အခါကျရင်လဲ နားထောင်ပေးပါဦးလို့။

အခုလိုမျိုး အနုပညာလုပ်ငန်းတွေနဲ့ မအားလပ်တဲ့ကြားကနေ အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် MYMC မိသားစု တစ်ခုလုံး ကိုယ်စား အမကို အရမ်းပဲကျေးဇူးတင်ပါတယ်။
သီရိကလဲ အခုလိုဖြေရတဲ့အတွက် ၀မ်းသာပါတယ်။


 
အမရဲ့ ပထမဆုံး ရှိုး အတွေ့အကြုံလေးကိုလဲ ပြောပြပေးပါဦး။
အဲ ပထမဆုံး ကလဲ အင်း.. ပထမဆုံး ရှိုးကလဲ အဲဒီ မောင်တို့ချယ်ရီမြေ ရိုက်တဲ့ မေမြို့မှာပါပဲ။ အဲဒီတုံးက အဲ.. သီရိအနေနဲ့ကြတော့လဲ စင်ပေါ်မှာ ဟို  ဆုယူ ဆုပေးပွဲလောက်ကလွဲလို့ စင်ပေါ်တစ်ခါမှလဲ မတက်ဖူးဘူးပေါ့။  အဲဒါနဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ နယ်မှာစဆိုတယ်။ ပရိသတ်တွေနဲ့ ပထမဆုံးထိတွေ့ရတယ်။ တစ်ယောက်တည်းလဲ ဆိုရတယ်ဆိုတော့  ဖြစ်ချင်တိုင်းကိုဖြစ်ခဲ့တာပေါ့နော်။

Comments