မထားခဲ့ပါနဲ့ (Don't Leave Me) Lyrics

 {ဒီ *မထားခဲ့ပါနဲ့*ဆိုတဲ့ သီချင်းလေး က တဂယ့်အဖြစ်အပျက်လေး ပါ ..မယုံမှာ စိုးလို့  ကောင်မလေး ပုံပါ တင်ပေးလိုက်ပါတယ် :D   ကျွန်တော့် သီချင်းတွေနဲ့ ပတ်သတ်ပီး ဝေဖန် ချင်တယ်ဆိုရင် spykunglay@gmail.com ကို အပ်ပီး ဝေဖန်နိုင်ပါတယ် ... ကျွန်တော့်သီချင်းသစ်ဖြစ်တဲ့ GTU Story ဆိုတဲ့သီချင်းလေး ကိုလည်း မကြာမီ တင်ပေးပါ့မယ်ခင်ဗျာ .. အဲ့ဒီသီချင်းလေးက လည်း ကျွန်တော်ကိုယ်တိုင် နာကျင်ခံစားခဲ့ရတဲ့ တဖတ်သတ်အချစ်အကြောင်းေ၇းထားတာပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ  :)}
Lyrics - B soulja , Linn Latt ,Sai Htoo,Min thuya
Music - Sai Htoo
Studio - Strings 2 





 Cho:(Sai Htoo)>> ငါတယောက်တည်း  အတွေးကမ္ဘာ ထဲ ဆွေးနေလည်း အဝေးမှာ မင်းရှိတဲ့ အရပ်သို့ပြန်မြင်ယောင်ကာ တွေးမြင်ဆဲ တောင့်တတဲ့ နေ့ရက်တို့အမြန်ကုန်ဆုံးချင် မင်းရဲ့အချစ်နဲ့ငါ့ရဲ့အချစ်တို့ တချိန်ချိန်မှာ မပျက်သုဉ်းခင် ဝေးသွားရမဲ့ အဖြစ်အပျက်ကို ငါ့ဖက်က အရင်မုန်းချင်လည်း ဘယ်တော့မှ မပြောင်းလဲတဲ့ ငါ့အချစ်က မင်းကိုပဲ

Rap 1 (Linn Latt)>>> လက်ချင်းချိတ်လို့ ပျော်ခဲ့ဖူးတယ် ရန်ကုန်မြို့ အနှံ့ ပတ်လို့ တစ်ယောက်ကို တစ်ယောက်လည်း သစ္စာမဖောက်ဖူး ငါ့စိတ်ထဲက ဆုံးဖြတ်လို့ မင်းနဲ့တွေ့မှ ငါ့ဘ၀တစ်ခုလုံး တဖြည်းဖြည်းနဲ့ပြောင်းလဲခဲ့တာ တူတူသွားတဲ့နေရာအချို့လည်း ပြန်အမှတ်ရ လိုချင်ခဲ့တာ အခုချိန်ထိလည်းမယုံနိုင်ခဲ့ ပါ မင်းနဲ့ငါနဲ့အဖြစ်အပျက်များလည်း သံသယများတဲ့ မင်းအတွက်ငါက နောက်ဆုံးထားခဲ့အလကားပဲ ဒါဆိုဘာလို့ချစ်ခဲ့သေးလဲ မေးခဲ့တုန်းက အခြေအနေနဲ့ တရက်မှ မမေ့ပါ ပြန်လာမယ်ဆို ငါ့ရင်ထဲကကြိုနေမယ် ဒါတွေအားလုံးအပိုတွေပဲ  ပြောသွားခဲ့တာ မိုးရေထဲ  ဘယ်ဘ၀ထဲကအညှိုးတွေလဲ ငါ့အတွက်ကတော့ အဆိုးတွေနဲ့ အရမ်းချစ်တယ်လို့ပြောခဲ့တုန်းက 


သေအောင်ပျော်ခဲ့လည်း ထားခဲ့တုန်းက ရက်စက်လိုက်တာ အရမ်းကိုအော်ခဲ့တယ် တစ်ဘ၀လုံးစာချစ်ခဲ့တော့လည်း မေ့ပစ်လို့မရခဲ့ ဘာလုပ်လုပ် မချုပ်ချယ်ခဲ့တာ သိပ်ချစ်လို့ပါပဲ ငါ့ဖက်ကအမှားတွေရှိလဲ နင့်ကို ငါပြန်တောင်းပန်တယ် နင်မရှိတော့တဲ့ ငါ့ရင်ခွင်မှာ ရစရာမရှိအောင် ဗြောင်းဆန်ခဲ့

Cho(Sai Htoo)>>>>>>>>>

Rap 2 (B soulja)>>>မနီးစက်ခဲ့ပါ ကံကြမ္မာရဲ့လှည့်ကွက်တွေထဲမှာ ဟိုအရင်လိုပြန်ဖြစ်နိုင်ဖို့ ခက်ခဲစေတဲ့အခါ အဝေးကနင့်ကို ဘယ်အချိန်လွမ်းရဦးမှာလဲ စွဲလမ်းမိတဲ့ နင့်အပြုံးကိုတမ်းတတုန်းပါပဲ  ငါ့ရင်ထဲက နင့်နေရာကို  ဘယ်သူမှမပေးပါကွာ နင့်အတွက်အရာရာ ပေးဆပ်တာတောင် မထူးခြားသေးဖူးလား နင်က သာ နံပါတ် ၁ ဦးစားပေးပါကွာ ဝေးနေပေမဲ့ချစ်နေဆဲပါ ရင်ထဲနင်တစ်ယောက်ပဲ အနေဝေးလို့ သွေးအေးသွားမှာ ငါတဂယ်ကိုကြောက်တယ် ဟိုအရင်က နင်ပေးခဲ့တဲ့ အနမ်းများစွာလည်းအရမ်းကို ငါသတိရလို့မျက်ရည်ကျပါတယ် ချစ်ရဲ့သားနဲ့ နင်ဘာလို့ အဝေးထွက် သွားတာလဲ    အခုတော့ ငါ့စိတ်ကူးနဲ့လေက်တွေ့ပြောင်းပြန်ပဲကွာ ငါ မှားတာ ၇ှိခဲ့၇င်လည်းတောင်းပန်တယ် ဟာ  ...နင့်ရင်ထဲ ငါမရှိမှာကိုကြောက်လန့်ခဲ့တာ စာနာတယ်ဆို ငါ့ရင်ခွင်ကို အရောက်ပြန်ခဲ့ပါ  (အရောက်ပြန်ခဲ့ပါ) 

Cho(Sai Htoo) >>>>>>>>


Rap 3 (Min thuya)>>>  ရင်ထဲမှာ လွမ်းနေဆဲ နင်မချစ်တော့ပေမဲ့  ငါ့ရင်ထဲ နင်တစ်ယောက်တည်း ချစ်ခဲ့တာ နင် လည်း အသိပဲ ငါ့ဖက်လည်းစာနာလှည့်  ခံစားချက်တွေနဲ့ပဲ  နင်မရှိလည်း ငါ့ရဲ့အချစ်က အရင်တိုင်းပါ မပြောင်းလဲ  တစ်ရေးနိုးတောင် နင့်အကြောင်းပဲ စာဖွဲ့လို့မမှီလောက်ခဲ့  နင်ကတော့ မစာနာပဲ ဟိုးအဝေးဆုံးကို ထွက်ခွါခဲ့  လွမ်းလို့ဆွေးနေပေမဲ့ နင့်အချစ်ကိုမရနိုင်တဲ့ ဒီလူကိုထားခဲ့ပီးတော့ ပြေးထွက်လို့သွားခဲ့  လျှောက်ချင်တဲ့ အဆုံးမရှိတဲ့ ငါတို့အချစ်လမ်းခရီးလည်း မရေရာတဲ့  နင့်စိတ်ကူးနဲ့  ခုတော့ အရာရာပျက်စီးပီပဲ  ငါ့ရင်မှာ နာကျင်နေလည်း ခွင့်လွှတ်ဆဲ ငါ့ရဲ့ရင်ထဲ  နင်တယောက်တည်းပဲအမြဲ စွဲလမ်းပီးတော့ ချစ်နေတုန်းပဲ  ခုတော့ ဘာထူးလဲ ရည်မှန်းချက်တွေပျက်စီးပီပဲ   နင် ကလဲရက်စက်မှုပဲ ပေးခဲ့တာပဲချစ်သူရယ်  ပျော်ရွှင်မှုတွေရှာခဲ့ကြတာ ခုတော့ လည်းဝေးလို့ ဖြစ်နိုင်ရင်ပြန်လာပါလား ငါ သိပ်ချစ်သော ကောင်မလေး သို့...

Cho ; (Sai Htoo)>>>>>>>>>>>

Comments