Looking To Me(Shane Aung & PT)

Title: Looking To Me
Artist: Shane Aung & PT
Composed by: PT
Represented By: D-day Entertainment

Lyric:

Shane Aung:
မင်းတယောက်သာပဲ လိုချင်တာပေါ့
မင်းအကြောင်းတွေးရင် ငိုချင်လာရော
အဝေးထွက်လို့မသွားနဲ့ချစ်လေး အမြဲတမ်းအတူရှိချင်တယ်
ဆုံနိုင်မလားနောက်ဘ၀အထိ မင်းနဲ့ငါကံတရား
အချိန်များ ပြန်လည်အစားထိုးလို့ ရချင်လဲ
ဟိုးတုန်းကနေ့ရက်တိုင်းကို ငါလွမ်းတယ်
တချိန်ချိန်မှာ မင်းနဲ့ငါ ဆုံနိုင်ဦးမလားဟေ့
i always miss u boo

အားလုံးကိုလဲ နင်အပိုင်ယူထား
မင်းအနားထာဝရ နေချင်သူပါ
ပေးဆပ်လို့ထားတယ်အချစ်လေး မင်းနဲ့အတူရှိချင်တယ်
အိပ်မက်များ အဆုံးသတ်အထိ အလွမ်းသင့်နေသူငါ
တဒင်္ဂ ငါ့ရဲ့ အတွေးများကမရပ်နိုင်ခဲ့
မင်းအကြောင်းပဲ အိပ်မက်ထဲမှာ ဆက်တွေးမယ်
တချိန်ချိန်မှာ မင်းနဲ့ငါ ဆုံနိုင်ဦးမလားဟေ့
i never leave u boo

PT :
အလွမ်းတွေများစွာနဲ့ နေ့စဉ်ရက်ဆက်တမ်းတနေ
သတိရနေ ပြန်ဆုံဖို့သာ အဓိကလေ
၂ယောက်သားဝေးတဲ့ကမ္ဘာမြေ
တယောက်နဲ့တယောက်က သတိတွေရ
အချိန်တိုင်းပဲအမြဲပေါ့ မင်းရဲ့ စတေကာဓာတ်ပုံကို
ကြည့်နေတာ(အထိတွေနာ)
ဘယ်တော့မှခွဲမသွားဘူးလို့ပဲ
ဟိုအရင်ကတိုင်တည်ခဲ့ဖူးတဲ့ ဂတိတွေကြား
နောက်ဘ၀အထိပါ မင်းငါ့ကိုစောင့်ကာကြည့်ပါ
မင်းတောင့်တမိတဲ့အချိန်တိုင်းပေါ့ငါအအမြဲတမ်းနောက်မှာရှိမှာ
မင်းအတွက်သာ ပေးဆပ်ဘူးပါတယ်အချစ်
ဘာကြောင့်များ စိတ်ဒဏ်ရာတွေစူးကာလေနစ်
သူ့ကမ္ဘာလေးအဖြစ်ပဲနေခဲ့ချင်တဲ့စိတ်တွေတသက်လုံးစာပေါ့
ဒါကငါ့ဘ၀အတွက်အမက်ဆုံးပါအချစ်



Download With Hulkshare

Comments